Unicode
ဟောင်းနွမ်းနေသောလက်မှတ်လေးတစ်စုံ
"Book Of Vinc
ဝိန်းမျိုးရိုးအဆက်ဆက်ထိန်းသိမ်းလာခဲ့ပြီးအချိန်ယန္တရားကိုစေစားနိုင်တဲ့စာအုပ်
နောက်တစ်မျိုးပြောရရင်သိပ်ကိုအန္တရာယ်များလှတဲ့စာအုပ်ပဲ""ဒါဆိုတစ်ယောက်ယောက်ကသုံးထားတာလား"
"ဖြစ်နိုင်တယ် ဒီကိုမင်းရောက်လာခဲ့တာကလည်းအဲ့ဒါကြောင့်"
"ကျွန်တော်စာအုပ်ကိုတွေ့ရင်ကျွန်တော်လာခဲ့တဲ့ခေတ်ကိုပြန်သွားလို့ရနိုင်လား"
"မရနိုင်ဘူး အသုံးပြုသူကမင်းကိုလုပ်စေချင်တဲ့ရည်ရွယ်ချက်တစ်ခုရှိတယ် အဲ့ဒီရည်ရွယ်ချက်ပြီးမြောက်မှပဲမင်းကကိုယ်လာခဲ့တဲ့နေရာကိုပြန်သွားနိုင်လိမ့်မယ်"
"အဲ့လိုမှမဟုတ်ရင်ရောပြန်သွားလို့မရဘူးလား
နောက်ထပ်နည်းလမ်းရှိရမှာပေါ့""တခြားနည်းလမ်းမရှိဘူး"
"ကျွန်တော့်ခေါတ်မှာဆိုကျွန်တော်ကတက္ကသိုလ်ကျောင်းသားပဲရှိသေးတာ ခင်ဗျားတို့ရဲ့ဒီလိုရှုပ်ထွေးပွေလီနေတဲ့ဇာတ်လမ်းထဲကိုဘာဆိုင်လို့ရောက်လာပြီးပြဿနာလိုက်ရှင်းနေရတာတုန်း"
"မဟုတ်မှလွဲရော ကျွန်တော်ကဖီးလစ်ဝင်စားထားလို့လား"
ဂျီမင်းကသိချင်စိတ်ပြင်းပြစွာဖြင့်ဝိန်းအားမေးလိုက်သည်။
ဝိန်းကတော့စိတ်ဝင်စားမှုတစ်ချက်မျှတောင်မပြဘဲတစ်ဖက်ကိုမျက်နှာလှည့်သွားကာကြမ်းပြင်ပေါ်မှကော်ဇောကိုဆွဲလှန်လိုက်သည်။"ခင်ဗျားတကယ်လူမှုရေးခေါင်းပါးတာပဲ
စကားပြောနေရင်ပြန်ပြောရမယ်မှန်းနားမလည်ဘူးလား""မင်းကိုကိုယ်စည်းကမ်းတွေပြောပြထားတယ်လေ"
"အခုအဲ့ဒါနဲ့ဘာဆိုင်လို့လဲ!!"
"စည်းမျဉ်းနံပါတ်၃ စကားကိုတည်တည်တံ့တံ့ပြော
အပိုစကားတွေမပြောနဲ့""ကျွန်တော်အခုအတည်ပဲပြောနေတာလေ"
"ယုတ္တိမရှိဘူး"
"ဘာ..အဲ့တာကြောင့်ဘဲပစ်ခံရတာ"
"မင်းဘာပြောတာလဲ အဲ့ဒီစကားကဘာအဓိပ္ပါယ်လဲ"
YOU ARE READING
Two Men In One Look (Completed)
Fiksi PenggemarThere was a story about two men who fell in love with the same man But their story had already been a sad ending What if there is a chance to fix all these things,will we be able to rewrite the stars?