လူယောင်ယောင်း သတိပြန်ရလာသောအခါတွင် သူမသည် ပျော့ပျောင်းသောနေရာတစ်ခုတွင် အကျဉ်းချခံနေရသည်ဟု ခံစားလိုက်ရသည်။ သူမသည် အချိန်အများစုတွင် အိပ်ပျော်နေပြီး ရံဖန်ရံခါ သူမနိုးလာသောအခါတွင် သူမ၏စိတ်သည် အတိတ်ဆီသို့ ပျံ့လွင့်သွားသည်။ သို့သော်လည်း သူမ ပြန်သတိရတိုင်း မှတ်ဥာဏ်တွေ မှိန်ဖျော့သွားပြီး သူမအတိတ်ကို ဖြည်းဖြည်းချင်း မေ့လျော့ သွားသည် ။ သူမသည် ထိတ်လန့်စပြုလာသော်လည်း ပတ်ဝန်းကျင်ရှိ ရင်းနှီးသောကိုယ်ရောင်ဝါများကြောင့် က သူမ၏စိုးရိမ်စိတ်ကို ငြိမ်သက်သွားစေကာ လုံခြုံသောခံစားချက် ကိုရသောကြောင် တစ်ဖန်ပြန်အိပ်ပျော်သွားခဲ့သည်။
လူယောင်ယောင်း သတိပြန်ရလာသောအခါတွင် ပျော့ပျောင်းသောနေရာသည် တဖြည်းဖြည်း ကျဉ်းလာသည်ဟု သူမခံစားလိုက်ရသည်။ သူမလှုပ်ရှားဖို့ခက်ခဲပြီး မှောင်လွန်းတာကြောင့် ဘာမှမမြင်ရပေ။
လူယောင်ယောင်း ထိတ်လန့်သွားသည်။ ဒါဘယ်မှာလဲ သူမကို ပြန်ပေးဆွဲပြီး မှောင်နေသော အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ခံထားတာလား?ဟုတွေးနေမိ့သည်။
ဟင့်အင်၊ သူမ ငြိမ်မနေနိုင်ပေ။ သူမသည် ထွက်လမ်းကို ရအောင် ရှာတော့သည်။
လူယောင်ယောင်းသည် သူမပတ်ဝန်းကျင်ကို ရှာဖွေရန် ရုန်းကန်နေသော်လည်း ထွက်ပေါက်ရှာမတွေ့သေးပေ။ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူမ ပိတ်မိနေသော နံရံကို မတော်တဆ ကန်မိသွားခဲ့သည်။ ကွဲအက်သံကိုကြားပြီးနောက် သူမသည် စိတ်ဓာတ်ကျလာပြီး ခြေလက်များကို အရူးအမူးဝှေ့ယမ်းလိုက်သည်။ ပိုပိုပြီး ကွဲအက်နေတဲ့ အသံတွေကို သူမကြားရဖို့ အချိန်သိပ်မကြာလိုက်ပါဘူး။ နောက်ဆုံးတော့ သူမကို ချုပ်နှောင်ထားတဲ့ တံတိုင်းကြီး ပျောက်သွားသည်။
ပြိုးပြိုးပြက်ပြက်ပြက်လက် နေသော အဖြူရောင်အလင်းတန်းများက လူယောင်ယောင်း ၏ မျက်လုံးများကို မှိတ်စေသည်။ သူမ၏ လက်များသည် ပင်ပန်းလွန်းသဖြင့် ခေါင်းရဲ့ ဘေးနှစ်ဖက်ကို ဖြန့်ထားလိုက်သည်။ 'ပင်ပန်းနေပြီ၊ အနားယူတော့မယ်'
လူချင်းယူနှင့်ယောင်ကျူရှောင် တို့သည် ဆိုဖာရှေ့တွင် ရပ်ကာ ဝိညာဉ်ဥ လှုပ်ခါနေပြီး ကွဲအက်နေသည်ကို ကြည့်နေသည်။ သူတို့၏အာရုံငါးပါးသည် အလွန်ထက်ကြပြီး အတွင်းပိုင်းလှုပ်ရှားမှုများကို သဘာဝအတိုင်း ကြားနိုင်ကြသည်။ သူတို့နှစ်ယောက်လုံးသည် အတွင်း၌ရှိသော သတ္တဝါလေးလှုပ်လာသည် စိတ်လှုပ်ရှားစွာ အသက်ရှူသွင်းလိုက်ကြသည်။
တိုတောင်းသော်လည်း မချိမဆံ့အချိန်ကြာသည်ဟုထင်ရပြီး၊ နောက်ဆုံးတွင် ဝိညာဉ်ဉသည် အက်ကွဲသွားခဲ့သည်။ အခွံသည် အမှုန့်ဖြစ်သွားပြီး ပြိုးပြိုးပြက်ပြက်ဖြူနေသော အလင်းရောင်နှင့်အတူ ပြန့်ကျဲသွားသည်။ ဖြူဖွေးထွားကျိုင်းသော ကလေးလေးတစ်ယောက် မျက်လုံးများရှေ့တွင် ပေါ်လာ လေသည်။
တစ်ချိန်တည်းမှာပင် အပြင်ဘက်မှ ကောင်းကင်ကို လွှမ်းခြုံထားသည့် မြင်ကွင်းများလည်း ပျောက်ကွယ်သွားခဲ့သည်။
ကလေးရဲ့လက်လေးတွေက လက်သီးတွေကို တင်းတင်းဆုပ်ထားကာ နူးညံ့ပြီး အသားနုတဲ့ မျက်နှာလေးရဲ့ ဘေးနှစ်ဖက်စလုံးမှာ လဲကျနေတယ်။ သူမ၏အသားအရေသည် နှင်းများကဲ့သို့ဖြူဖွေးနေပြီး ကျန်းမာသန်စွမ်းသော ပန်းရောင်တောက်တောက်များရှိသည်။ သူမ၏ ဦးခေါင်းထိပ်ရှိ ဆံပင်တိုသည် အနက်ရောင်တောက်ပြောင်ပြီး ပျော့ပျောင်းနေသည်။ သူမ၏ ပါးစပ်လေးသည် အနည်းငယ် စူနေလေသည်။
ကလေးအပေါ်တွင် အသုံးချရန်အကြံ အပြည့်ရှိသော လူချင်းယူ ကဲ့သို့ သွေးအေးသူတစ်ယောက်ပင်လျှင် သူမကို မြင်လိုက်ရသောအခါတွင် သူ့နှလုံးသား ပျော့ပျောင်းသွားခဲ့သည်။
ယောင်ကျူးရှောင် ၏ မျက်နှာသည် ခါတိုင်းလို အေးစက်နေဆဲ ဖြစ်သော်လည်း သူ့လက်ချောင်းတွေက အနည်းငယ် လှုပ်ကာညှစ် ထားသည်။နောက်ချက်ချင်း အခိုက်အတန့်တွင် ရောင်စုံအလင်းတန်းတစ်ခုက ကလေးငယ်ကို လင်းထိန်သွားကာ အနီရောင်ဝမ်းဗိုက်နှင့် ဘောင်းဘီတိုလေးသည် သူမ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး သူမကို ပို၍ပင် တင့်တယ်ချစ်ဖို့ကောင်း ဖြစ်စေသည်။
လူချင်းယူဆသည် အဝတ်အစားများကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများ အနည်းငယ် လှုပ်သွားသည်။
ယူရီးဖဲပိုးသား။
ဤသည်မှာ နှစ်ပေါင်း တစ်သောင်း သက်တမ်းရှိ ပိုးထည်ဖြင့် ပြုလုပ်ထားသော အထည်ဖြစ်သည်။ မီးနဲ့ထိတွေ့တဲ့အခါ မလောင်ပါ၊ ရေနဲ့ထိတွေ့တဲ့အခါ စိုစွတ်မှုမရှိတဲ့အပြင် အခြေတည်ဝိညာဉ် အဆင့်ရှိ ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုသုံးကြိမ်မှလည်း ကာကွယ်နိုင်သည်။ ဝိညာဉ်ရေးပစ္စည်းတစ်ခုအနေဖြင့် ယူရီပိုးသားသည် ၎င်း၏ဝတ်ဆင်သူ၏ဆန္ဒအရ မည်သည့်ပုံစံအင်္ကျီအဖြစ် ကိုမဆိုပြောင်းလဲနိုင်သည်။ ယွမ်ချီ တိုက်ကြီးတစ်ခုလုံးတွင် ၎င်း၏ အဖိုးတန်မှုကို ပြသနိုင်သည်မှာ ဤပိုးသားသည် နှစ်ပိုင်းသာ ရှိသည်။
လူချင်းယူက အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။ ဤအရှင်၏ ဥစ္စာဓနသည် နောက်ကျမကျန်နိုင်ပေ။
သူ့လက်ချောင်းများကို အနည်းငယ် လှုပ်ရှားလိုက်ခြင်းဖြင့် စားပွဲပေါ်ရှိ ကလေးလေးဆီသို့ အနီရောင် အမှုန်အမွှားများက လေထဲတွင် လှည့်ပတ်သွားသည်။ မြူခိုးများက သူမ၏ခြေရင်းတစ်ဝိုက်တွင် ပတ်ချာလည်နေပြီး ပျောက်ကွယ်သွားသောအခါ သူမ၏ညာဘက်ခြေကျင်းတွင် အနီရောင်ကြိုးဖြင့် ချည်ထားသည့် လှပသောခေါင်းလောင်းလေးတစ်ခု ရှိ့နေသည်။
ဤဗဟိုချက်ခေါင်းလောင်းသည် အတွဲတစ်ခုဖြစ်သည်။ ၎င်း၏တွဲဖက်သည် လူချင်းယူ ၏လက်ထဲတွင်ရှိသည်။ ၎င်း၏ပိုင်ရှင်သည် အသက်အန္တရာယ်ရှိသောအခါတွင် ခေါင်းလောင်းသည် မြည်လာပြီး မည်သည့်တိုက်ခိုက်မှုကိုမဆို တွန်းလှန်ရန် အကာအကွယ်အလွှာတစ်ခုဖွဲ့စည်းကာ အခြားပိုင်ရှင်သည် အန္တရာယ်ကို ချက်ချင်းသိရှိပြီး နေရာကူးပြောင်း နိုင်မည်ဖြစ်သည်။
ယောင်ကျူရှောင် သည် လူချင်းယူ ၏ အပြုအမူကို လျစ်လျူရှုလိုက်သည်။ သူ့မျက်လုံးတွေက ကလေးလေးကို စိုက်ကြည့်နေတုန်းပင်။
ထိုအချိန်တွင် ကလေး၏ ရှည်လျားပြီး ကောက်ကွေးနေသော မျက်တောင်များသည် အနည်းငယ် တုန်ခါသွားသည်။ လူချင်းယူ သည် ချက်ချင်း ရှေ့သို့ လှမ်းသွားသည်။ ကလေးက မျက်လုံးဖွင့်တာကိုမြင်တော့ နူးညံ့တဲ့အပြုံးလေးနဲ့ "သမီးလေး ဖေဖေ့ကို ခေါ်" ။
လူယောင်ယောင်း မျက်လုံးဖွင့်လိုက်သည့်အခိုက်တွင် သက်ရှိသတ္တဝါအားလုံးကို ဇောက်ထိုးပြောင်းသွားလောက်အောင် လှပသော လူ၏ချောမောသောမျက်နှာသည် သူမရဲ့ ကြည်လင်သော မျက်လုံးများတွင် ရောင်ပြန်ဟပ်နေသည်။ လူယောင်ယောင်းက စိုက် ကြည့်နေမိ့သည် ။ သို့သော် သူမ မတုံ့ပြန်မီတွင် ချောမောလှသော်လည်း ဘာမှမထူးခြားသော ပုံစံပေါ်သည့် အခြားမျက်နှာတစ်ခုက သူမကို "အဖေလို့ ခေါ်" ဟု ပြောလာသည်။
ချောမောလှပသော မျက်နှာနှစ်ခုသည် လူယောင်ယောင်း ၏ မျက်လုံးများပေါ်သို့ ကျရောက်သွားသည်။ ခဏအကြာတွင် သူမ၏ ဗလာကျင်းနေသော စိတ်သည် တဖြည်းဖြည်း ပြောင်းလဲလာသည်။
သူမသည် ပုံစံအမျိုးမျိုးဖြင့် ချောမောသော အမျိုးသား နှစ်ယောက်ကို ကြည့်ကာ စိတ်ရှုတ်သောအသံဖြင့် "အာ?"
ဒါဆို သူ့အဖေအစစ်က ဘယ်သူလဲ။
လူယောင်ယောင်း သည် သူ့နာမည်ကို မှတ်မိသည်။ 'ဖေဖေ' နှင့် 'အဖေ' တို့သည် ဖခင်ဟု ဆိုလိုသည် ဖြစ်ကြောင်းကိုလည်း သတိရမိသည်။ ဒါပေမယ့် အဖေနှစ်ယောက်ရှိတာ မှားသည်။ ဘာ့ကြောင့် မှားသလဲတော့ မမှတ်မိတော့ပေ။
လူယောင်ယောင်း၏ တောက်ပသော အနက်ရောင် မျက်လုံးများသည် ဝိညာဉ် စွမ်းအား အပြည့်ရှိသည်။ ဒါပေမယ့် သူမအကြည့်တွေက သူတို့နှစ်ယောက်ကြားကို အပြန်ပြန်အလှန်လှန်ကြည့်တဲ့အခါမှာတော့ အနည်းငယ် တုံးအ နေပုံရသည်။
"ဒီကလေးက ဘာလို့ ဒီလောက်တုံးပုံ ပေါ်နေတာလဲ" လူချင်းယူ သည် ရွံရှာသော လေသံဖြင့် ပြောသည်။ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း သမီးဖြစ်သူက ဖေဖေ ခေါ်သံကို မကြားရဘဲ တုံးတုံးအအ ကြည့်နေခဲ့သည်။
လူယောင်ယောင်း သည် ထိုစကားကိုကြားသောအခါ သူမသည် ချက်ချင်းပင် ခြေလက်များကို ဝှေ့ယမ်းကာ ကန့်ကွက်ခဲ့သည်။ သူမ ချေပချင်သော်လည်း "အား!!!!"
"ကျစ်၊ စကားတောင် ရှင်းရှင်းလင်းလင်း မပြောတတ်ဘူး" သူ့လေသံက ရွံမုန်းစရာတွေ ပြည့်နှက်နေပေမယ့် လူချင်းယူ ရဲ့ အကြည့်တွေက ပျော့ပျောင်းသွားကာ - "သမီး၊ ဖေဖေ့လို့ ခေါ်"
"အား!!!" မွေးပြီးပြီးချင်း ဘယ်ကလေးက ပြောနိုင် မှာလဲ။
ကလေး၏ အနက်ရောင် မျက်လုံးဝိုင်းဝိုင်းသည် ပြူးကျယ်ကာ ဖြူစင်နုံအသော အကြည့်များဖြင့် ပြည့်နေသည်။ နားမလည်နိုင်စွာ အော်ဟစ်နေချိန်တွင် သူမ၏ လက်နှင့် ခြေတိုတိုများသည် ပြင်းပြင်းထန်ထန် ဝှေ့ယမ်းနေသည်။
လူချင်းယူ သည် ဤကလေးကို ပိုပိုပြီး သဘောကျလာသည်။ သူမရဲ့ ဆုပ်ကိုင်ထားတဲ့ လက်သီးလေးတွေနဲ့ နူးညံ့တဲ့ ခြေဖဝါးလေးတွေက ချစ်ဖို့ကောင်းလွန်းသည်။ သူ့လက် ဖြင့်ညှစ်ချင်စိတ်ပေါ် လာသည် ။ မွေးကင်းစကလေးသည် အားနည်းလွန်းသည့်အတွက် လူချင်းယူသည် သူ၏ ခွန်အားကို မထိန်းနိုင်တော့ဘဲ သူ့သမီးကို သတ်ပစ်မိ့မှာ စိုးရိမ်သည် ။
ဒါနဲ့ပဲ သူဆက် ကြည့်နေသည်။
အချိန်အတော်ကြာ ဆန္ဒပြပြီးနောက် လူယောင်ယောင်း မောပန်းလာပြီး အိပ်ငိုက်လာသည်။ ချောမောသော ယောက်ျားနှစ်ယောက်ကို ကြည့်ပြီး အိပ်ပျော်သွားသည်။
မလှုပ်မရှား ကျန်းကျန်းမာမာရှိလှသော ကလေးငယ်လေး ရုတ်တရက် မျက်လုံးမှိတ်ပြီး လှုပ်ရှားရပ်တန့်သွားသည်ကို လူချင်းယူ မြင်ရသည်။ သူမရဲ့ ခန္ဓာကိုယ်မှာ ဘာအမှားအယွင်းမှ မရှိဘူးလို့ အတည်ပြုပြီးနောက်မှာ သူက "ဘာလို့ ရုတ်တရက် ဒီလောက် ငြိမ်သွားရတာလဲ" လို့ စိတ်ရှုပ်ထွေးစွာ မေးခဲ့ပါသည်။ သူမသည် လွန်ခဲ့သည့်အခိုက်အတန့်ကပင် တက်ကြွနေသည်မဟုတ်လော။
ယောင်ကျူရှောင် က သူ၏ သာမာန် အေးစက်သော အသံဖြင့် ပြန်ပြောသည် - "အိပ်နေတယ်" ဒါပေမယ့် သူ့လေသံက ယုံကြည်မှုကင်းမဲ့ နေသည်။
မိစ္ဆာ၊ နတ်ဆိုးများနှင့် နှိုင်းယှဉ်ပါက လူသားများသည် ၎င်းတို့၏ ကျင့်ကြံမှု အဆင့်မခွဲခြားချိန်တွင် အိပ်စက်ခြင်းကို အလိုလို ကျင့်သားရကြသည်။ လုံလုံလောက်လောက် ကျင့်ကြံပြီးနောက်၊ ယောင်ကျူရှောင်သည် အနားယူရန် အိပ်စက်ခြင်းအစား တရားထိုင်ခြင်းကို အသုံးပြုခဲ့သည်။ ဒါပေမယ့် လူသားတွေ ပင်ပန်းတဲ့အခါ အိပ်ရမယ်ဆိုတာကို သူ မှတ်မိနေပါသေးသည်။
ယောင်ကျူရှောင် မျက်မှောင်ကြုတ်လိုက်သည်။ သူမှတ်မိသည့်အချိန်မှစ၍ ဂိုဏ်းထဲတွင် ကြီးပြင်းလာခဲ့သည်။ အနှစ်တစ်ထောင်ကျော်ကြာအောင် သူ့ဘဝဟာ အထီးကျန်ဆန်ပြီး အတွေ့အကြုံရဖို့ အပြင်ကို ခရီးထွက်ခဲ့သော်လည်း သူက တခြားအရာတွေကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ချေ။ သူ့ဂိုဏ်းကလူတွေက တခါတရံ ကလေးတွေနဲ့ သူ့ဆီလာလည်သည်။ ဒါပေမဲ့ သူတို့အထဲက အငယ်ဆုံးကတောင် ပြေးလွှားခုန်ပေါက်ဖို့ အရွယ်ရောက်နေပြီ။ ယောင်ကျူရှောင် သည် အပြင်သို့ ခရီးထွက်သောအခါတွင် ရင်ခွင်ထဲတွင် ထုပ်ပိုးထားသော ကလေး များကို တွေ့ဖူးသည်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ဖို့ နေနေသာသာ အနီးကပ်တောင် မကြည့်ဖူးပေ။
တာအိုအရှင် ဟန်ဝူ(ဟန်ဝူက 'ဘွဲ့') ခုတော့ ပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်နေရသည် ။ ဒီလိုကလေးလေးကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ။
YOU ARE READING
မိစ္ဆာနှင့်တာအိုရဲ့သွေးနှော
Historical Fictionမိစ္ဆာနှင့်တာအိုရဲ့သွေးနှော အကျဉ်းချုပ် - လုယောင်းယောင်း ဘဝကူးခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သောအခါတွင် နူးညံ့သိမ်မွေ့သော အပြုံးကို ဆောင်ထားရန် ကြိုးစားနေသော ယောက်ျားတစ်ယောက်၏ လှပသော မျက်နှာသည် သူမရှေ့တွင် ပေါ်လာသည်- "သမီးလေး၊ ဖေဖေ့လို့ ခေါ်" သူမ မတု...