3

1K 52 1
                                    

(unicode )

warning ရိုင်းတဲ့စာလုံးတေပါတာမို့ အဆင်မပြေရင်ကျော်သွားပေးပါနော်။

"သူငယ်ဂျိုး..."

နှောင်းခတ် တစ်ယောက်နားနေခန်းထဲ မှိုင်ကာနေတုန်း ရင်းနီးတဲ့အော်ခေါ်သံကြောင့် မျက်နှာလေးပြန်ဝင်းလာသည်။ သူ့ရဲ့ချစ်သူငယ်ချင်းကြီး ရောက်လာပြီ။

"အယ်... မင်းမျက်နှာက ဘာလို့လဒကြီးလိုမှိုင်နေလဲ"

"အီးးဟီးး ဝသုန် ငါတော့အလကားနေရင်း လင်ရတော့မယ်ထင်တယ်"

"ဟမ်!"

ဝသုန်လဲ ခွဲခန်းဝင်တာ ပြီးတာနဲ့မတည့်အတူနေ သူငယ်ချင်းကြီးဆီသို့ သွားတော့သူတောင်းစားက ငိုမဲ့မဲ့နဲ့။ ခုတော့တကယ်ငိုချလာတာပေါ့။

"ဗြဲ...ငါ့ကို အပိုင်သိမ်းနေတဲ့ကောင်ရှိတယ် ကူပါအုံး...အီးးဟီးး ငါသူ့ကိုကြောက်တယ်"

"နေ...နေပါအုံး ငါ့ကိုနည်းပါရှင်းပြပါ ဘာဖြစ်လဲ မင်းကအကုန်ကြောက်နေတာဘဲ"

ဝသုန်လဲ နှောင်းခတ် ပြောသမျှကိုခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်လိုက်ရတယ်။ တစ်ချို့တေမှာတော့ သူပါမျက်လုံးပြူးရလေတယ်။ အဲ့ကောင်လေးက ပြောရဲဆိုရဲရပ်ကွက်ကထင်တယ်။ ကြောက်တတ်တဲ့ သူ့သူငယ်ချင်း ကိုမှခုလိုခြောက်တော့ ငိုတာမဆန်းပေ။ဆရာဝန်သာ လုပ်နေတာသရဲဆိုအသေကြောက်တာ။ သူnight ဂျူတီကျတဲ့နေ့ဆိုဝသုန်ပါ လိုက်ယူရတာပင်။ သူတို့က သူငယ်ချင်း သုံးယောက်ရှိတာပင် ဆယ်တန်းမှတွေ့ကြပင်မယ့် တစ်ယောက်နဲ့တစ်ယောက် ငယ်သူငယ်ချင်းတေလိုပင်။ ဇင်မာက ခရီးကပြန်မရောက်သေးတော့ သူဘဲနှောင်းခတ်ရစ်သမျှ ခံနေရတာပေါ့။ တစ်ခြားသူတေနဲ့ဆိုတည်ငြိမ်သလောက် သူငယ်ချင်းတေနဲ့ဆို သူငယ်ပြန်တတ်တဲ့သူပင်။

"မင်းကလဲ သူ့ကိုအပြတ်ပြောပေါ့ ငါမကြိုက်ဘူးဘာညာ သေချာရှင်းပြပေါ့"

"ရှင်းပြလဲ မရလောက်ဘူး "

ဝသုန်လဲ မနေ့ကနှောင်းခတ်ကို ဝင်ကူညီတဲ့သူအကြောင်း ကြားပြီးပါပြီ။ မနက်ကလဲလာသွားတယ်ဆိုတာလဲ သိပြီးပြီ။ သိဆိုဆေးရုံတစ်ခုလုံး ပြောနေတာကို ချောလိုက်တာတို့ ငါ့အကြိုက်တို့ ခန့်လိုက်တာတို့စုံနေရောပေါ့။ ဒီကြားထဲ နှောင်းခတ်ကို လင်ပေးစားနေကြ တစ်ဖွဲ့ကရှိသေးသည်။

ခင်ဗျားလေး (ပိုင်ရှင်)Where stories live. Discover now