ဆန့်ကျင်ဘက်များ (၂)

47 10 0
                                    



ယောင်ကျူရှောင် ၏ မျက်နှာသည် အနှစ်တစ်သောင်း နှင်းခဲများကဲ့သို့ အေးစက်နေပြီး လူချင်းယူ ကို အေးစက်စွာ ကြည့်နေလေသည်။
လူချင်းယူ က ပေါ့ပေါ့ပါးပါး မျက်ခုံးပင့်လိုက်ပြီး "သူမ အဆင်ပြေလား?" သူ့အသံတွင် အောင်ပွဲခံသော လေသံတစ်ခု ထွက်ပေါ်လာပြီး "မင်း ငါ့သမီးကို လျှော့တွက်လွန်းတယ်"
"အအ!" လူယောင်ယောင်း ခေါင်းညိတ် သဘောတူလိုက်သည်။
ဟုတ်တယ်၊ သူသည် ဇီဇာကြောင်သူမဟုတ်ပါ၊ ဝိညာဉ်နို့မှတပါး အခြားအရာများကို စားနိုင်သည်။
နောင်တွင် ဖေဖေနှင့် အဖေသည် သူ့အား တောရိုင်းအသီးအနှံများ စားရန် ပေးနိုင်သည်။
ယောင်ကျူရှောင် က သူ့သမီး မသိနားမလည်တဲ့ အကြည့်တွေကို ကြည့်ပြီး သူ့အမူအရာက ပိုနက်လာသည်။
လူချင်းယူ က ရွှတ်နောက်နောက် ပြုံးလိုက်ပြီး "အရမ်းစိတ်တိုနေပြီလား? ဒါပေမယ့် ငါ ဘာမှ မလုပ်ခဲ့ဘူး"
လူယောင်ယောင်း သည် သူမ၏ လက်သီးသေးသေးလေးကို ကောက်ကိုင်လိုက်သည်။ သူမ၏ အနက်ရောင်တောက်ပြောင်သော မျက်လုံးများက ဖခင်နှစ်ဦးကို အပြန်ပြန်အလှန်လှန် ကြည့်နေကြသည်။ ပတ်ဝန်းကျင်လေထုက လေးလံနေမှန်း သူမအလိုလို ခံစားမိသည်။
လူယောင်ယောင်း ရုတ်​တရက်​ အသံမထွက်​ရဲ။
ခဏအကြာတွင် သူမသည် ငိုက်မျဉ်းလာသည်။ သူမ သမ်းဝေကာ အိပ်ငိုက်ခြင်းကို ထိန်းထားနိုင်သည် ။ မျက်လုံးမမှိတ်ခင် အကြိမ်ပေါင်းများစွာ စကားတွေပြောနေမိသည်။
ဖေဖေ အဖေ ရန်မဖြစ်ကြနဲ့...

ယောင်ကျူရှောင် သည် ဆိုဖာပေါ်တွင် အေးစက်သော မျက်နှာဖြင့် ထိုင်နေသည်။ အိပ်ပျော်နေသောကလေး၏ဗိုက်ပေါ်၌ သူ့လက်ကိုတင်ကာ သူမစားသုံးခဲ့သော ပိုလျှံနေသော စွမ်အင်ကို ချေဖျက်ပေးသည်။
လူချင်းယူ သည် ခဏလောက် မျက်လုံးကို ငုံ့ကြည့်ပြီးနောက် သူ မော့ကြည့်လိုက်ပြီး "မင်းဘာလို့ ဒီလောက်တောင် ဒေါသထွက်နေတာလဲ?"
"မင်း သူ့ ကောင်းဖို့ လုပ်နေတယ်လို့ မင်းထင်လား"
လူချင်းယူ က ထေ့ငေါ့ပြုံးလိုက်ပြီး "သဘာဝဝိညာဉ်သန္ဓေသား၊ တာအိုနဲ့ မိစ္ဆာ နှစ်ကိုယ်လုံး၊အော်ရာတေနဲ့ ပြည့်နေတဲ့ ခန္ဓာကိုယ်။ အိပ်နေတဲ့အချိန်မှာတောင် သူ့ပတ်ဝန်းကျင်ကနေ အငွေ့အသက်တွေကို အလိုလိုစုပ်ယူတာ"

မိစ္ဆာနှင့်တာအိုရဲ့သွေးနှောWhere stories live. Discover now