9

773 38 1
                                    

(unicode )

Throne ပိုင်ဆိုင်မှုထဲက တစ်ခုဖြစ်တဲ့အပြင် သင်္ခအုပ်စိုး အားအဖိုးဖြစ်သူမှ ပေးထားပြီး ဒရိုက်မြို့ပေါ်က အကောင်းဆုံးအဆင့်ရှိတယ်လို့လဲ ဆိုလို့ရတဲ့ hotel ကြီးရဲ့ မြေညီထပ်က အကောင်းဆုံး အခန်းကြီး၌ ပွဲရှိတာကြောင့် လူအများဝင် ထွက်နေလေရဲ့။ ထိပ်တန်းသူဌေးစာရင်း ဝင်တဲ့သူတေပါ ရှိနေတာမို့ လုံခြုံရေးပါ တိုးမြင့်ထားရသည်။

ဒုဆေးရုံအုပ်၏ သမီးဖြစ်သူအားကြွားလုံး ထုတ်ပွဲဆိုပင်မယ့် တကယ့်ပွဲစည်နေတဲ့ အကြောင်းကတော့ သီးသန့်ရှိနေလေတယ်။

"ဟဲ့ ငါကြားတာဒီနေ့ Throneက သခင်ကြီးလာမယ်တဲ့"

"ဟယ် ဟုတ်လား..."

"ငါ့အဖေပြောတာတော့ သခင်လေးကိုပါဖိတ်ထားတယ် ဆိုဘဲ"

"ငါကြားရသလောက်က Throneကသခင်လေးက ပွဲတေမတတ်ဘူးလေ ရုပ်တောင်သခင်ကြီးနဲ့ ရင်းနှီးလွန်းတဲ့ လူထဲကတစ်ချို့လောက်ဘဲ မြင်ဖူးတာတဲ့။ ဒါတောင်တိုက်ဆိုင်မှတွေ့ရတာပြောတယ်"

"ဒါဆို ငါတို့ဒီနေ့သခင်လေးကို တွေ့ရဖို့ကံပါမလားမသိ"

"တွေ့ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လာကြတာဘဲလေ"

ပွဲအတွင်းက စကားသံတစ်ချို့က တစ်စထက်တစ်စ ပျံနှံ့ နေကြပြီး သူဌေးတေရဲ့ သားသမီးတေတင်မက ပွဲထဲမှာရှိတဲ့လူအားလုံးရဲ့ စိတ်ထဲမှာ Throneကသခင်လေးကိုသာ စိတ်ဝင်စားနေကြလေတယ်။ မြို့တော်ရဲ့ အာဏာအရှိဆုံး အချမ်းသာဆုံးဖြစ်တဲ့ သခင်လေး ဖြစ်တဲ့အပြင် အေးစက်တယ်ဆိုတဲ့ သတင်းတေကြောင့် ဘယ်လိုပုံလဲချောလား တောင့်လား သူတို့သမီးတေနဲ့ မိတ်ဆက်ပေးရန် ဒါတေဘဲစပ်စုတွေးနေကြတာပင်။

"သခင်ကြီး ကြွပါ "

"လာပေးတာ ကျေးဇူးအထူးတင်ပါတယ် "

"မလိုပါဘူး မိတ်ဆွေဘဲဟာ"

နောက်မှာ သက်တော်စောင့်အပြည့်နှင့် ဝန်းရံပြီး ခန်းမထဲဝင်လာတဲ့သူအား အကုန်လုံး နှုတ်ဆက်နေကြသည်။ ရာဇာအုပ်စိုးဆိုတဲ့ သခင်ကြီးက တကယ်နုပျိုတာဘဲ အသက်ကြီးပင်မယ့် မပျက်စီးဘူးဆိုတာ သခင်ကြီးနဲ့မှအမှန်လို့ ပြောလို့ရပေမည်။  သခင်ကြီးရဲ့ အရှိန်ဝှာတောင် ဒီလောက် ကြီးတာ သူ့မြေးဆိုဘယ်လိုလာ မလဲမသိ။

ခင်ဗျားလေး (ပိုင်ရှင်)Where stories live. Discover now