လိင်ကျွန် အပိုင်း၅

539 8 1
                                    

လိင်ကျွန် {အပိုင်း၅}
*******************

တွေ့လား မြင်လား အဲ့ဒါ ဘာတွေလဲဆိုတာ ပြောစမ်း…"

မိဘနှစ်ပါးရဲ့ အုတ်ဂူနှစ်လုံးရှေ့ ကလေးမကို တရွတ်ဆွဲ ခေါ်၍ နေအာဏာ အော်ငေါက်လို့ မေးလိုက်သည်။

ကလေးမက ငိုယိုနေရင်းကနေ မော့ကြည့်၍…

အုတ်,အုတ်ဂူကြီးတွေပါ..ဦး.."

ကြောက်လန့်တကြားနဲ့ ရတီလေး ဖြေလိုက်၏။

ရတီလေး၏ ဖြေသံအဆုံး နေအာဏာ၏ မျက်နှာက ပ်ု၍ တင်းမာ၍ သွားကာ ရတီလေးရဲ့ ခေါင်းကိုဆုတ်ကိုင်၍ ဖခင်ဖြစ်သူ၏ အုတ်ဂူနှင့် ဆောင့်တိုက်ပစ်လိုက်သည်။

ခွပ်ကနဲ အသံ ခပ်အုပ်အုပ်တစ်ချက်နဲ့အတူ ရတီလေး နဖူးထက်မှာ သွေးတွေဖြာကျ၍လာကာ သည်းထန်စွာ အော်ငိုလေတော့သည်။

အီး…ဟီး…ဟီး.ရတီလေး နာတယ် ရတီလေးနာတယ် အီးဟီး ဟီး…"

တိတ်စမ်း."

ကျယ်လောင်စွာ ငေါက်ငမ်းသံနဲ့အတူ ငိုနေတဲ့ ကလေးမရဲ့ မျက်နှာကို နေအာဏာ လက်တစ်ဖက်နဲ့ ပင့်ကိုင်၍ ဆွဲမော့လိုက်သည်။

ကလေးမ ငိုသံ တိကနဲ တိတ်ကျ၍ သွားကာ သူ့ကို ထိတ်လန့်နေတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်လို့နေ၏။

နေအာဏာ ကလေးမရဲ့ မျက်နှာကို သူ့လက်နဲ့ ပင့်မော့ထားရင်းက.…။

ကြည့် မင်း အဲ့ဒီ အုတ်ဂူတွေကို ကြည့် ငါ့ကို မကြည့်နဲ့ မင်းရှေ့က အဲ့ဒီ အုတ်ဂူတွေကိုသာ စိုက်ကြည့်နေ…"

သူ့ရဲ့ ဒေါသတကြီး အမိန့်သံ အဆုံးမှာ ကလေးမ မျက်ဝန်းတွေ သူ့မျက်နှာက်ထက်ကနေ ဖယ်ခွာ၍ အုတ်ဂူ နှစ်လုံးဆီ ရောက်သွားသည်။

ထိုအခါမှ နေအာဏာ ကလေးမဘေးမှာ မုဆိုးဒူးထောက်ထိုင်ချလိုက်လေပြီး..

အဲ့ဒီထဲမှာ ဘယ်သူတွေရှိလဲ သိလား..."

ဟေ့ မေးနေတယ်လေ..မင်း နားကြားတယ် မဟုတ်ဘူးလား…"

နဖူးမှာ သွေးစက်လက်နဲ့ ငြိမ်နေတဲ့ ကလေးမကို နေအာဏာ အော်လိုက်သည်။ ထိုအခါမှ ကတုန်ကယင်လေသံနဲ့…။

မ.မသိဘူး..ရတီလေး မသိ…မသိပါဘူး …ဦး…"

အေး .မသိရင် ပြောပြမယ် မင်းခေါင်းထဲ အခုချိန်ကစလို့ စွဲနေအောင် မှတ်ထားတော့.."

လိင္က်ြန္Where stories live. Discover now