[9]...🤎

258 22 15
                                    

[Unicode]

" တီလေး.. "

" အယ်..ကျန့်လေး.. "

" ရိပေါ်ရှိလားဟင်.. "

စဝင်ကထဲက သူဟာ တီလေးအား နေကောင်းလားဘာညာမမေးမိ...
ရိပေါ်ကိုသာ တန်းမေးလိုက်မိသည်...။
တီလေးကိုအားနာမိပေမဲ့ မတက်နိုင်တော့...
သူတကယ်ရိပေါ်ကိုအရမ်းတွေ့ချင်နေပြီ...။
ငယ်ကတည်းကအကျင့်ဖြစ်နေပြီမို့ တီလေးဟာလည်း ထွေထူးပြီးအံ့သြမနေပါ...ပုံမှန်ဖြစ်စဥ်တစ်ခုလို့သာပေါ့ပေါ့ပါးပါး ပြုံးပြလာကာ...

" ရှိပါ့တော်...သူအခန်းထဲမှာလေ...
ရောက်ကထဲကထွက်ကိုမလာဘူး သိလား...
အဲ့ကောင်လေးကလေ ဘာမှကိုအားမကိုးရဘူးရယ်.. "

အပေါ်သို့ကြည့်ကာ...တီလေးကသူအားရွှတ်နောက်နောက်လေးပြောလိုက်တာမို့...အလိုက်အထိုက်လိုက်ရယ်ပေးလိုက်သည်...။
ထို့သို့ပဲတီလေးက ပျော်ပျော်နေတက်လွန်းသည်...။
ငယ်ကတည်းက ရှောင်ကျန့်ဟာ ကိုယ့်အိမ်ထက် တီလေးတို့အိမ်တွင်သာအနေများသည်မို့...ရိပေါ်တို့မိသားစုနဲ့အတော်လေးအသားကျနေပြီဖြစ်သည်...။

" ဟုတ်  ကျွန်တော်သွားလိုက်အုံးမယ်နော် တီလေး.. "

" အေး အေး... "

တီလေးကိုပြောပြီးအပေါ်ထပ်မှရိပေါ်အခန်းသို့တက်ခဲ့လိုက်သည်...။
မနက်ကတစ်ခါလေးပဲတွေ့ပြီး...
တစ်နေကုန်သူရိပေါ်..အားမတွေ့ရသေးပါ...
ပိုတယ်ပဲဆိုဆိုပန်းချီဆရာဟာ..သူငယ်ချင်းလေးအားအတော်လွမ်းနေပြီဖြစ်သည်..။

အခန်းထဲဝင်ဖို့ လုပ်နေတုန်းမှာပဲ...
သဘောတကျရယ်သံတိုးတိုးလေးကြားလိုက်ရသည်မို့...လှုတ်ရှားမှုတို့အား ရပ်လိုက်မိသည်...။
ပန်းချီဆရာ၏မျက်နှာတွင်လည်းအပြုံးလေးတွေဖြစ်ပေါ်လို့ရယ်...
ရယ်သံလေးရပ်သွားမှ ရှောင်ကျန့်ထိုအခန်းလေးထဲသို့ဝင်လာခဲ့လိုက်သည်...။

" ရိပေါ်.. "

" ရှောင်ကျန့်!.... "

အခန်းထဲသို့သူဝင်လာတာမြင်သည်နှင့်...
ထိုင်နေရာမှပြေးထလာကာ..ကိုယ်ပေါ်သို့ခုန်တက်လိုက်တာမို့...
ရှောင်းကျန့်အလောတကြီး ဖမ်းထိမ်းထားလိုက်ရသည်...
မတော်တဆပြုတ်များကျသွားရင် ဒီကကောင်ကြီးရင်ကျိုးရအုံးမယ်..။
မျက်နှာလေးဟာ အတော်ကိုပြုံးပြုံးရွှင်ရွှင်ဖြစ်နေတာမို့...ထိုလူသားလေးအပျော်လွန်နေတာပဲဖြစ်မယ်...။

နတ်ဘုရားငယ်သည်သာအရာရာ..🤎 [ နတ္ဘုရားငယ္သည္သာအရာရာ..🤎 ]Where stories live. Discover now