ခန့် လည်း badminton ပြိုင်ပွဲ၀င်တာကနေကျနမာေရးေကြာင့်နားထား ရာက နေ ဆုမြတ်သွယ် ဆိုတဲ့ကောင်မလေးကြောင့် ပြိုင်ပွဲတွေ၀င်ပြိုင်ဖို့ အခွင့်အလမ်းဖြစ်လာခဲ့တယ်။
ဒီနေ့ လင်း ခန့် အိမ်ပြန်လာတော့ လမ်းမှာ မတွေ့ချင်တဲ့ လူတစ်ယောက်နဲ့ တွေခဲ့ရသည်။ နေ့လည်ခင်း ဆုနှင့် ပျော်ခဲ့ရတဲ့ ပေျာ်ရွှင်မှုလေးတွေ သူ့ကို မထင်မှတ်ဘဲတွေ့လိုက်ရတာကြောင့် အားလုံးပျောက်ပြယ်သွားခဲ့သည်။ ထို အမျိုးသမီး....။ လွန်ခဲ့တဲ့ 3နှစ်ခန့် လင်းခန့် ဆယ်တန်းတွင် လင်းခန့်၏ ဘ၀ကို ပြောင်းလဲအောင် စုတ်ပြတ်သတ်အောင် လုပ်ခဲ့သည့် အမျိုးသမီးဆို ပိုမှန်ပေမည်။ ထိုအမျိုးသမီးသည် ယခုချိန်ထိ လင်းခန့် ကို အနှောင့်အယှက်ပေးနေဆဲ....။
လင်းခန့် အားတင်းကာ အိမ်ပြန်ကာ ရေချိုးခန်းထဲ ၀င်ပြီး သောက်နေကြ စိတ်ငြိမ်ဆေးကို ထုတ်ကာ အမြန်သောက်လိုက်ကာ ငိုကြွေးနေလေသည်။ လင်းခန့် ထိုသို့ခံစားနေရသည်ကိုတော့ မည်သူမျှ မသိချေ။ လင်းခန့်မိဘနှစ်ပါးကတော့ လင်းခန့် ဆေးပြနေရတာကိုသိပေမယ့် အခြေအနေအတိအကျကိုမသိပေ။ အလုပ်တွင်သာ အမြဲအချိန်ကုန်နေကြသူများသားဖြစ်သည်။
လင်းခန့် အကြောင်းပြောရမယ်ဆိုရင် လင်းခန့်အသက် 15နှစ်ကျော် 16နှစ် လင်းခန့် 10တန်းမှစပြီး depression and schizophrenia ကို အပြင်းအထန်ခံစားခဲ့ရသည်။ ကျောင်းတွင် sexual bullying ကို သူငယ်ချင်းများ ဆရာမများထံမှ ခံစားခဲ့ရ၍ လင်းခန့် 10တန်း အိမ်၌ 1by 1 ခေါ်သင်သော ထိုအမျိုးသမီး၏ sexual harassment ကို ခံစားခဲ့ရသည်။ ထိုအမျိုးသမီးသည် လင်းခန့် အစ်မတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ဖြစ်ခဲ့သည့် လင်းခန့် အချစ်ဆုံး ဆရာမ တစ်ယောက် ဖြစ်သည်။ သို့သော် ယခု အခါတွင် လင်းခန့် ၏ အတိတ်ဆိုး ယခုချိန်ထိ ရရင်ရသလို နှောင့်ယှက်နေဆဲ့သူပင်.....
ထို စိတ်ဒဏ်ရာများကြောင့် လင်းခန့် 10တန်း တစ်နှစ်ကျခဲ့ရသည်။ လင်းခန့် ဝါသနာပါသော အားကစား ကို စွန့်လွှတ်ခဲ့ရပြီး တိုင်းလက်ရွေးစင်အသင်းမှ ထုတ်ခံခဲ့ရသည်။ လင်းခန့် ၏ မိဘများလည်း အပြောခံခဲ့ရသည်။ suicide 3ကြိမ်လုပ်ခဲ့ရာ မအောင်မြင်ခဲ့။ တစ်ခါတစ်ခါ သတိလစ်မေ့မြောသလို ဖြစ်ကာ တစ်ခါခါ ကိုယ့်ကိုယ်ကိုယ် မသိဘဲနာကျင်အောင် လုပ်မိတာ blackout အခြေအနေသို့ရောက်သွားတတ်သည်
ထိုစိတ်ဒဏ်ရာ တွေထဲကနေ လင်းခန့် ဘယ်ချိန်လွတ်မြောက်နိုင်မှာလည်း။
ဒီအပိုင်းမှာပါတဲ့ အကြောင်းအရာတွေ အားလုံးဟာ အပြင်မှာ ကျနောခံစားခဲ့ရတဲ့ ဖြစ်ရပ်မှန် ပင်ဖြစ်သည်။ ဒီအကြောင်းအရာကိုရေးရတာ ကျနော့အတွက် အရမ်းပဲနာကျင်ရပါတယ်။
စကားပြောစရာ တိုင်ပင်စရာ လူမရှိလို့ ဒီ fic လေးရေးမိတာဖြစ်တယ်ဆိုပိုမှန်လိမ့်မယ်။
YOU ARE READING
The environment effects
Short Storyကျနောက ခုမှစရေးတာပါ။ဝါသနာရှင်လို့တောင်ပြောလို့မရပါဘူး။ဤficမှာ ကျနော၏လွန်ခဲ့သော3နှစ်ကျော်ခန့်ကဖြစ်ပျက်ခဲ့သောဖြစ်ရပ်မှန်ကိုအခြေခံ၍ရေးသားထားပါသည်။ တိုက်ဆိုင်မှုရှိခဲ့သော် တိုက်ဆိုင်မှုဟုပင်သဘောထားပေးပါရန်။ အမှားပါရင်ခွင့်လွှတ်ပါ။