{Ep 12}

779 6 0
                                    

လိင်ကျွန် {အပိုင်း၁၂}
*********************

မနက် ဘယ်သူ့မှ မနိုးသေးခင် နေအာဏာ အစောကြီးထလို့ တောလမ်းကိုတိုးကာ တောင်ခြေအထိ ပြန်ဆင်းလာခဲ့လိုက်သည်။

တောင်ခြေမှာ ရှိနေတဲ့ တောလိုက်မုဆိုးတချို့ရဲ့ တဲအိမ်ငယ်လေးတွေနဲ့ ဆင်ထိန်းစခန်းများရှေ့ကနေ ဖြတ်လျှောက်၍ ကားလမ်းဖောက်ထားသည့် တာနီလမ်းမကြီးရှိရာသို့ ရောက်လာတော့ နေအာဏာ ကျောပိုးအိတ်ထဲက ဖုန်းကိုထုတ်ကာ ခန့်နောင်ကို ခေါ်ဆိုလိုက်၏။

တူ..တူ..တူ.."

ခန့်နောင်ထံ ဖုန်းဝင်သွားသည်နှင့်...။

ငါတောင်ခြေကို ဆင်းလာပြီ အခု မြိုင်ဟေဝန် တောရိုင်းတိရိစာ္ဆန်ထိန်းသိမ်းရေးစခန်းရှေ့မှာ ရှိနေတယ် မင်းလာခဲ့လိုက်..."

လိုရင်းသာပြောပြီးဖုန်းကိုချလိုက်၍ အရိပ်ရတဲ့အပင်ကြီးတစ်ပင်ရဲ့ အမြစ်စုံတစ်ခုပေါ်မှာ ထိုင်၍ ခန့်နောင် လာအခေါ်ကို စောင့်၍နေလိုက်သည်။

အချိန်တွေသည် တရွေ့ရွေ့နဲ့ကုန်ဆုံးလာလေရင်း မနက်အစောကြီးထဲက တောင်ခြေဆင်းလာခဲ့ခြင်းဖြစ်သော်လည်း ခန်ိ့နောင်လာအခေါ်ကိုစောင့်ရင်းဖြင့် ညနေစောင်းအချိန်ကို ရောက်လာခဲ့တော့သည်။

ထိုအခါမှ အဝေးက မောင်းနှင်လာလေတဲ့ ကားတစ်စီးရဲ့အသံကိုကြားလိုက်ရ၏။ နေအာဏာ ထိုင်နေရာကထရပ်၍ ကားသံကြားရာဘက်မျှော်ကြည့်နေလိုက်သည်။သိပ်မကြာ သူ့မျက်ဝန်းထဲ တိုရိုတာ အကြမ်းစီးကားတစ်စီးအပြင်းစိုင်းနှင်လာတာကိုတွေ့လိုက်ရလေ၏။

ထိုကားက တစ်စထက်တစ်စ သူရပ်နေရာနား နီးကပ်၍လာခဲ့ပြီး သူ့ရှေ့ရောက်တော့ ကျွီကနဲထိုးရပ်၍သွားသည်။ကားထဲမှာတော့ ခန့်နောင်ရှိလို့နေလေ၏။

သူဌေး တက်ပါခင်ဗျာ.."

နေအာဏာကားနောင်ခန်းထဲဝင်၍ထိုင်လိုက်သည်။သူကားထဲရောက်သည်နှင့် ခန့်နောင်ကလာရာလမ်းကြောင်းအတိုင်းပြန်လှည့်ကွေ့ကာ ကားကိုတဟုန်ထိုးမောင်းထွက်လိုက်လေသည်။

နေအာဏာ ကားကူရှင်ထက် ခေါင်းမှီချ၍ တစ်လမ်းလုံးစကားမဆိုဖြစ်လေဘဲ မျက်ဝန်းတွေကို မှေးမှိတိ၍ ထားမိ၏။ အာရုံထဲမှာ အထပ်ထပ်ထင်ဟပ်နေတဲ့ပုံရိပ်တွေက ဖျောက်ဖျက်၍မရ အမှားတစ်ခုကိုကျူးလွန်ခဲ့သည်မို့ နောင်တနဲ့ယူကြုံးမရမှု့တွေက သူ့စိတ်ကို ယှဉ်တွဲလို့ရှုတ်ထွေးနေစေသည်။

လိင္က်ြန္Where stories live. Discover now