ဒီနေ့တော့ အဂါးတို့အဘွားအိမ်ဟာ လူစုံနေလေရဲ့ အကြောင်းမှာပုကျိမိဘတွေနဲ့ အဂါးရဲ့မိသားစုတွေနဲ့တင် ပြည့်နှက်နေလို့ပေါ့။
*အကိုရယ်ကြည့်ပါအုံး အရင်အတိုင်းပဲမပြောင်းလဲဘူးနော် *
ဆိုပီးပုကျိအမေဟာ မေးလေတော့ အဂါးရဲ့ပါးပါး
*ဘယ်ကသာငါ့ညမရယ် အကိုကပြောင်းလဲသွားပါတယ် အသက်တွေကြီးသွားပီလေကွယ် *
ဆိုပီးပြောလေတော့ ပုကျိအဖေသည်
*ဟိတ်ကောင်ဘယ်ကသာ မင်းအသက်ကကြီးသွားရမှာလည်း ဒီလောက်နုနေတာကို *
ဆိုပီးပြောလေတော့ အဂါးရဲ့ဘွားသည်
*ကျုပ်သားကြီးကနုသေးတယ်လေ ငယ်သေးတယ် သူ့ညီနဲ့ဆိုမသိရင် အသက်4,5နှစ်လောက်ပဲ ကွာတယ်လို့ထင်ရတာ *
ဆိုပီးပြောလေတော့ အဂျင်သည်
*ဟုတ်တယ်အမေ ပြောတာမှန်တယ် ကျနော့်အကို ကျနော်နဲ့တူလို့ ခေါ်တာလေ အဟဲ *
ဆိုကာပြောလေတော့ အဂါးရဲ့ဖိုးသည်
*အောင်မာ သားကြီးကသားငယ်နဲ့ တူလို့ချောတယ်ဆိုတော့ မသိရင်သားငယ်က အရင်မွေးသလိုလိုပဲ *
ဆိုကာပြောလေတော့ အဂါးရဲ့အဖေသည်
*အဖေသာပြောလိုက်ပါတော့ဗျာ အငယ်လေးကို ကဲဒါနဲ့ညမ အကိုဒီနေ့လာရတာကတော့ တခြားမဟုတ်ဘူး အကိုသားလေးနဲ့ ညမရဲ့သားလေးက လူငယ်ချင်း မေတာသက်ဝင်နေကြတယ်ဆိုတော့လေ ပီးတော့ညမတို့သိတဲ့အတိုင်း အကိုသားလေးက ကလေးစိတ်က သိပ်မကုန်သေးဘူး အခုလည်းကြည့် အကိုကိုပေါင်ပေါ်မှာ အိပ်နေတာကို *
ဆိုပီးပြောလေ၏။ ဟုတ်ပါတယ် အဂါးသည်အဖေကို မတွေ့ရတဲ့ လအတွင်းမှာ အတိုးချကာ အဖေဖစ်ရဲ့ပေါင်ပေါ်တွင် ထိုင်ပီး ဧည့်သည်တွေရှိနေတာကို မေ့ကာ ကလေးလေးလို အိပ်နေချင်းပင်ဖစ်လေ၏
ထိုအခါပုကျိအမေသည်
*အော်အကိုရယ်ဒါကတော့ သားလေးက အခုမှအသက်18ကျော်ကျော်ပဲ ရှိသေးတာလေပီးတော့ အဲ့လိုကလေးစိတ်မကုန်သေးတာကိုပဲ ညမတို့ကချစ်နေရတာ ပီးတော့အကိုသားလေးကို အကိုတို့ချစ်လိုမျိုး အကိုထက်မပိုရင်တောင် ညမတို့ဘက်က မလျှော့အောင် ချစ်ပေးမှာပါ။ *