Unicode
ဝီလီယမ်ရဲ့ထူးဆန်းတဲ့လူသတ်မှု
"မင်းမသိဘူး မင်းဘာမှမသိဘူး
သူ့ကိုချစ်တာတစ်ခုတည်းနဲ့တင်မင်းကစုံလုံးကန်းနေတာပဲ အသိတရားဝင်စမ်းပါ!!""ဝိန်းကိုငါချစ်တယ်
ဒါကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး""ဖီးလီးယက်စ်!!"
အသံတွေ
အမှောင်ထုထဲကနေတဝီဝီကြားနေရတဲ့အသံတွေ
သူဟာအဲ့ဒီအချိန်မှာအိပ်မွေ့ချထားခံရတဲ့လူတစ်ယောက်လိုပဲ
အရာအားလုံးကမပီမသနဲ့ဝေဝါးနေတဲ့မြင်ကွင်းတွေမှတစ်ပါး၊ပဲ့တင်ရိုက်ခတ်လာတဲ့အသံတွေမှတစ်ပါးမှုန်မှိုင်းနေတယ်။တစ်ဖန်အဲ့ဒီမှာပဲထပ်မြင်လိုက်ရတဲ့မီးခိုးရောင်တွေ။
မီးခိုးရောင်နဲ့အညိုရောင်တွေကရောထွေးယှက်နွယ်နေတယ်။"ငါတို့ရှေ့ဆက်နိုင်မယ်လို့ထင်လို့လား"
"ဟင့်အင်း ဝိန်း
ငါတို့မဖြစ်နိုင်တော့ဘူး""နှုတ်ဆက်ခဲ့ပါတယ်"
ပုံရိပ်အပိုင်းအစပြတ်တစ်ခု။
မီးတိုင်ဝါးဝါးအောက်မှာလူနှစ်ယောက်ရှိတယ်။
အဲ့ဒီပုံရိပ်ကိုမြင်လိုက်ပြီးရုတ်တရက်စို့နင့်လာသလိုပဲ
ရင်ဘတ်ကိုအစိုင်အခဲတစ်ခုခုနဲ့ဖိထားသလိုမျိုး
နှလုံးကမခံမရပ်နိုင်အောင်ခုန်နေပြီးစိတ်တွေကထိန်းချုပ်မရဖြစ်လာတယ်။
သူဟာအိမ်မက်ကနေနိုးမထလာနိုင်တော့တဲ့လူလိုဒီကမ္ဘာထဲမှာပိတ်မိနေသလိုလို..."ကျွန်တော့်ကိုချစ်သေးလားဟင်"
"မင်းကိုမချစ်ခဲ့တဲ့နေ့ရက်တစ်ရက်လေးမှတောင်မရှိခဲ့ပါဘူး"
"မဟုတ်ဘူး မင်းငါ့ကိုဒီလိုထားသွားလို့မရဘူး
မရဘူးလို့!!!"အာခေါင်ခြစ်အော်လိုက်တဲ့အသံတစ်သံရဲ့နောက်ဆုံးမှာချွေးစီးချွေးပေါက်တွေနဲ့အတူအိပ်ရာကနေနိုးထလာရသည်။တိုင်ကပ်နာရီရဲ့တချောက်ချောက်မြည်သံကဒီနေ့မှပဲကျယ်လောင်နေသလိုလို။
အပ်ကျသံတောင်ကြားရလောက်တဲ့ဒီအခန်းထဲမှာနာရီသံကတဖြည်းဖြည်းကျယ်လောင်လာလိုက်တာများနားတွေတောင်အူလာတဲ့အထိ။
နားထင်ကြောနှစ်ဖက်ကိုနှိပ်နယ်လိုက်ကာရေတစ်ခွက်ယူပြီးသောက်လိုက်မိသည်။
YOU ARE READING
Two Men In One Look (Completed)
FanfictionThere was a story about two men who fell in love with the same man But their story had already been a sad ending What if there is a chance to fix all these things,will we be able to rewrite the stars?