[12]..🤎

237 27 16
                                    

[Unicode]

" အင်္ကျီကပါးပါးလေးကွာ... "

မူးတာတောင် လှလှပပလေးမူးတက်တဲ့ရိပေါ်က အင်္ကျီကိုလည်းထူထူထဲထဲဝတ်မထားပါ...နည်းနည်းလောက်အအေးမိတာနဲ့ဖျားတက်တဲ့အကျင့်ရှိနေတာကို..ဒီအဆိုးလေးကနည်းနည်းမှမဆင်ခြင်ပေ...။

" ရှောင်ကျန့်လား.. "

" ဟုတ်တယ်...အိမ်ပြန်ရအောင်.. "

ရိပေါ်အတွက်သာတွေးနေမိတဲ့ပန်းချီဆရာဟာ..အေးလွန်းတဲ့ရာသီကြောင့် သူ့လက်ဖျားတွေတုန်ရီနေတာကိုတော့လျစ်လျူရှုလို့ရယ်...။
ကိုယ်တိုင်ကလက်ရှည်အပါးလေးဝတ်ထားသည်ကိုသတိမထားမိပါပဲ...ရိပေါ်ရဲ့မထူသော်ငြားအအေးဓာတ်ကိုခံနိုင်နေသောအင်္ကျီကိုသာ အာရုံစိုက်လို့နေသည်..။
ပန်းချီဆရာရဲ့..စိတ်အာရုံအလုံးစုံဟာ..ရိပေါ်တစ်ယောက်အတွက်သာ..တွေးပေးနေသည့်နှယ်...လွန်လွန်းအားကြီးပါသည်...။

" ငါ...သောက်ဦးမှာ.. "

ခေါင်းကဖြင့်သေချာတောင် မထောင်နိုင်ပဲ...ထပ်ပြီးသောက်ချင်တယ်လုပ်နေတဲ့အမူးသမားလေးကို..ရှောင်ကျန့်အသဲယားမိသည်..။

" နောက်နေ့မှထပ်သောက်ရအောင်...
အခုအရမ်းမိုးချုပ်နေပြီ...ပြန်ကြရအောင် နော်.. "

ယိုင်တိယိုင်တိုင်နဲ့မို့..သိပ်မလေးလှတဲ့ခန္တာကိုယ်လေးအား ...အသာထိမ်းရင်း..ကားပေါ်သို့သက်သောင့်သက်သာဖြစ်အောင် ကျကျနန နေရာကျပေးလိုက်သည်...။
အလာမှာ မပိတ်မိခဲ့တဲ့မှန်တွေကိုလည်း...အခုတော့ချက်ချက်ပိတ်ချလိုက်ပြီး..ကားထဲကရှိသမျှ လေနွေးပေးစက်တွေအားလုံးအား..အကုန်ဖွင့်ထားလိုက်သည်...။
လက်ဖျားတွေခြေဖျားတွေကအစ...အားလုံးကိုလုံလုံခြုံခြုံဖြစ်ပြီဆိုတာသေချာမှ..
ကားကိုမောင်းထွက်လာခဲ့သည်...။

" ငါ့ကား...ငါ့ကားမဟုတ်ဘူး... "

ကားမောင်းနေရင်း ရုတ်တရက်ဘေးကနေ...အလိုမကျသံလေးထွက်လာသည်...။
ခါတိုင်းလိုပဲ ရိပေါ်ရဲ့မပြီးဆုံးသေးတဲ့ကားပြသနာသာ...အခုပန်းချီဆရာဟာ..
အမူးသမားရစ်တာကိုစတင်ခံနေရလေပြီ...။
ခါတိုင်းလည်း ထိုဆိုင်မှာထားခဲ့နေကျကို..တမင်တကာကိုရစ်နေတာ...ဒင်းလေက..။

နတ်ဘုရားငယ်သည်သာအရာရာ..🤎 [ နတ္ဘုရားငယ္သည္သာအရာရာ..🤎 ]Where stories live. Discover now