6

900 41 0
                                    

(unicode )

"ခင်ဗျားလေး ကျုပ်ကို တစ်ခါလောက်ချစ်ကြည့်ပေး"

"တော်ပါတော့ ငါဒါဘဲကြားနေရတယ်"

နိုးလာထဲက ငြင်းနေရတဲ့အဖြစ်က ခုထိမပြီးပေ။ ခုလဲဆန်ပြုတ်တာလာတိုက်နေတာ ဘေးနားမှာ တောက်တဲ့သဖွယ်ကပ်ပြီး ထိုစကားသာအကြိမ်ကြိမ် မငြီးငွေ့နိုင်ပြောနေသူကြောင့် နှောင်းခတ်တာရာ စိတ်ညစ်နေရသည်။

သင်္ခအုပ်စိုးတစ်ယောက် မျက်စိရှေ့က ယုန်ပေါက်လေး သဖွယ်အသေးလေးအား မျက်တောင်မခပ်တန်း ကြည့်နေမိသည်။

"ပြွတ်....အင်းးး မဆိုးပါဘူးအရသာရှိသားဘဲ"

"မင်းး.."

ရဲတင်းလွန်းတဲ့ နတ်ဆိုးကောင်က ဆန်ပြုတ်တစ်ဇွန်း ခပ်သောက်လိုက်တဲ့  နှုတ်ခမ်းသား အိအိလေးကို ငုံ့ကာ တစ်ချက်စုပ်ယူနမ်းသည်။ ထိုကဲ့သို့အပြုမှုတေမှာ နှလုံးရပ်မတတ်လန့်ရသူမှာ နှောင်းခတ်တာရာ ပင်။

"အရမ်း တစ်ဇွတ်ထိုးနိုင်တာဘဲ"

"ခင်ဗျားလေးက လုပ်ပြီ"

"ဟမ်...ငါဘာလုပ်လို့လဲ စကားဘဲပြောတာလေ"

"အဲ့ပြောတာကိုဘဲပြောတာလေ ခင်ဗျားလေးရယ်"

လုပ်ချင်တာလုပ်လိုက်ရလို့ ကျေနပ်နေတဲ့ အပြုံးနဲ့သူအား နှောင်းခတ်မျက်နှာလေး မှုန်သုန်ကာ ပြောလိုက်သော်လည်း သူပြန်ပြောတဲ့စကားက ကိုယ်ဘဲပြန်ကြောင်အရတာပင်။

သင်္ခအုပ်စိုးလဲ သူ့အား မှုန်သုန်ကာ စူပုတ်ပုတ်လေးနဲ့ အသေးလေးအား ကြည့်ကာ စနောက်ချင် စိတ်ပေါ်လာတာကြောင့် ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်သည်။ ထိုသို့ဖြေတာကိုလဲ ထုံးစံအတိုင်း အူတူတူလေးပင်။ ခေါင်းလေးကုတ်ပြီး ပြန်ပြောနေတဲ့ပုံလေးက အသည်းယားဖွယ်အတိ။

"မဟုတ်ဘူးလေ ငါပြောတာ မင်းကအရမ်းတစ်ဇွတ်ထိုး လုပ်တယ်ဘဲလေ ကျန်တာဘာမှမလုပ်ဘူးလေ"

"ခင်ဗျားလေးရယ် ကျုပ်က လူဘဲတစ်ဇွတ်ထိုးတာ မဟုတ်ဘူး ကျန်တာလဲတစ်ဇွတ်ထိုးတတ်တယ်"

"ဟမ်..."

"မ ဟမ်နဲ့  ကွာတာဆိုလို့ တစ်ဇွတ်ထိုးဆောင့်သွင်းတာနဲ့ ချော့သွင်းတာဘဲကွာတာ ဝင်သွားရင် ဒီဆိုဒ်ဘဲ"

ခင်ဗျားလေး (ပိုင်ရှင်)Where stories live. Discover now