Chapter-7

3.4K 350 7
                                    


တနင်္လာနေ့တွင် ရွှယ်ရှန်းရှန်းတစ်ယောက် ဖုန်းထန်အဆောက်အဦးထဲသို့လျှောက်ဝင်လာရင်း တက်တက်ကြွကြွရှိနေ၏။ အပြုံးတစ်ခုက သူမမျက်နှာထက်၌ တစ်မနက်ခင်းလုံးရှိနေကာ အလွန်ပျော်ရွှင်နေလေသည်။

သူမလုပ်ဖော်ကိုင်ဖက်က ဟာသနှောလိုက်သည်။

"ဒီနေ့ ရှန်းရှန်း စိတ်အခြေအနေကောင်းနေပါလား ကောင်းတာတစ်ခုခုများဖြစ်ခဲ့လို့လား?"

အကယ်၍ သူမက ဝက်အသည်းထပ်မစားရတော့တာကြောင့် ပျော်ရွှင်နေတာလို့ပြောလိုက်ရင် ဒါက မိုက်မဲတဲ့ပုံပေါက်သွားမယ်မလား? ရှန်းရှန်းက သူမမေးဖျားလေးကို လေးလေးနက်နက် ပွတ်သပ်၍ ထူးထူးခြားခြား ပြောလိုက်၏။

"စောင့်မျှော်နေတဲ့သူတွေအတွက် ကောင်းတဲ့အရာတွေကဖြစ်လာတက်တယ်လေ"

ဝက်အသည်း ၊ သူမ အမြဲတစေ ဒါတွေအားလုံးကို စားခဲ့ရသည်! မွန်းတည့်ချိန်မတိုင်ခင်ထိ ပျော်ရွှင်နေခဲ့၏။ ရှန်းရှန်းသည် သူမစားပွဲကို သန့်ရှင်းရေးလုပ်ပြီး သူမလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကုမ္ပဏီ၏ cafeteria တွင် နေ့လယ်စာသွားစားရန် ရည်ရွယ်ထားသည်။

ဟား ဟား ဟား နံရိုးကင်တွေ ငါနင်တို့ကိုလွမ်းပါတယ်...

စားပွဲကို သန့်ရှင်းပြီး သူမမတ်တပ်ရပ်လိုက်သည်နှင့် ဖုန်းသံမြည်လာ၏။ ရှန်းရှန်း ချောချောမွေ့မွေ့ ပြန်ဖြေလိုက်သည်။ ယင်းမှာ (၂၂)လွှာမှ အားမေဖြစ်၏။

ရှန်းရှန်း စိတ်လှုပ်ရှားစွာ မေးမြန်းသည်။

"အားမေ ရှင် ကျွန်မကို နေ့လယ်စာမယူလာပေးတော့ဘူးမလား ဟုတ်တယ်မလား?"

"အခုကစပြီး ထပ်လာမပေးတော့ပါဘူး"

ရှန်းရှန်းသည် စိတ်သက်သာရာရသွားသဖြင့် အသက်ရှုထုတ်လိုက်ကာ ကျေးဇူးတင်စွာဖြင့် စကားဆို၏။

"ကောင်းလိုက်တာ ကျွန်မ အခု နေ့လယ်စာသွားစားတော့မလို့၊ ရှင့်မှာအချိန်ရှိတဲ့အခါကျရင် ကျွန်မ ရှင့်ကို ထမင်းတစ်နပ်ကျွေးဖို့ ဖိတ်လိုက်မယ်"

တခါတရံ အားမေက သူမဆီသို့ နေ့လယ်စာယူလာပေးတာကြောင့် ရှန်းရှန်းနှင့်အားမေမှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေကြပြီဖြစ်သည်။

Shan Shan ( ဘာသာပြန် )Where stories live. Discover now