လိင်ကျွန် {အပိုင်း၉}
******************ဒိုင်း ဒိုင်း ဒိုင်း …
အားး.. ဘုန်း.
ဆက်တိုက်ပြစ်ခတ်လိုက်တဲ့ သေနတ်သံများကြားမှာ နာကျင်စွာ အော်၍ ဘုန်းကနဲ မြေပြင်ပေါ် လဲကျသွားလေတဲ့ ဖခင်ဖြစ်သူကို နေအာဏာ လှမ်းမြင်နေရသည်။
အဖေ လို့ နှလုံးကွဲမတတ် အော်ဟစ်ခေါ်ဝေါ်၍ ပြေးသွားချင်သော်လည်း သူ့ခြေလှမ်းတွေ နေရာမှ တစ်လှမ်းတောင် ခွာမရနိုင်သလို နှုတ်ကလည်း အာစေးမိနေသည့်အတိုင်း တအစ် အစ် အသံများသာ ထွက်ပေါ်၍နေ၏။
အစ်…အွတ်..အွတ်…"
ထိုစဉ်မှာပဲ မျက်စိရှေ့က မြင်ကွင်းက ပြောင်းလဲသွားပြန်သည်။ ဖြာကျနေတဲ့ ဓါတ်မီးအလင်းရောင်အောက်မှာ မချိမဆံ့ စော်ကားခံနေရတဲ့ မိခင်ပုံရိပ်က အထင်းသားပေါ်လွင်လာလေ၏။
မိခင်ရဲ့ စူးစူးဝါးဝါးအော်ဟစ်ရုန်းကန်နေသံတွေ၊ မိခင်၏ ကိုယ်အထက်က အတင်းကြပ်ရယူစော်ကားနေတဲ့ ဦးအိုက်စံရဲ့ ရမ္မက်ဇောထနေတဲ့ အဆီတဝင်းဝင်းမျက်နှာနဲ့ ပုံရိပ်တွေ...။
ဟင့်အင်း မလုပ်နဲ့…မလုပ်ပါနဲ့…အမေ့ကို ဒီလိုမလုပ်ပါနဲ့…ဒီလိုမလုပ်ပါနဲ့…"
ရင်ထဲပဲ့တင်ထပ်သမျှ အော်ဟစ်တားဆီးနေမိသော်လည်း နှုတ်ဖျားထက်ကတော့ ဘာသံမှ ထွက်မရပေ၊လူတစ်ကိုယ်လုံးလည်း လှုပ်မရအောင် တစ်ယောက်ယောက်က ချုပ်နှောင်ထားသကဲ့ နေအာဏာ ခံစားနေရသည်။
ထိုချုပ်နှောင်မှု့က ရုန်းထွက်ဖို့ ကြိုးစားသော်လည်း မလွတ်မြောက်နိုင်၊တစ်ကိုယ်လုံးလည်း မောဟိုက်တုန်ယင်လာရသည်။ထိုအချိန်မှာပဲ ဦးအိုက်စံက မိခင်၏ ကိုယ်အထက်မှ ဆင်းသက်၍ ထရပ်လိုက်လေပြီး သူ၏နောက်လိုက်ကို ပြစ်သတ်ရန် အမိန့်ပေးလိုက်သည်။
ပြစ်…"
ဒိုင်း …ဒိုင်း…"
မလုပ်နဲ့…မလုပ်နဲ့…အမေ့ကို မသတ်နဲ့ အား…"
ကျယ်လောင်တဲ့ သေနတ်သံနှစ်ချက်ရဲ့နောက် နဖူးထက်သွေးများစီးကျ၍သေဆုံးသွားလေတဲ့မိခင်ရဲ့ပုံရိပ်ကို နေအာဏာမြင်တွေ့ လိုက်ရပြီး ချုပ်နှောင်ထားခံရမှု့က လွတ်မြောက်သွားခဲ့သလို သူ့နှုတ်ကလည်း ကျယ်လောင်တဲ့ ဝမ်းခေါင်းသံက ထွက်၍ သွားရပြီး နေအာဏာ အိပ်မက်က နိုးလာက ဆက်ကနဲ ထထိုင်ပစ်လိုက်သည်။