လင်းခန့်နဲ့ဇာနည်နဲ့ ချက်ချင်းပဲမှီရာ လေယာဉ်နဲ့အမြန်ဆုံးပြန်လာခဲ့ကြတယ်။ တစ်ဖက်မှာလည်း လင်းခန့်မားမားနဲ့ ခင်ကတော့ ငိုနေတာ ဘယ်လိုမှချော့မရပေ။ ခင်လည်း အားနည်းပြီး မူးလဲလို့ ဆေးပါချိတ်ထားရသည်။ လင်းခန့်အဖေနဲ့ အင်ကြင်းခန့်ကတော့ လင်းခန့်ရောဂါကိုအမြန်ဆုံးခွဲစိတ်ကုသဖို့တိုင်ပင်နေကြသည်။ ဒီရောဂါသည် အချိန်ဆွဲလို့ကောင်းသည့်ရောဂါမျိုးမဟုတ်တော့။
မနက်ရောက်သော် လေဆိပ်မှ ဇာနည်နဲ့လင်းခန့်ကို ဇာနည့်အတွင်းရေးမှူးမှလာကြိုသည်။ လင်းခန့်ရဲ့အိမ်ကိုပဲတန်းမောင်းလိုက်သည်။ အိမ်ရောက်သော်
လင်းခန့်ပါးပါး : သားခန့် သက်သာရဲ့လား။ပါးပါးသားကိုဆေးကုဖို့အကုန်စီစဉ်ပြီးပြီ ဘာမှမကြောက်နဲ့နော်။
လင်းခန့် :ပါးပါး မရော။ မ အဆင်ပြေရဲ့လား
ထိုစဉ်ဆု ကအိမ်ပေါ်ထပ်မှဆင်းလာကာ
ဆု :မမခင် အခန်းထဲမှာ ခုနကတင်အိပ်ပျော်သွားတယ်။ ဆေးလည်းသွင်းထားရတယ်
ခန့် : အာ့ဆိုကျနောလည်းသွားနားလိုက်ဦးမယ်။ညကတညလုံးမအိပ်ရသေးလို့။အခန်းထဲရောက်သော် ကုတင်ပေါ်၌ ဗိုက်ကို ဖက်လုံးလေးခံကာ ဘေးဆောင်းအိပ်ပျော်နေသောခင်။ လက်မှာလည်း ဆေးသွင်းပြီးလို့ ပလာစတာ ကပ်ထားသည်။ လင်းခန့် ဆံပင်လေးကိုအသာအယာသပ်ပေးလိုက်တော့ ငိုထားသည်ထင်တယ်။ မျက်ရည်များကိုတွေ့ရသည်။ ထို့နောက်လင်းခန့်လည်း ညကခရီးပန်းတာကြောင့်ရော ရောဂါကြောင့်ရော ခေါင်းကိုက်လာ၍ ခင့်ဘေး၌ ၀င်လှဲကာ ခင့်ကိုနောက်ကနေအသာဖတ်ထာူကာ အိပ်ပျော်သွားသည်။
******************
ခင့်အိပ်မက်ထဲမှာ မောင်က ခင့်ကိုဖတ်ထားတယ်လို့မက်တယ်။ တကယ်အပြင်မှာလည်း ခင့်ကိုတစ်ယောက်ယောက်နောကဖတ်ထားသလိုခံစားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်ခုံးမွှေးထူထူ နှာတံဆင်းဆင်နဲ့ ခန့်ညာတဲ့မျက်နှာရှိတဲ့ မောင့်ကိုတွေ့လိုကိရတော့ ခင်၀မ်းသာသွားရသလို မောင့်ရောဂါအကြောင်းတွေးမိရင် ၀မ်းနည်းရပြန်သည်။ ခင်လည်း မောင့်မျက်နှာလေးကိုအသာအယာကိုင်လိုက်တော့ အအိပ်ဆက်သည့်မောင်မှာနိုးလာသည်။
လင်းခန့်က "မ နိုးပြီးလား အိပ်ရေးရော၀ရဲ့လားဟင်"လို့မေးတော့ ခင် "၀ပါတယ်မောင်ရယ်။ မောင့်မျက်နှာလေးတောင်နည်းနည်းချောင်သွားသလိုပဲကွယ်။ မောင် ရောဂါကိုအမြန်ဆုံးကုရအောင်နော်။ မကိုထားမသွားပါနဲ့။ မောင်မရှိရင် မသေလိမ့်မယ်။
ခန့် :ဟာ မကလည်း ဘာလို့သေစကားတွေပြောနေရတာလည်း။ မောင် ဒီနေ့ကစပြီးဆေးကုသမှူခံယူမှာပါ။ ခနနေတောင်ဆေးခန်းသွားမလို့။
ခင် :အာ့ဆိုလည်းမြန်မြန်လုပ်။
ခန့် : နေပါဦး။ကျွန်တော် သားသားလေးတွေနဲ့စကားပြောကြည့်ချင်လို့ဆိုကာ ခင့်ဗိုက်နားမျက်နှာအပ်ကာ ၅လကျော်သာရှိသေးတဲ့ ကလေးတွေကို မကန်သေးဘူးလားမေးနေလေသည်။_____
ခန့်လည်း အင်ကြင်းခန့်ရဲ့အကူအညီနဲ့ ဦးနှောက်နဲ့အာရုံကြောအထူးကုဆီပြကာ ခွဲစိတ်ဖို့တိုင်ပင်သည်။ ဆရာ၀န်ပြောစကားအရ ခန့်ခေါင်းထဲကအကြိတ်ကအလျင်အမြန်ပွားနိုင်သောကြောင့် ဖြစ်နိုင်ရင်ချက်ချင်းခွဲစိတ်စေချင်သောကြောင့် လင်းခန့်နေ့ချင်းဆေးရုံတတ်လိုက်ရသည်။ ဆေးရုံတတ်နေချိန်မှာ ခင်က အနီးကပ် စောင့်လျှောက်ပေးချင်သော်လာ်း လင်းခန့်က လက်မခံ။ ခင်ပင်ပန်းမှာဆိုသောကြောင့် အချိနိပိုင်းနှင့်သာလာစေသည်။
ဆေးရုံတတ်ပြီး ၃ရက်မြောက်နေ့မှာ လင်းခန့်ကို operation ၀င်ရန် ပြင်ဆင်သည်။
Operation,မလုပ်မှီမနက်တွင် ခင့်ကိုလင်းခန့်က "မ အရမ်းချစ်တယ်နော်။"ဟုဆိုကာ နှဖူးလေးနမ်းလိုက်သည်။ ထို့နောက် ခေါင်းတွေထိုးကိုက်လာသလိူဖြစ်ကာ
"အဟွတ်" ဟူသောအသံနဲ့ သွေးများအန်လေသည်။ ခင်လည်း ချက်ချင်းပင် emergency callကိုနှိပ်လိုက်တော့ ဆရာ၀န်ကြီးများက ခန့်ကို operation ခန်းထဲတန်းခေ့်သွားသည်။
Operation Room ရှေ့တွေစောင့်ဆိုင်းနေသောမိသားစု၀င်များ မှာလည်း ထိုင်းရမလို ထရမလိူဖြစ်နေသည်။ ခင့်မှာလည်း မျက်ရည်တွေအတားအဆီးမဲ့စွာကျနေလေသည်။ ထို့နောက် operation assistant doctor မှ သွေး လိုအပ်သည်ဟုဆိုတော့ ကံကောင်းသည်မှာသွေးကအလွယ်တကူရှာလို့လွယ်သွားသည်။ ၆နာရီလောက်ကြာပြီးနောက် Operation room ထဲမှ professor ထွက်လာတော့ အခြေအနေတွေကို မိသားစု၀င်တွေကရှင်းပြလေသည်။ "သတင်းဆိုးနဲ့သတင်းကောင်း၂ခုတော့ရှိတယ်။ "
ခန့်ပါးပါး:ဟုတ်ပြောပါဗျ။
Prof: သတင်းကောင်းကတော့ operation အောင်မြင်ပါတယ် အကြိတ်ကိုဖယ်လိုက်နိုင်ပါတယ်။ အကြိတ်က အာရုံကြောကိုဖိထားတဲ့အတွက်တော်တော်ခက်ခဲခဲ့ပါတယ်။ သတင်းဆိုးကတော့ အတတ်နိုင်ဆုံးကြိုးသားခဲ့ပေမယ့် လူနာက coma ၀င်သွားပါတယ်။ သတိပြန်ရလာရင်တောငိ မှတ်ဉာဏ်တချို့ပြန်ရချင်မှရမှာပါ။ ခနနေလူနာကို ICUထဲေရွှ့ေပးထားပါ့မယ်။ခွင့်ပြပါဦး"
ဆရာ၀န်ရဲ့ စကားကြားပြီးတော့ ခင်နှင့် ခန့်အမေမှာ အရုပ်ကြိုးပျက်ဖြစ်ကာ ထိုငိခုံတွင် ထိုင်နေလျက် ခင့်မှာ မူးလဲသွားလေသည်။__________________________________________
Wan511
25.6.23
12:42AMနေမကောင်းလို့ခနပျောက်ပါတယ်။ဇာတ်ကသိမ်းပါတော့မယ်ဗျ
YOU ARE READING
The environment effects
Short Storyကျနောက ခုမှစရေးတာပါ။ဝါသနာရှင်လို့တောင်ပြောလို့မရပါဘူး။ဤficမှာ ကျနော၏လွန်ခဲ့သော3နှစ်ကျော်ခန့်ကဖြစ်ပျက်ခဲ့သောဖြစ်ရပ်မှန်ကိုအခြေခံ၍ရေးသားထားပါသည်။ တိုက်ဆိုင်မှုရှိခဲ့သော် တိုက်ဆိုင်မှုဟုပင်သဘောထားပေးပါရန်။ အမှားပါရင်ခွင့်လွှတ်ပါ။