[7]...🤎

297 29 0
                                    

[Unicode]

* ကျွန်တော့်ရဲ့ချစ်ခြင်းတွေဟာ
ရိုးရှင်းပါတယ်...။
ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းတွေကစလို့....
ချစ်ရတဲ့ထိုလူသားငယ်အပေါ်မှာပဲ...
မူတည်နေတက်တာမျိုးပေါ့..
လူသားငယ်၏မျက်နှာလေးပြုံးနေပြီဆို
ကျွန်တော့်သည်လည်းပျော်ရွှင်ရပါသည်..။
ထိုသို့မဟုတ်ပါပဲ ...
မြတ်နိုးရာလေးဟာငိုနေရင်ဖြင့်..
ကျွန်တော်သည်လည်း
နာနာကျင်ကျင်ဝမ်းနည်းရပါသည်...။
ထိုသို့ဖြင့် ထပ်တူကျစွာဝင်ခံစားပေးရင်း
ကျွန်တော့်၏အရာအားလုံးအား...
ထိုလူသားငယ်ထံသို့...
အလုံးစုံ ပုံအပ်ထားမိပါသည်...။ *

/ /

ကျောင်းရဲ့မထင်မရှားပန်းချီဆရာလေး၏ကဗျာသည်...လူငယ်တွေကြားတွင် လွန်စွာမှ ရေပန်းစားနေသည်...။
အေးချမ်းလွန်းတဲ့ပန်းချီဆရာဟာ...
ရေးလိုက်ရင်ဖြင့်...တကယ့်ကိုလွမ်းစရာ ၊ ဆွေးစရာတွေအပြည့်...။
ပေးလိုက်တဲ့ခံစားချက်တွေသည်လည်း နင့်နင့်နဲနဲ...။
ဘယ်လိုတွေတောင်ခံစားပြီးရေးထားတာပါလိမ့်....။
လူသားငယ်ဆိုတာကရော....?
ထိုသို့ဖြင့် ကဗျာတင်မဟုတ်တော့ပဲ...
ကဗျာဖန်တီးခဲ့သော..ပန်းချီဆရာရဲ့အကြောင်းများကိုလဲ..အတော်လေးစိတ်ဝင်စားလာကြသည်..။

ဒီတစ်ခေါက်ပန်းချီဆရာရဲ့စာတိုလေးဟာ..လှပတော့မနေခဲ့ပါ...။
ကြည်နူးစရာလည်းကောင်းမနေခဲ့...။
ရူးရူးမူးမူးစွဲလမ်းနေမိတဲ့အတွက်...
နင့်နင့်နဲနဲ အဓိပ္ပာယ်ဖွင့်ဟထားခြင်းပင်...။
သို့သော်...လူငယ်တွေရဲ့အကြိုက်နဲ့ကွက်တိကျသွားတယ်ထင်ပါရဲ့...။
မလှမပ စာတိုလေးအား...
သဘောတကျရှိနေကြလေသည်...။

သေချာတာတော့...ထိုစာတိုလေးသာ..
ကျွန်တော့်ရဲ့နတ်ဘုရားငယ်ရှေ့ရောက်သွားခဲ့ရင်ဖြင့်...နှုတ်ခေါင်းလေးရှုံ့လို့...
သူ သဘောမကျကြောင်းအား...မကြည်မလင်လေး ထပြောနေမည်ထင်...။

ဘယ်ရယ်မဟုတ်....
ရုတ်တရက်တွေးလိုက်မိပေမဲ့လို့..
တကယ်ပဲ...ပန်းချီဆရာရဲ့အတွေးဟာ..
သွေးထွက်အောင်မှန်နေခဲ့လေသည်...။
.
.
.

" ဟွန်..! တကယ့်ရူးကြောင်ကြောင်တွေ..
ဒီကောင်ရှောင်ကျန့်..အတော်ကိုလွတ်နေပြီ... "

နတ်ဘုရားငယ်သည်သာအရာရာ..🤎 [ နတ္ဘုရားငယ္သည္သာအရာရာ..🤎 ]Where stories live. Discover now