*မြေးငယ်လေးရေ မြေးငယ်လေး *
ဆိုပီးခေါ်နေတဲ့ ဘွားဖစ်သူရဲ့အသံကြောင့် အဂါးတယောက် ခြဲထဲရှိ သရက်ပင်၌ သီးနေသော သရက်သီးများကိုခူးနေရာကနေ ဆင်းလာကာ
*ဟုတ်ကဲ့အဘွား သားကိုဘာခိုင်းဖို့လည်းမသိဘူး *
ဆိုပီးပြောလေတော့ ဘွားဖစ်သူသည်
*မြေးငယ်လေးရေ အဘွားတို့ ရပ်ကွက်မှာရှိတဲ့တိုက်ဖြူကြီးကို သိတယ်မှတ်လား *
ဆိုပီးမေးလေတော့ အဂါးသည်
*ဘွားတိုက်ဖြူဆိုရင် သားတို့ကလည်းတိုက်အဖြုပဲလေဗျာ ဘွားကလည်း *
ဆိုပီးပြောလေတော့ ဘွားဖစ်သူသည်
*ဒီကလေးကတော့လေ ဘွားပြောချင်တဲ့တိုက်ဖြူက အပြာရောင်အောက်ခြေနဲ့ တိုက်ဖြူကို ပြောတာ အဲ့တိုက်ကိုလေ ဒီစတော်ဘယ်ရိသီးတွေ သွားပို့ပေးပါလားလို့ *
ဆိုပီးပြောလေတော့ အဂါးသည်လည်း ခေါင်းငြိမ့်ကာ
*ဟုတ်ကဲ့ပါဘွား သားပို့ပေးပါ့မယ်နော်ဒါနဲ့ဘွားဦးလေးရော *
ဆိုပီးမေးလေတော့ ဘွားဖစ်သူသည်
*စိုက်ခင်းထဲမှာ မြေးအဖိုးနဲ့ပိုးသတ်ဆေး ဖြန်းနေတယ်လေ *
ဆိုပီးပြောတော့ အဂါးသည်လည်း ဘာမှ့မပြောကာ ထိုတိုက်ဖြူကိုသာ ထွက်လာလေ၏။ အဲ့လိုနဲ့မကြာပါ အဂါးတယောက်တိုက်ဖြူလေးကို ရောက်လေတော့
*အိမ်ရှင်တို့ အိမ်ရှင်တို့ *
ဆိုကာအော်ခေါ်လေတော့ ထိုအိမ်ထဲမှ့ အန်တီလှလှလေး တယောက်ထွက်လာကာ
*ဘာကိတ်စများလည်း သားလေအန်တီတို့ ဘာများကူညီပေးရမလဲ *
ဆိုပီးပြောလေတော့ အဂါးသည်
*ဟိုးဘက်ခြံက သားအဘွားMinက ဒီဘက်က အန်တီတို့အိမ်ကို စတော်ဘယ်ရီသီးလေးတွေ လာပေးခိုင်းလိုက်လို့ပါ ခင်မျ *