7

810 34 0
                                    

(unicode )

"လွမ်းလိုက်တာ ခင်ဗျားလေးရယ်"

သင်္ခအုပ်စိုးတစ်ယောက် သူ့ဒေါက်တာ အသေးလေးအား တောင်းရမ်းပြီးနေ့ညထဲက အလုပ်ကိစ္စပေါ်လာတာမို့ Cမြို့တော်ကိုရောက်ရှိနေသည်။ မတွေ့ရတာ နှစ်ရက်ရှိပြီမို့ ဒေါက်တာလေးရဲ့ ကိုယ်သင်းနံ့လေးလဲ သူ့ထံမှာပျောက်ကွယ်နေပြီပင်။ ရောက်တဲ့ညထဲက လွမ်းလွန်းတာကြောင့် သူတပည့်တေအား အခန်းထဲ၌ cctvတပ်ခိုင်းထားသည်။ အပန်းဖြေစံအိမ်မှအစ တစ်ခြံလုံး အိမ်သာရေချိုးခန်းမှ လွဲလို့ သူလေးရှိနိုင်မယ့် နေရာအဆုံးထိဆို ဆေးရုံကအစသီးသန့် သူ့တစ်ယောက်တည်းကြည့်ရန်သာ cctvများ တပ်ဆင်ထားပြီး ဖြစ်သည်။ ခုလဲတစ်ဖက်လူနဲ့ လုပ်ငန်းကိစ္စပြောနေတုန်း ခဏသာမကြည့်ရသေးတာ သူ့မှာဆယ်နှစ်လောက်မတွေ့ရသလို လွမ်းနေပြီပင်။

တကယ်ပါ ခင်ဗျားလေးနဲ့ ပတ်သက်ရင် ကျုပ်ရူးလွန်းတယ်။

စားပွဲခုံကို လက်ဖြင့်တစ်တောက်တောက် ခေါက်နေရင်း သူ့နှုတ်မှပါထွက်ပြောမိတဲ့ အသံအားရှေ့က စာရွက်တေပြင်နေတဲ့သူက ကြားသွားကာ ပြုံးလာသည်။

"ငါ့ညီ တစ်ယောက်ယောက်ကို လွမ်းနေတာထင်တယ်"

"အင်း အဲ့လိုပေါ့"

"ဒီလိုအေးစက်တဲ့ သူကိုများဂနာမငြိမ် ဖြစ်အောင်လုပ်နိုင်တာ ဘယ်သူလေးလဲ"

ခနဲ့တဲ့စကားမျိုး မဟုတ်ဘဲ ရင်နှီးတဲ့သူကစနောက် သလိုသာမို့ သင်္ခလဲ ကောင်းမွန်စွာပြန်ဖြေလိုက်သည်။

"weddingကျဖိတ်လိုက်ပါ့မယ် အကို့အမျိုးသားနဲ့ ကလေးပါလာခေါ်ခဲ့ပေါ့"

"ဟားဟား...ခေါ်ရမှာပေါ့ကွာ အမှန်တိုင်းပြောရင် အကိုလဲအိမ်ကလူကို လွမ်းနေပြီလေ ဒါကြောင့်စာချုပ်လေး အမြန်လက်စသက်ကျတာပေါ့"

"ကောင်းပါပြီ"

ပျော်ပျော်နေပြီး ပေါ့ပါးလွတ်လပ်စွာ စကားပြောတတ်တဲ့ သူကြောင့် သင်္ခမျက်နှာမှာလဲ အပြုံးရေးရေးလေးဖြစ်လာသည်။ သူလိုအလွမ်းသမားချင်း တူနေတာကို။ ကျန်ရှိသေးတဲ့ စာရွက်စာတမ်းတေ စစ်ပြီးတာနဲ့ လက်မှတ်ထိုးဖို့သာအမြန် ပြင်ဆင်လိုက်သည်။ ကိစ္စပြီးတာနဲ့ မနားတော့ဘဲသူလေးဆီသာ တန်းပြန်မယ်ပင်။ ရောက်ရင်တော့ရင်ခွင်ထဲက မထွက်ခိုင်းတော့ဘူး။

ခင်ဗျားလေး (ပိုင်ရှင်)Where stories live. Discover now