လူအများကြား၏အလယ်တွင် အပြစ်တင်ရှုံချခံနေရသော ကောင်လေး
ပတ်၀န်းကျင်က ဒီကောင် ကိုယ့်ကိုစာသင်ပေးတဲ့ဆရာမကိုကွာ ဆိုတဲ့ အသံတွေ...
ရွံစရာကောင်းလိုက်တာ....
မင်းက စောက်ရူး.... ၊ ရည်းစားရှိရက်နဲ့ ဆရာမလည်းမလွတ်ဘူး စ တဲ့ အသံတွေကို ကြားရင်း
"မဟုတ်ဘူး မဟုတ်ဘူး "ဟု အော်ကာ ချွေးများစိုရွဲကာ လန့်နိုးလာသော လင်းခန့်ပင်။ နာရီကိုလှမ်းကြည့်မိတော့ ၃နာရီ ။ဒါဟာ ပုံမှန်ပါပဲ ။ လင်းခန့် ထိုအချိန် ညတိုင်း ထိုအိပ်မက်ကို မက်နေသည်မှာ ၃နှစ်ကျော်ပင်ရှိသည်။ မနက်၃ နာရီ ဆိုသည်မှာ လင်းခန့် အကြောက်ဆုံး အချိန် ဖြစ်သည် ဟုပင် ဆိုရမည်။
ဒါပေမယ့် ဒီနေ့မှာတော့ပိုဆိုးသည်မှာ ညနေက မတွေ့ချင်သော သူ့ ကိုတွေ့လိုက်ရသည်။ အိပ်ပျော်သည်မှာ ၁နာရီပင်မပြည့်သေး ချိန် ထိုအိပ်မက်ကြောင့် မျက်ရည်များနှင့် လန့်ကာနိုးရပြန်သည်။
ထို့ကြောင့် သောက်နေကြ အိပ်ဆေးအားထပ်သောက်ကာ ကြိုးစားအိပ်လိုက်ရသည်။__________________---------__________________
Morning မားမား နဲ့ ပါးပါး
Morning သမီးလေးဆုဆုလေး ကျောင်းတတ်ရတာအဆင်ပြေရဲ့လား
ကျောင်းက ကြက်တောင်အဖွဲ့ရော စုံစမ်းပြီးပြီလား
အဲ့ club မှာ ပါးပါး မိတ်ဆွေ ရဲ့ တပည့် ရှိတယ် ပြောတယ်။ တိုင်းလက်ရွေးစင်ကနေ နားထားတာတဲ့ နမည်က လင်းခန့်မောင် တဲ့။ဆု စိတ်ထဲ အံ့ဩသွားသည် ။ တိုင်းလက်ရွေးစင်ဖြစ်ဖို့မလွယ်တာ ဘာကြောင့် နားရသလဲဆိုတဲ့အတွေးလည်း၀င်လာရသည်။
ဆု : ဟုတ်ကဲ့ ပါးပါး။ မနေ့ကတွေ့တယ် ။ဆုနဲ့တောင်တစ်ပွဲရိုက်လိုက်သေးတယ်။
ဆုဖေဖေ: ဟာ ဟုတ်လား။ ပွဲအခြေအနေဘယ်လိုလဲ။ ဆုဖေဖေသည် နိုင်ငံလက်ရွေးစင်ဟောင်းတစ်ယောက်ပင်။
လင်းခန့်ကစားတာကို ဆု ပထမဆုံးချိန် စတွေ့တုန်းကမြင်ဖူး၍ သဘောကျခဲ့သည်(play style ကို) မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် ယောက်ျားလေးများနှင့်ယှဉ်ရိုက်နိုင်သည်ကိုအလွန်သဘောကျခဲ့သည်။ လင်းခန့်ဘယ် club မှာကစားလည်းပါ သူကိုယ်တိုင်စုံစမ်းခဲ့ဘူးသည်။

YOU ARE READING
The environment effects
Historia Cortaကျနောက ခုမှစရေးတာပါ။ဝါသနာရှင်လို့တောင်ပြောလို့မရပါဘူး။ဤficမှာ ကျနော၏လွန်ခဲ့သော3နှစ်ကျော်ခန့်ကဖြစ်ပျက်ခဲ့သောဖြစ်ရပ်မှန်ကိုအခြေခံ၍ရေးသားထားပါသည်။ တိုက်ဆိုင်မှုရှိခဲ့သော် တိုက်ဆိုင်မှုဟုပင်သဘောထားပေးပါရန်။ အမှားပါရင်ခွင့်လွှတ်ပါ။