[6]...🤎

283 33 2
                                    

[Unicode]

" ငါ ဘယ်လိုသားမျိုးကိုမွေးထားမိပါလိမ့်...ဘယ်နေရာမှကိုအသုံးမကျဘူး... "

ဒုန်း!..

" ဟဲ့! အပေါ်ကနေ ငါ့ကိုဆန္ဒပြမနေနဲ့..
ငါကပြောချင်လွန်းလို့ပြောနေတာမဟုတ်ဘူး...နင်လုပ်ပုံတွေကအချိုးမပြေလို့ပြောနေရတာ... "

ပါးစပ်မှ ပွစိပွစိပြောနေရင်း...
လက်ထဲကကော်ဖီခွက်ကိုလည်းစားပွဲပေါ်သို့ဆောင့်ချကာ..အိမ်အပေါ်ထပ်သို့မျက်စောင်းတခဲခဲနဲ့ကြည့်နေသူမှာ...
ဝမ်ရိပေါ်ရဲ့နှစ်ယောက်မရှိသော အမေအရင်းအချာဖြစ်လေသည်...။

" တကယ်ပါပဲ...ကျန့်လေးနဲ့များကွာပါ့...
သူများသားသမီးတွေ အေးအေးဆေးဆေးနဲ့ လိမ်မာသလောက်...အိမ်ကကောင်ကတော့...ပြောကိုမပြောချင်ဘူး... "

မပြောချင်လို့သာပဲ...
ရိပေါ် မှာဖြင့် နားတွေပူထူနေပြီ...
အမေ့ရဲ့ဓာတ်ပြားဟောင်းကြီးကတော့ ဖွင့်လို့မပြီး...ဘယ်တော့မှလည်းပြီးမယ်မထင်...
အမျိုးသမီးတိုင်းကအဲ့လိုပဲလား ?...
တကယ်ကိုပွစိပွစိနိုင်လွန်းပါသည်...။

ရှောင်ကျန့်နဲ့ကယှဥ်ပြောလိုက်သေးတယ်..
တူမတဲ့လား...ရှောင်ကျန့်ကရှောင်ကျန့်..
သူကသူလေ...ဟိုပန်းချီဆရာလိုသာနေရရင်..တကယ်ပဲရူးသွားနိုင်သည့်အခြေအနေ...။
တကယ်ပါပဲ  ဘယ်လိုမှမတူတဲ့ဟာကိုလာယှဥ်နေရတယ်လို့...
ရိပေါ် စိတ်ညစ်ရပါသည်...။

နောက်ဆုံး မခံနိုင်တဲ့တော့အဆုံး...
ဖုန်းကိုဆွဲယူပြီး...အူကြောင်ကြောင်ပန်းချီဆရာ့အိမ်ကိုသာ...သွားဖို့ထွက်လာလိုက်တော့သည်...။
အမေရေ...ဘိုင့်ဘိုင့်...
တကယ်နားမခံနိုင်တော့လို့ပါ...။

အပေါ်ထပ်ကနေ..တဒုန်းဒုန်းခြေသံဖြင့်ဆင်းလာသော..ဂျစ်တီးဂျစ်ကန်ကောင်လေးကစူပုတ်နေသောမျက်နှာထားနဲ့...!
ဒါက မကျေနပ်ဘူးဆိုတဲ့သဘောပေါ့...။

" ဒါက ဘယ်လဲ..ငါ့ကိုမခန့်လေးစားနဲ့.. "

" ရှောင်ကျန့်တို့အိမ်သွားမလို့.. "

ရှောင်ကျန့်တို့အိမ်ဆိုတော့
တင်းမာနေသောလေသံကအနည်းငယ်လျော့ကျသွားတော့တယ်..။
သိနေတယ်လေ...
ဝမ်ရိပေါ်တို့က ကိုယ့်အမေအကြောင်း ကောင်းကောင်းသိတာပေါ့...။

နတ်ဘုရားငယ်သည်သာအရာရာ..🤎 [ နတ္ဘုရားငယ္သည္သာအရာရာ..🤎 ]Where stories live. Discover now