သာယာလှပတဲ့ နေ့လေးတနေ့ဝယ် မသာယာနိုင်တဲ့ ကောင်လေး တယောက်ရှိလေရဲ့။
ထိုကောင်လေးကတော့ ကျောင်းခန်းထဲဝယ် ထိုင်နေကာ
*အင်းသေချာပေါက်တော့ ပါးပါးရဲ့ ပွစိပွစိအသံတွေကို နားနဲ့မဆံနိုင်အောင် ကြားရတော့မှာပဲ ဟူးးး *
ဆိုကာသက်ပြင်းတွေ ချနေတာပေါ့။
အဲ့လိုနဲ့ ထိုကောင်လေးဟာ အိမ်ကိုပြန်ရောက်တော့*အမလေးကျေးဇူးရှင် Min yoongiကြွပါအုံး ဒီကိုကြွပါအုံး *
ဆိုပီးပြောလေတော့ အဂါးတယောက်
*ဟီးးပါးပါး သားကိုဘာအတွက် ကြွပါအုံးလို့ပြောတာလည်း *
ဆိုပီးမေးလေတော့ ပါးပါးသည်
*သားအမှတ်စာရင်းတွေက မကောင်းဘူးသားစာ မကြိုးစားဘူးလား *
ဆိုပီးမေးလေတော့ အဂါးသည်
*ပါးကလည်း သားလည်းကြိုစားတာပဲ ဒါပေမဲ့လည်း ကြိုးစားသလိုမှ့ မဖစ်လာတာပါးရယ် *
ဆိုပီးပြောလေတော့ ပါးသည်
*သားလေးရဲ့ ဘွားရှိတဲ့ ဘူဆန်ကိုသွားပီး ကျောင်းတက်ရမယ် ပါးအမိန့်ဒါပဲ ပြောမယ်နော် *
ဆိုကာပြောတော့ နာခံစွာဖြင့်ခေါင်းငြိမ့်ေလ၏။ ငြင်းလို့လည်း မရဘူးလေဘာလို့ဆို သူ့ပါးပါးအကြောင်းကို သူသာလျှင် အသိဆုံးဖစ်လေ၏။
အဲ့လိုနဲ့မကြာပါ အဂါးတယောက်ဘူဆန်မြို့မှာရှိတဲ့ သူ့၏အဘွားအိမ်ကို ရောက်လာကာ
*ဘွားရေ ဘွားသားလာတယ်
ဘွားရေ *ဆိုပီးအော်ခေါ်လေတော့ အိမ်ထဲရှိအဘွားသည်
*ဟယ်မြေးလေး အာရီဂူးးးအဘွားရဲ့ မြေးငယ်လေး လာပါအုံး အာရီဂူးး ကြည့်ပါအုံး ထွားလာလိုက်တာ *
ဆိုပီးပြောလေတော့ အဂါးသည်
*ဟီးးဘွားကိုမြေးက သတိရနေတာအရမ်းပဲ အများကြီးပဲ *