5

994 46 0
                                    

(unicode )

"သင်္ခအုပ်စိုး!"

"ဘာလဲအဖိုးရာ ပြော...တော်ကြာနိုးလာတော့မယ်"

သင်္ခအုပ်စိုး တစ်ယောက်မနက်စောစောစီး သူလုပ်ခဲ့တဲ့ကိစ္စ သိသွားတဲ့အဖိုးက ရောက်လာကာ ဆူပူနေသောကြောင့် ဧည့်ခန်း၌ ထိုင်ကာပြောသမျှ နားထောင်နေရသည်။ သူသိတယ် အဖိုးဘာတေ ပြောတော့မလဲဆိုတာ။

"မင်း ဘယ်လိုတာဝန်ယူမလဲ "

"သူ့အိမ်မှာသွားတောင်းမှာပေါ့"

"သူ့အိမ်က မပေးရင်ရော မင်းဘာလုပ်မလဲ သူများသားပျိုလေးကို လုပ်ချင်တာလုပ်နေပြီး..."

သင်္ခလဲ အဖိုးဖြစ်သူအား ရှင်းပြဖို့ရာ ခုံအားနောက်မှီ ထိုင်နေရာမှ ကျောအားမတ်လိုက်ပြီး ရှေ့အနည်းငယ်တိုးလိုက်သည်။

"မပေးနေပေါ့ သင်္ခအုပ်စိုး ဘဝမှာမရတာမရှိဘူး"

"အေး သူကမင်းလက်နက်တေ မင်းပိုက်ဆံတေ မဟုတ်ဘူး လူကွ...မင်းလိုတိုင်းရမလား"

"သိတယ်လေ လူမှန်း တစ်ခြားလူတောင်မဟုတ်ဘူး အဖိုးမြေး သင်္ခအုပ်စိုး ချစ်တဲ့လူ"

ဦးရာဇာအုပ်စိုးလဲ ကြော်ညာဝင်နေတဲ့ မြေးဖြစ်သူအား ကြည့်ပြီး ဘာဆက်ပြောရမှန်းပင် မသိတော့ချေ။ သူ့မြေးတော်တော်ဖြစ်နေတာ...

"သူနိုးလာပြီး နေကောင်းရင်သူ့အိမ် သွားမယ် အဖိုးလိုက်ခဲ့ လိုက်တောင်းပေး"

"အော်....နောက်ဆုံးတော့ ဒီအဖိုးကြီးပါရမှာဘဲ"

"ဒါဆို အဖိုးပြန်တော့ ကျန်တာတေသိနေပြီမလား ကျွန်တော်အပေါ် တတ်တော့မယ်"

"မင်းး ငါနော်.... "

ဦးရာဇာအုပ်စိုးလဲ သူ့အားအဖြေပင်မစောင့် သူပြောချင်တာပြောပြီး ထသြားတဲ့ မြေးကြောင့် မျက်နှာရှုံ့မဲ့သွားကာ စံအိမ် ပြန်ဖို့ထရတော့သည်။

စံအိမ်ရောက်တာနဲ့ သွားတောင်းမယ့်ကိစ္စ စီစဉ်ရမည်။

သင်္ခအုပ်စိုးလဲ အဖိုးဖြစ်သူနဲ့ ပြောပြီးတာနဲ့ သူ့ဘဝလေးရှိရာသို့ အပြေးတတ်လာခဲ့သည်။
အခန်းတံခါး အသာလေးဖွင့်ကာ ဝင်လိုက်ပြီး မွေ့ယာထက်ဝယ် လှမ်းကာကြည့်တော့ စောင်ပုံထဲပျောက်နေတဲ့ သူလေး။ သင်္ခလဲမွေ့ယာနား အညင်သာဆုံးခြေလှမ်းနဲ့ လျှောက်သွားပြီး ဘေးနားမှာအသာလေးဝင်ထိုင် လိုက်တော့သည်။

ခင်ဗျားလေး (ပိုင်ရှင်)Where stories live. Discover now