[5]...🤎

295 34 0
                                    

[Unicode]

" ရိပေါ်... "

ဖိနပ်ဖြူဖြူလေးအား ညစ်ပေအောင်လုပ်လိုက်သော ထိုလူသားနဲ့အကြည့်ချင်းဆုံနေသည်မှာ မည်မျှကြာသွားသည်မသိ...
ဟောက်ရွှမ်း၏အသံကြားမှာ အသိစိတ်ကပ်လို့ ခပ်မြန်မြန်ပင်အကြည့်တို့ကိုလွှဲလိုက်ရသည်...။

" ဟို..ကိုယ်တောင်းပန်ပါတယ်...
အလောတကြီးထရပ်လိုက်လို့.. မတော်တဆဝင်တိုက်မိသွားတာ... အဆင်ပြေရဲ့လား "

အသံချိုချိုလေးတွေနဲ့တောင်းပန်စကားဆိုလာတဲ့အခါ..ရိပေါ်တောင့်မခံနိုင်ပါ...ဘယ်လိုရေစက်တွေကြောင့် သူဒီလူ့အပေါ် ဒေါသမထွက်နိုင်တာပါလိမ့်...။

" ပြေပါတယ်...ကျွန်တော်ဘာမှမဖြစ်ပါဘူး အစ်ကို.. "

အစ်ကိုတဲ့...
နှုတ်မှအလိုလိုထွက်သွားမိသောနာမ်စားလေးကြောင့်..ရိပေါ်ရင်တစ်ခုလုံးနွေးထွေးသွားမိတာတော့ အမှန်ပင်...
စိတ်တွေလှုတ်ရှားလွန်းလို့ လက်ဖျားတွေပင်အေးစက်လာရသည်...။
ပထမဆုံးအကြိမ်ဆုံမိတဲ့ဒီလူ့အပေါ် သူဟာဘာကြောင့်ထိုသို့ခံစားချက်တွေရှိနေရတာပါလိမ့်...
စဥ်းစားရင်ဖြင့် ခေါင်းစားစရာ...။

" ဝမ်ရိပေါ် ကို ကိုယ်သိတယ်... "

ဟင်!..
အစ်ကိုကသူ့ကိုသိတယ်တဲ့..
ရိပေါ်ထခုန်မိမတက်ပျော်သွားရသည်..။

" ကျွန်တော့်ကို အစ်ကိုကဘယ်လိုသိတာလဲ.. "

" ဟိုနေ့ညက မွေးနေ့ပွဲမှာလေ...
ဝမ်လေး ကတာအရမ်းမိုက်တယ်.. "

" ဟင်.. "

ရိပေါ်ပြောစရာစကားပင်စဥ်းစားလို့မရအောင် အူမြူးနေတော့သည်...။
ဒီလောကမှာ သူ့အားဝမ်လေးလို့ခေါ်တာဟာ ရှောင်ကျန့်ရဲ့မိသားစုပဲရှိသည်...။
အခု အစ်ကိုကပါခေါ်လာသည်မို့..
ထိုအခေါ်အဝေါ်လေးကိုပင် သဘောကျလာရပြန်သည်..။
စိတ်တွေဟာ အစ်ကို့ရဲ့ခေါ်သံလေးကြောင့်မြူးထူးလာတယ်ဆိုရင်...
ပိုတယ်လို့များပြောကြလေမလား...။
နောက်ပြီး သူကတာအရမ်းမိုက်တယ်တဲ့လား...
ကလေးဘဝတုန်းကလိုချင်တာရလိုက်သောခံစားမှုမျိုးအား ပြန်ခံစားလိုက်ရသလို...အခုချိန်တွင်လည်း...
ဟန်မဆောင်နိုင်ပဲပျော်မိပါသည်.။

နတ်ဘုရားငယ်သည်သာအရာရာ..🤎 [ နတ္ဘုရားငယ္သည္သာအရာရာ..🤎 ]Where stories live. Discover now