လိင်ကျွန်{အပ်ိုင်း၈}
******************ခန့်နောင် မင်း စီမံရေးဌာနက ဝန်ထမ်းတွေထဲမှာ အရည်ချင်းရှိပြီး တော်တဲ့သူတွေကို ရွေးထုတ်လိုက် ဒါရိုက်တာအဖွဲ့ကို အသစ်ပြန်ဖွဲ့စည်းမယ်…"
ရုံးခန်းထဲဝင်လာရင်း နောက်က ထပ်ကြပ်မကွာ လိုက်လာတဲ့ ခန့်နောင်ကို နေအာဏာ လှည့်မကြည့်ပဲ ပြောလိုက်သည်။ပြီးလျှင် အလုပ်စားပွဲမှာ ဝင်၍ ထိုင်လိုက်၏။
ခန့်နောင်က လက်ထဲ ဖိုင်တစ်ထပ်ကို ပိုက်ထားရင်း သူ့စားပွဲရှေ့ ရပ်လေကာ…။
ဟုတ်ကဲ့ သူဌေး ကျွန်တော် စီမံရေးဌာနက တော်တဲ့ လူတွေကို ရွေးချယ်ပြီး ဒါရိုက်တာ အဖွဲ့ အမြန်ပြန်ဖွဲ့စည်းနိုင်ဖို့ လုပ်ဆောင်လိုက်ပါ့မယ်…"
အေး ကောင်းတယ် အမြန်သွားလုပ်တော့.."
ဒါနဲ့ သူဌေး ကျွန်တော် သူဋ္ဌေးကို ပြစရာ တစ်ခုရှိသေးတယ်…"
ဘာများတုန်း.."'
နေအာဏာ မော့ကြည့်၍ ပြန်မေးလိုက်သည်။ ခန့်နောင်က လက်ထဲကိုင်ထားတဲ့ ဖိုင်ထပ်ကို သူ့လက်သို့ ကမ်းပေး၍…။
အဲ့ ဒါကို တစ်ချက်လောက်ကြည့်လိုက်ပါ သူဌေး…"
ချက်ချင်းပဲ ဖိုင်ကို နေအာဏာ ဖွင့်၍ ကြည့်လိုက်သည်။ ပထမဦးဆုံး ဖိုင်မျက်နှာပြင်တစ်ရွက်မှာတင် သူ့ကို ဆွဲဆောင်သွားသည်က ဆန်းသစ်တဲ့ ဒီဇိုင်းများနဲ့ ဖက်ရှင်အဝတ်စားဓါတ်ပုံများ၊အလန်းစား လက်ကိုင်အိတ်များသာ ဖြစ်လေ၏။
နေအာဏာကို ဖိုင်ထဲက ပုံတွေကို တစ်ပုံပြီးတစ်ပုံကြည့်ပြီးသွားချိန်မှာတော့ ရှေ့မှာ ရပ်နေတဲ့ ခန့်နောင်ကို မော့ကြည့်လိုက်လေကာ…။
ဒါ ဘယ်ဌာနက ဖန်တီးထားတဲ့ အိုင်ဒီယာတွေလဲ..ခန့်နောင် ငါဒါတွေကို အတော်လေး စိတ်တိုင်းကျတယ်…"
အဲ့ဒါ ကျွန်တော်တို့ ကုမ္ပဏီဌာနတွေက ဖန်တီးထားတဲ့ ဒီဇိုင်းတွေ မဟုတ်ပါဘူး သူဌေး…"
ဟင်…ဒါဆို!.ဒီဟာတွေက ဘယ်က ဖန်တီးထားတဲ့ဟာတွေတုန်း…"
အဲ့ဒါတွေက နိုဘယ်ကုမ္ပဏီက ၂၀၁၇လောက်က ထ်ုလုပ်ဖြန့်ဖြူးထားတဲ့ ဒီဇိုင်းတွေပါ…"