___________________________________________
// All the messed up fights
And slamming doors
Magnifying all our flawsAnd I wonder why, wonder what for
It's like we keep coming back for more //
___________________________________________Unicode
" အဲ့တစ်ယောက်က ငါ့ရဲ့သူငယ်ချင်း ! ! ! "
" သူငယ်ချင်း ? ! ဘယ်သူငယ်ချင်းကများ လမ်းမပေါ်မှာ ဖက်ပြီးနမ်းကြတာရှိလဲ ? ! ဟမ် ! "
အိမ်သို့ ပြန်ရောက်ရောက်ချင်း အနောက်မှ
လာဆွဲကိုင်သည့် လက်တစ်စုံအား ဆောင့်ရုန်းပြီး မျက်နှာချင်းဆိုင်အနေအထား လှည့်လိုက်သည် ။" မင်း ထင်ရာတွေ စွပ်စွဲမနေနဲ့ ငါတို့မနမ်းဘူး ! "
" ထင်ရာတွေမဟုတ်ဘူး !
မြင်ခဲ့တာကို ပြောနေတာ ! ! ! "" အမြဲဒီလိုပဲ ~ "
တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်လိုက်သည့်
ရှောင်ကျန့် ဘာပြောလိုက်မှန်းကို သူ သေချာမကြားလိုက်တာမို့ ပြန်မေးမလို့လုပ်စဥ်.....။" မင်း ဘယ်တုန်းကများ
ငါ့ကို ယုံကြည်ခဲ့ဖူးလို့လဲ ? !ဟုတ်တယ် မင်းမြင်တာကပဲ အမှန် !
မင်းထင်နေတာကပဲ အမှန် ! စွပ်စွဲလိုက်စမ်းပါ
ငါကပဲ ဖောက်ပြန်နေတဲ့ကောင်ပါလို့ ! ! ! "" ရှောင်ကျန့် ! ! ! ခင်ဗျား ~ "
အနားကပ်သွားလိုက်သည်နှင့် ခေါင်းငုံ့အော်နေရာမှမျက်လုံးစိမ်းကြီးတွေဖြင့် မော့ကြည့်လာသည့် ရှောင်ကျန့်ကြောင့် မချင့်မရဲဖြစ်သွားသည့်စိတ် ၊ ဒေါသထွက်မိသည့်စိတ် ၊ ၀မ်းနည်းစို့နင့်နေသည့် ခံစားချက်အထိပါ ရောပြွန်းသွားလျက် ။
" အထင်လွဲနေတာဆိုရင် ရှင်းပြမှပေါ့ !
ကျွန်တော့်အထင်လွဲနေတာပါလို့ ကျွန်တော့်အမြင်တွေ မှားနေတာပါလို့ ! ရှင်းပြပေးလေ ~ "" ဟင့်အင်း ! ပင်ပန်းနေပြီ "
ခေါင်းတစ်ချက်ခါပြီး ခြေကုန်လက်ပန်း ကျနေသည့် ပုံရိပ်မျိုးပြောင်းသွားသည့် ရှောင်ကျန့်ဟာ ငါ့ကို စိတ်ကုန်တာလား ? သူ့ကိုယ်သူ စိတ်ပျက်တာလား ? မသိတဲ့ အရိပ်အယောင်မျိုးတွေဖြင့် !
STAI LEGGENDO
Scared To Be Lonely ( Completed )
FanfictionInspired [ Dua Lipa & Martin Garrix - Scared To Be Lonely ]