Unicode
ဗလာနယ်မြေထဲအညိုရောင်တွေစွန်းထင်းနေခဲ့တယ်
"အစ်ကိုထွက်မသွားပါဘူး မငိုပါနဲ့တော့"
ဝိန်း၏ရင်ခွင်ထဲတွင်ဂျီမင်းသည်လုံးလုံးလျားလျားနစ်မြုပ်နေသည်။အချိန်အတော်ကြာသည်အထိဝိန်းကသူ့ကိုလွှတ်မပေး။
အလွမ်းသယ်သည့်အရှိန်ရပ်သွားပြီဖြစ်၍အနည်းငယ်အိုးတိုးအမ်းတမ်းခံစားလာရကာရှက်ပင်ရှက်လာရသည်။
ထို့ကြောင့်သူ၏လက်ကိုမြှောက်လိုက်ကာအတင်းကာရောဖက်ထားသောဝိန်း၏လက်မောင်းကိုခပ်ဖွဖွပုတ်လိုက်သည်။ဒီအချိန်မှသာဝိန်းကသူ့ကိုလွှတ်ပေးလိုက်သည်။"အမ် အဟမ်း..."
ဝိန်းကသူ့ကိုလွှတ်လိုက်သည့်အချိန်တွင်ဂျီမင်း၏မျက်နှာကခရမ်းချဉ်သီးတစ်လုံးကဲ့သို့ပင်နီရဲနေသည်။
"ကျွန်တော်...ကိုယ်...?"
"ရ..ရပါတယ်..အရင်ကလိုပဲဆက်ဆံပါ"
ယခုအချိန်တွင်ဂျီမင်းသည်သူ၏မျက်နှာကြီးကိုတစ်နေရာရာသို့သာသွားပြီးအပ်ထားလိုက်ချင်တော့သည်။
ဝိန်းကိုကြည့်လေ ပို၍ရှက်လာရလေပင်။ဝီလီယမ်ကသူဆိုတာလက်ခံလိုက်ရပြီးနောက်ပိုင်းဝိန်းရဲ့အကြည့်များကယခင်ကနှင့်မတူတော့ပေ။
ချက်ချင်းဆိုသလိုချစ်ခြင်းများကပျော်ဝင်လာပြီးနူးညံ့မှုများပြည့်လျှံသွားရသည်။အော် တတ်လည်းတတ်နိုင်ပါပေ့။
"မင်းကတကယ်ကိုပဲအစ်ကိုပေါ့လေ"
ဝိန်းကဂျီမင်း၏ပါးပြင်ကိုခပ်ဖွဖွပွတ်ကာစိုက်ကြည့်ရင်းမေးသည်။
"၂၁ရာစုကအစ်ကိုကမင်းပဲကိုး
၂၁ရာစုကအစ်ကိုကဒီလိုမျိုးလား""ဘာဖြစ်လို့လဲ"
"ကိုယ်နည်းနည်းတော့မကြိုက်ပေမယ့်အစ်ကိုဖြစ်နေတော့ချစ်ပါတယ်"
"ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ
ဘယ်သူကအတင်းကြိုက်ခိုင်းနေလို့လဲ""မင်းကရှပ်ပြာနိုင်တယ်လေ"
"မစ္စတာဝိန်း ကျွန်တော်က၂၀ရာစုတုန်းကဝီလီယမ်ပေမယ့်၂၁ရာစုမှာတော့ပတ်ဂျီမင်းပါပဲ
မစ္စတာဝိန်းကြိုက်တဲ့ပုံစံမဟုတ်ပါဘူး
ပြီးတော့မစ္စတာဝိန်းကကြိုက်တာမကြိုက်တာကိုလည်းကျွန်တော်ကဂရုမစိုက်ပါဘူး"
YOU ARE READING
Two Men In One Look (Completed)
FanfictionThere was a story about two men who fell in love with the same man But their story had already been a sad ending What if there is a chance to fix all these things,will we be able to rewrite the stars?