Chapter-12

2.9K 296 5
                                    



ခရီးသည်တွေက ဧည့်လမ်းညွှန်းအနောက်မှ လိုက်လာခဲ့ကြသည်။

ရှန်းရှန်းမှာ သူမကိုယ်သူမ အဖက်ဆယ်ရန်အတွက် Big Boss အနား ကပ်လိုသော်လည်း Big Boss ကြီးက ဩဇာတိက္ကမနှင့်အလွန်ပြည့်စုံနေသည်။ ခဏအကြာတွင် လူတိုင်းက အရှေ့ကိုသာလျှောက်လှမ်းခြင်းက ရှန်းရှန်းအား နောက်ပြန်ဆုတ်သွားစေခဲ့သည်။

ရှန်းရှန်းသည် အိတ်ကိုသာဆုပ်ကိုင်ထားပြီး အားလုံးအနောက်၌ အားမေနှင့်အတူ လမ်းလျှောက်လိုက်ခဲ့သည်။ အားမေက ဖုန်းထန်အနားက လူအုပ်ကိုကြည့်၍

"ရှန်းရှန်း ရှင့်စိတ်ထားက တကယ်ကောင်းတာပဲ"

"အမ်? တကယ်လား"

ရှန်းရှန်းသည် ရှက်ကိုးရှက်ကန်းဖြင့် ရိုးရိုးလေးပြန်ပြော၏။ သူမသည် အားမေက သူမကို အားကျနေတယ်လို့တောင် ထင်လိုက်သေးသည်။

"မနက်က ရှင် မရောက်လာသေးတဲ့အချိန်တုန်းက HR ဌာနကတစ်ယောက်က ဥက္ကဌကြီးရဲ့ဘေးနားမှာ ထိုင်ချင်နေခဲ့တာ"

"ဘယ်သူလဲ"

ဘယ်လုပ်ဖော်ကိုင်ဖက်က ဒီလောက်ရဲရင့်ပြီးတော့ ကြင်နာတက်တာလဲ? တရားမျှတမှုအတွက် သူမကိုယ်သူမ စွန့်လွှတ်အနစ်နာခံလိုက်သေးတယ်..

"ဟိုမှာ အနီရောင်နဲ့ကောင်မလေး"

အားမေသည် ဖုန်းထန်အနားမှာရပ်နေသော ဝန်ထမ်းတစ်ယောက်ကို ညွှန်ပြလိုက်၏။

"ရှင်သိလား ဥက္ကဌကြီးကဘာပြန်ပြောလိုက်လဲဆိုတာ"

"ဘာပြောလိုက်လဲ"

"သူက သူမကို တစ်ချက်တောင်မကြည့်ဘဲပြောလိုက်တာ 'ဒီမှာထိုင်စရာနေရာမရှိဘူး' တဲ့ ဟား ဟား!"

ယင်းက အမှန်စင်စစ် Big Boss ကြီးရဲ့စတိုင်ပဲ။

ရှန်းရှန်း ကောင်မလေးကို သေချာကြည့်ကာ သူမခေါင်းယမ်းရင်း မဲ့မဲ့ရွဲ့ရွဲ့ ပြောလိုက်သည်။

"သူမကအရမ်းပိန်လွန်းတယ်!"

Big Boss က သူမလိုမျိုး သူ့အနီးနားက တာဝန်ကြီးကြီးမားမားတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ သန်မာတဲ့သူတစ်ယောက်ကို လိုအပ်ခြင်းဖြစ်သည်။

Shan Shan ( ဘာသာပြန် )Where stories live. Discover now