ညချမ်းလေးရောက်လေတော့ ပုကျိတယောက်အဂါးကို နိုးရာ
*Yoongiထတော့လေ ကိုယ်တို့တွေ အပြင်ထွက်ရအုံးမယ်လေ *
ဆိုပီးနိုးလေတော့ အဂါးတယောက် အင်းအဲလုပ်ကာ ဟိုဘက်ကိုပြန်လှည့်သွားလေတော့ ပုကျိသည်ရီကာ အဂါးရဲ့အနားကိုသွားကာ အဂါးရဲ့ကိုယ်လုံးလေးအား ပွေ့ချီလေတော့ အဂါးတယောက် လန့်ကာ
*အားး အကိုရယ် လန့်လိုက်တာဗျာ သားအိပ်ယာကနေ ထမှာပေါ့လို့ အခုတော့လန့်လိုက်တာ သားကအသဲငယ်တယ်ဗျ *
ဆိုကာပြောလေတော့ ပုကျိသည်ရယ်ကာ
*ဟဟဟုတ်ပါပီ အသဲငယ်တဲ့ ကောင်လေးရယ် အခုတော့ထတော့ ကိုယ်တို့တွေနောက်ကျနေပီ *
ဆိုကာပြောတော့မှ့ အဂါးတယောက်သည် သတိရကာ အလျှင်အမြန်ပင် ပုကျိလက်ကနေဆင်းကာ
*သားကိုစောင့်နေနော် ပီးတော့သားပြောစရာလည်း ရှိတယ် *
ဆိုကာပြောပီး ရေချိုးခန်းထဲကို ဝင်သွားတဲ့အဂါးကိုကြည့်ကာ ပုကျိသည်လည်း
*ကိုယ်လည်းမင်းကို ပြောစရာရှိတယ်Yoongi *
ဆိုကာပြောပီး အဂါးကိုစောင့်ရင်း ဂိမ်းဆော့နေ၏။ အလိုနဲ့အဂါးတယောက် ရေမိုးချိုး ပြင်ဆင်ပီးထွက်လာချိန်မှာတော့ ပုကျိသည်
*အော်yoongi ပီးပီလား ကိုယ်တို့တွေ သွားရအောင်လေ လာ *
ဆိုကာပြောပီး အဂါးအားခေါ်သွားလေ၏။ အဲ့လိုနဲ့ ချိန်ထားတဲ့ နေရာကိုရောက်လေတော့ အဂျင်တို့သည်
*အော်ရောက်လာကြပီးပေါ့ ငါတို့အခုပဲ မင်းတို့ကိုလာ ခေါ််ကြတော့မလို့ပဲ တော်သေးတာပေါ့ ကျေးဇူးရှင်တွေ ရောက်လာကြလို့ *
ဆိုကာပြောလေတော့ အဂါးသည်
*အဲ့တာအကိုကြောင့် မဟုတ်ပါဘူး သားကြောင့်ပါ သားအိပ်နေလို့ပေါ့ မဟုတ်ရင်နောက်မကျပါဘူး *
ဆိုကာပြောလေတော့ အဂျွန်းသည်
*အယ်ဘယ်သူက မေးနေလို့လည်း အငယ်လေးရဲ့ အကိုတို့က ဒီတိုင်းပဲသဘောရိုး ပြောကြတာပါ နော့် *