ဆု : Tai Tzu Ying မရှုံးသင့်ဘဲ ရှုံးသွားတယ်။ ပျော်မနေတော့ဘူး🙁
ခန့် : ဒါကတော့ ပြိုင်ပွဲရဲ့သဘောသဘာ၀ပဲလေ ဆု ရဲ့ ။ဒီပွဲမှာ ကျနော့အမြင် Tai လေး emotion အရမ်းဖြစ်နေတယ်ထင်တာပဲ။ အပိုင်လုံးတွေ error တယ်။ဒါပေမယ့် deception တွေကတော့ ဘယ်တော့မှမရိုးဘူး။ ရှုံးပေမယ့် ဒီပွဲမှာ သူက ပိုသာခဲ့တာပါပဲ။ ဒီလိုပဲဖြေသိမ့်ရတာပေါ့ ဟား ဟား
ဆု : အင်းပေါ့လေ ပွဲလည်းပြီးပြီ ဆိုတော့ ခန့် နဲ့ဆု single တစ်ပွဲလောက်ရိုက်ကြမလား။ ဆုကတော့သိပ်မရိုက်တတ်သေးဘူးနော် pre Intermediate level လောက်ပဲရှိတာ
ခန့် : အင်း လူလည်းမရှိဘူးဆိုတော့ရိုက်ကြတာပေါ့ ။ ကျနောလည်း သိပ်မရိုက်တတ်ပါဘူး။ ကျနောက single ထက် double ပိုအားသန်တယ်လေ ။ဒါပေမယ့် partner ကတော့ခုထိမရှိသေးဘူး။ ကြက်တောင်ကတော့ ကျနောပဲထုတ်မယ်နော် ဒါတော့ ဆု မငြင်းပါနဲ့ lining G200 78speed ဆို အဆင်ပြေတယ်မလား။
ဆု : ဟုတ်ပါပြီ။ ဒါဆို ပွဲစ ကြရအောင်။ ဆု service ယူမယ် ရတယ်မလား။
ခန့် : ရတာပေါ့ စကြတာပေါ့။
Love all Play!
တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ရိုက်ပေမယ့်
ယောက်ျားလေးတွေနဲ့ training အမြဲလုပ်နေတဲ့ လင်းခန့် ကိုတော့ ဆုမြတ်သွယ် မယှဉ်နိုင်ပေ။ လင်းခန့် ကလည်း ကြက်တောင်နဲ့ ပတ်သက်ရင်
ဟိုးအရင်ထဲက သူ့ဆရာပြောထားတဲ့ စကားအတိုင်း တစ်သွေမတိမ်းလိုက်နာသူပင်" Court ပြင်မှာ ဘယ်လောက်ပဲ ရင်းနီးတဲ့ လူ ဖြစ်ပါစေ court တွင်း တစ်ဖက်စီရောက်နေရင်တော့ သူဟာ ကိုယ့်ရဲ့ ပြိုင်ဘက်ပဲ '' ဆိုတဲ့စကားပင်။
ဒါပေမယ့် ဒီပွဲမှာတော့ လင်းခန့်ရဲ့ မသိစိတ်က အလျော့ပေး ရိုက်နေမိတာကိုတော့ လင်းခန့်ကိုယ်တိုင်သတိမထားမိ။ ပွဲပြီးတော့ ၂၁ -၁၅ ဆိုတဲ့ အမှတ်နဲ့ လင်းခန့် သာနိုင်လေသည်။
ဆု : လင်းခန့် ကဆရာကြီးပဲ။ ဆုကိုလျှော်ပေးလို့ ဆု အမှတ်ပြတ်မရှုံးတာ။
ခန့် : မဟုတ်ရပါဘူး။ ဆုလည်း ရိုက်ပေါက်တွေကောင်းပါတယ်။ ကျနောက ယောက်ျားလေးတွေနဲ့ training တူတူလုပ်နေလို့ stamina နည်းနည်းသာရုံပါဗျာ။

YOU ARE READING
The environment effects
Nouvellesကျနောက ခုမှစရေးတာပါ။ဝါသနာရှင်လို့တောင်ပြောလို့မရပါဘူး။ဤficမှာ ကျနော၏လွန်ခဲ့သော3နှစ်ကျော်ခန့်ကဖြစ်ပျက်ခဲ့သောဖြစ်ရပ်မှန်ကိုအခြေခံ၍ရေးသားထားပါသည်။ တိုက်ဆိုင်မှုရှိခဲ့သော် တိုက်ဆိုင်မှုဟုပင်သဘောထားပေးပါရန်။ အမှားပါရင်ခွင့်လွှတ်ပါ။