1

2.2K 66 0
                                    

(unicode )

"သင်္ခ အုပ် စိုး! "

"ပြော...အဖိုး"

Throne စံအိမ်တော်ကြီးရှိ အိမ်ရှေ့ဧည့်ခန်းကြီး၌ အရှိန်ဝှာအပြည့်နှင့် လူနှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြသလို လူယုံတော် ဖြစ်တဲ့ တပည့် လေးယောက် အပြင်သက်တော်စောင့် များလဲရှိနေသည်။ မျက်နှာချင်းဆိုင် ထိုင်နေတဲ့သူ နှစ်ယောက်နှင့် လူယုံလေးယောက် မှလွဲရင် အိမ်မှာရှိတဲ့ အကူတေနှင့် တစ်ခြားသက်တော်စောင့် တေမှာမူ ပေးထားတဲ့ မိမိရဲ့အလုပ်မှတစ်ပါး တစ်ခြားသော အရာများအား ဝင်ပါခြင်းမရှိရ။ ဥပမာ_ သခင်ကြီးနှင့် သခင်လေးတို့ ပြောတဲ့စကားများအား နားထောင်နေခြင်း မရှိရ ကြားနေခဲ့ရင်တောင် တစ်ဖက်နားကဝင် တစ်ဖက်နားကပြန်ထုတ်ရသည်။

စံအိမ်တွင်းမှ ကိစ္စများ အပြင်မှာထုတ်ပြောခွင့်မရှိ။ သစ္စာဖောက်ခဲ့ရင် ထိုလူသည် လွတ်လမ်းမရှိ။ စည်းကမ်းတေ အိမ်တော်အတွင်းအများပြား ထုတ်ထားပြီး အမှားလုပ်ခဲ့ရင် အပစ်ဒဏ်များလဲ ရှိသည်။ သို့သော် စံအိမ်မှာ အလုပ်လုပ်သူတိုင်း စစ်ဆေးမှုများစွာ ဖြတ်သန်းရပြီး စိတ်ချရမှ ခန့်ထားခြင်းဖြစ်တာကြောင့် စည်းကမ်းဖောက်ခြင်း သစ္စာဖောက်ခြင်း မစိုးရိမ်ရပေ။ သက်တော်စောင့်တေမှာလဲ သခင်ကြီးနှင့် သခင်လေးကိုယ်တိုင် လက်ရုံးရည်ကြည့်ပြီးမှ ခန့်အပ်ထားခြင်း ဖြစ်ပြီး အထူးလေ့ကျင့်ရေးများ ဆင်းထားလေ့ကျင့်ထား ပြီးမှစံအိမ်တွင်း နေရာရတာပင်။ 

Throne စံအိမ်တော်က Aနိုင်ငံမှာ အာဏာရှိပြီး အချမ်းသာဆုံး နံပါတ်တစ် စံအိမ်ဖြစ်သည်။ Aနိုင်ငံ ဒရိုက် မြို့တော်တွင် throne ကပိုင်တဲ့ စီးပွားရေးအ​မြောက်များ ရှိပြီး အိမ်တော်ရှိ သခင်ကြီးရဲ့ အာဏာနှင့်အရှိန်ဝှာက ကြီးမားခြင်း ဖြစ်တာကြောင့် ယခုချိန်ထိ throne အားယှဥ်နိုင်သူ စီးပွားပြိုင်ဘက်မရှိ။ မနာလို ကြံစည်သူ အချို့တော့ရှိတတ်သည်။ သခင်လေးဖြစ်သူမှာလဲ အဖိုးဖြစ်သူထက်ပင်မနည်း ပိုတောင်ပိုလောက်တဲ့ အာဏာနဲ့ချမ်းသာကြွယ်ဝမှု ရရှိထားသည်။ သခင်ကြီး၏ အမွေများအပြည့်ဝရထားပြီး ကိုယ်ခန္ဓာမှာလဲ လေ့ကျင့်မှုများကြောင့် တောင့်တင်းကျစ်လစ်ကာ ကျယ်ပြောလှတဲ့ ကျောပြင်နှင့်ရင်အုပ်ကြီးလဲ ပိုင်ဆိုင်ထားပြီး လက်နှစ်ဖက်လုံး မှာလဲ သွေးကြောစိမ်းများ ယှက်ဖြာ နေသည်။ အရပ်မောင်းမှာလဲ 6ပေ3 ရှိခြင်းကြောင့် ရှည်လျားတဲ့ခြေထောက်တစ်စုံနဲ့အတူ တစ်ခြားသူများနဲ့ ယှဥ်ရင် ပြီးပြည်စုံပြီး တပ်မက်ချင်စရာ အကောင်းဆုံးသူ ဖြစ်နေသည်။

ခင်ဗျားလေး (ပိုင်ရှင်)Where stories live. Discover now