[Unicode]
ပူလောင်မှုတွေနဲ့...ပန်းချီဆရာဟာ ခပ်မှောင်မှောင်အခန်းထဲတွင် ငြိမ်ငြိမ်လေးထိုင်လို့နေသည်...။
ခက်ခဲလွန်းတဲ့ဇာတ်ကောင်ဆိုသည့်အတိုင်း
မွန်းကျပ်စရာတော့ကောင်းလွန်းသည်...။ကြိုတွေးပြီးသားဖြစ်နေသည့်တိုင် ယခုချိန်ထိကျင့်သားမရသေးသည်မှာဆိုးလွန်း၏။
ကိုယ့်အတွက်မဖြစ်နိုင်မှန်းသိလို့
ဦးနှောက်ကအကြိမ်ကြိမ်လက်ခံနေပေမဲ့..
နှလုံးသားကငြင်းဆန်နေတော့ခက်လှသည်...။နာပါသည်...။
အနာပေါ်အနာဆင့်လို့ အကြိမ်ကြိမ်နာခဲ့ရတောင် နာမြဲ နာဆဲ...။
အမှတ်မရှိတာဟာ ဦးနှောက်ရော...နှလုံးသားရောမို့...ဒီတစ်ခါတော့အပြစ်တင်ချင်သည်။ချစ်လို့ရတာသိတယ် ဒါကြောင့်အစွမ်းကုန်ချစ်တယ်...
ပိုင်ဆိုင်ချင်လို့မရမှန်းသိတယ်...
သို့သော်လက်ခံဖို့ခက်ခဲတယ်...။ကုသဖို့ရာဆေးမရှိနိုင်တော့တဲ့ နှလုံးသားတစ်စုံကို ဘယ်အရာနဲ့များကုစားရပါ့...။
ထင်ထင်ရှားရှား မြင်လိုက်မိတဲ့ မြင်ကွင်းတစ်ခုမှာ ဘယ်အရာကမှမှားမနေခဲ့...။
ကျွန်တော့်အပိုင်မဟုတ်တဲ့လူသားလေးဟာချစ်စရာကောင်းလွန်းသူမို့...စီနီယာမြတ်နိုးချင်တာအပြစ်မဟုတ်...။
ချစ်ရသူရဲ့အနမ်းမို့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တဲ့ ထိုလူသားမှာလဲအပြစ်မရှိ...။အနမ်းတစ်ခုက နုနုညံ့ညံ့လေးထိကပ်လိုက်တာဖြစ်သည့်တိုင်...ဝုန်းခနဲ ၊ အင့်ခနဲ ပြိုလဲရသည်...။
သတ္တိမရှိတဲ့ကောင်မို့ ခံစမ်းလို့အပြစ်တင်တောင် ကျွန်တော်ဟာခံရမှာပါပဲ...။
ငယ်ငယ်ထဲက ထိုလူသားမျက်နှာကိုသာကြည့်ပြီးနေလာခဲ့တဲ့ကောင်မို့...သူသာမရှိရင်တစ်စက္ကန့်လေးတောင် အသက်ရှင်နိုင်မှာမဟုတ်လို့...
အရွယ်ရောက်စထဲက ဖြစ်တည်လာတဲ့ခံစားချက်တွေအားလုံးကို...ဂျောင်ကပ်ပြီးထိုးသိပ်ထားခဲ့တာ...။မဆုံးရှုံးချင်လို့...
အချိန်ပြည့်အနားမှာနေလို့ရတဲ့အခွင့်ရေးလေးကိုအဆုံးရှုံးမခံနိုင်တဲ့ကောင်မို့...ဘယ်လိုသတ္တိတွေနဲ့များဖွင့်ပြောရမှာလဲ...။
YOU ARE READING
နတ်ဘုရားငယ်သည်သာအရာရာ..🤎 [ နတ္ဘုရားငယ္သည္သာအရာရာ..🤎 ]