Chapter-39

1.9K 163 1
                                    



အခကြေးငွေကြီးကြီးမားမားကောက်ခံသည့် ပုဂ္ဂလိကဆေးရုံများ၏အကြီးမားဆုံးအားသာချက်မှာ လူနည်းပြီးတန်းစီရန် မလိုအပ်ခြင်းပင်။ ဆေးဘက်ဆိုင်ရာလမ်းညွှန်က သူမတစ်ယောက်တည်းကိုသာ ဆောင်ရွက်ပေးတဲ့အတွက် စစ်ဆေးတဲ့လုပ်ငန်းစဉ်နှင့်ရလဒ်ထွက်လာခြင်းက အလွန်မြန်ဆန်လှသည်။

ထို့ကြောင့် မကြာမီတွင် ဒေါက်တာက တိကျသေချာသောလေသံဖြင့် သူတို့အား ပြောပြလာလေ၏။

"မစ္စရွှယ်မှာ ကိုယ်ဝန်မရှိပါဘူး"

ရှန်းရှန်း ကြောင်အမ်းအမ်းဖြစ်သွား၏။

"ဒါပေမဲ့ မနေ့က သွေးသွားလှူတုန်းက သွေးစစ်တဲ့သူနာပြုဆရာမက ကျွန်မမှာ ကိုယ်ဝန်ရှိနေတယ်လို့ ပြောတယ်.. သူက ကျွန်မရဲ့ HCG က အရမ်းမြင့်နေတယ်လို့လဲ ပြောသေးတယ်"

"မင်းရဲ့ဓာတ်ခွဲစမ်းသပ်မှုရလဒ်ကို ယူလာလား"

"ဟုတ်ကဲ့ ကျွန်မမှာရှိတယ်"

ရှန်းရှန်း ထွက်လာခါနီးတုန်းက အိတ်ထဲမှာထည့်ထားတာကြောင့် ဒေါက်တာ့ကို ထုတ်ပြလိုက်သည်။

ဒေါက်တာက တစ်ချက်ကြည့်ပြီးနောက်

"HCG မြင့်တာက ကိုယ်ဝန်ကြောင့်မဟုတ်ဘူး ဒီနေ့အတွက် မင်းရဲ့ဓာတ်ခွဲစစ်ဆေးမှုရလဒ်မှာ HCG အဆင့်က ပုံမှန်ပဲ.. ဖြစ်နိုင်တာကတော့ မင်းကိုယ်ထဲမှာ ဟော်မုန်းတွေ အရမ်းများနေလို့ပဲဖြစ်မယ်.. မစ္စရွှယ် မင်း ဟော်မုန်းဆေးသောက်နေတာလား"

ရှန်းရှန်း ခေါင်းခါပြလိုက်သည်။

ဒေါက်တာက ခဏလောက်စဉ်းစားပြီးနောက် ဤသို့ပြောကြားလာခဲ့သည်။

"လောလောဆယ်မှာ အစားအသောက်စျေးကွက်ကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘူး.. မစ္စရွှယ် ဆေးမစစ်ခင် အဲဒီနေ့မှာ မင်းဘာစားခဲ့လဲဆိုတာ သေချာစဉ်းစားကြည့်ပါအုံး"

ရှန်းရှန်း ပြန်မှတ်မိရန် အပြင်းအထန်ကြိုးစားရင်း နည်းနည်းတော့ ဘာပြောရမှန်းမသိဖြစ်သွား၏။

"ကျွန်မ ထူးထူးခြားခြား ဘာမှမစားခဲ့ဘူး လုပ်ဖော်ကိုင်ဖက်တစ်ဦးပေးတဲ့ ကြက်ဥအနှစ်ပိုင်မုန့်ကိုပဲ စားခဲ့တာ.. ထုတ်ပိုးမှုပုံစံကတော့ ဟောင်းနွမ်းနေတဲ့ပုံပေါက်တယ်"

Shan Shan ( ဘာသာပြန် )Where stories live. Discover now