Chapter-22

2.8K 271 10
                                    



တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ကားတွင် အကာအကွယ်ပေးနိုင်သောအစီအမံအချို့ပါရှိပုံရပြီး လမ်းပေါ်တွင် အလွန်တည်ငြိမ်စွာ မောင်းနှင်နေရာ မီးပွိုင့်တိုင်းကို ဖြတ်သန်းနေ၏။ ဖုန်းထန်၏အမူအရာသည် သုန်မှုန်နေရာမှတောက်ပလာကာ မှန်းဆမရလောက်အောင် ပြောင်းလဲနေလေသည်။

အချိန်အတော်ကြာသွားပြီးနောက်

"Congratulations ရွှယ်ရှန်းရှန်း ကိုယ် မင်းအဖြေကို အရမ်းကျေနပ်တယ်"

သူ့အသံမှာ တိုးညင်းသည်လည်းမဟုတ်သလို ကျယ်လောင်သည်လည်းမဟုတ်။ ရှန်းရှန်းနှလုံးသားလေး တုန်လှုပ်နေ၏။ ဥက္ကဌကြီးက ငါ့အဖြေကို တကယ်ကျေနပ်နေတာလား?

"ဒီတော့ ကိုယ် မင်းကို သတင်းကောင်းတစ်ခုပြောပြမယ်"

"ဘာလဲ?"

"ကိုယ် မင်းကို ဟိုတယ်ကိုလိုက်ပို့ပြီး မင်းလစာထဲကနေ ကုန်ကျစရိတ်ကို ဖြတ်လိုက်တော့မလို့ပဲ ဒါပေမဲ့ အခု ကိုယ်စိတ်ပြောင်းသွားပြီ"

အိုး ရှန်းရှန်း သူ့ကို မျှော်တလင့်လင့်ဖြင့် ကြည့်နေ၏။ ဒါက သူမရဲ့မြှောက်လုံးပင့်လုံးကြောင့်များလား? မဟုတ်ဘူး မဟုတ်သေးဘူး အဲဒါတွေက နှလုံးသားထဲကစကားတွေပဲ... သူ့လစာထဲကနေဖြတ်တောက်တာကို ပြောင်းလိုက်မယ်ဆိုရင်ရော?

"ဒီရက်အနည်းငယ်တော့ မင်း ကိုယ့်နေရာမှာလိုက်နေရလိမ့်မယ်"

ရှန်းရှန်း ကြောင်အမ်းအမ်းဖြစ်သွား၏။ ခဏအကြာတွင် ထေ့ထေ့ငေါ့ငေါ့ဖြင့် မေးလာကာ

"ဥက္ကဌကြီး ရှင်..ရှင့်နေရာမှာနေရမယ် ဘာအဓိပ္ပာယ်လဲ"

ဖုန်းထန် သူမကို ပြန်ဖြေလိုစိတ်မရှိပေ။ သူ ဘရိတ်ကိုနင်း ကားကိုလှည့်ကာ ဆန့်ကျင်ဘက်လမ်းကြောင်းသို့ မောင်းထွက်သွားတော့သည်။

ရှန်းရှန်းမှာတော့ အံ့ဩတုန်လှုပ်နေပုံပင် ၊ ကားက အဝေးပြေးလမ်းမကြီးပေါ်တက်ပြီး အဝေးပြေးလမ်းမမှပြန်ဆင်းလာကာ လမ်းနှစ်လမ်းကွေ့လိုက်သည်။ ရုတ်တရက် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားခဲ့၏။

လမ်းနှစ်ဘက်စလုံးတွင် မြင့်မားရှည်လျားပြီး စနစ်တကျဖြစ်နေသောသစ်ပင်များဖြင့် စီတန်းနေကာ ပျားပန်းခပ်လှုပ်ရှားမှုများနှင့် စည်ကားသိုက်မြိုက်နေသောမြို့ကြီးပြကြီး၏အရိပ်အယောင်မရှိဘဲ အိမ်များကို အုပ်ဆိုင်းနေလေသည်။ အချိန်အတော်ကြာအောင် မောင်းနှင်လာပြီးနောက် သပ်သပ်ရပ်ရပ်နှင့်အရိပ်ကောင်းသော လမ်းငယ်တစ်ခုထဲသို့ ကွေ့ဝင်သွား၏။ ရှည်လျားစွာကာရံထားသောနံရံများအဆုံးတွင် ပန်းထွင်းထားသောအနက်ရောင်သံတံခါးကို မြင်လိုက်ရသည်။

Shan Shan ( ဘာသာပြန် )Where stories live. Discover now