လိင်ကျွန်{အပိုင်း၇}
******************နေအာဏာ မနက်အိပ်ယာထ၍ အောက်ထပ်ဆင်းလို့လာခဲ့တော့ ဒေါ်တင်တင်ကို တံမြက်စည်းလှည်းနေတာတွေ့လိုက်ရသည်။
နေအာဏာရဲ့ မျက်ဝန်းတွေက ဒေါ်တင်တင်တစ်ယောက်တည်းကိုသာ တွေ့လိုက်ရခြင်းမို့ မှေးစင်းလို့သွားလျက်.…။
ဒေါ်တင်တင်ဟိုကလေးမကော ဘယ်မလဲ.."
နေအာဏာမေးသံဆုံးတော့ ဒေါ်တင်တင်က မျက်နှာကို ရှစ်ခေါက်ချိုးမဲ့လိုက်၍…။
အခုထိ ထမလာသေးပါဘူး သူဌေးလေးရယ် ကျွန်မမှာလေ တစ်ယောက်တည်း အိမ်သန့်ရှင်းရေးကော ချက်ရေးပြုတ်ရေးကော အိမ်မှု့ကိစ္စအကုန်လုပ်နေရတာ အဲ့ဟာမလေးက ဘာမှကို သုံးစားလို့ကို ရတာ မဟုတ်ဘူး တစ်နေ့ တစ်နေ့ ထွက်ပြေးဖို့သာ ကြိုးစားနေတာ သူဋ္ဌေးလေးရဲ့.."
ဒေါ်တင်တင်ကလိမ်ကလယ်ကျ၍ ပြောလိုက်သည်။တကယ်က နေ့စဉ်နေ့တိုင်း အနားမရနိုင်အောင်ကို ပန်းရတီကိူ ခိုင်းစေနေခဲ့၏။ နေအာဏာ ရောက်လာသည့် ရက်တွေသာ ဒေါ်တင်တင်က သူသာ ပင်ပန်းနေရသည့်ပုံစံ ဖမ်းလိုက်ခြင်းဖြစ်သည်။
ဒေါ်တင်တင်ရဲ့ စကားဆုံးတော့ နေအာဏာ အလိုမကျခြင်းအပြည့်နဲ့ မျက်မှောင်တန်းတွေ တွန့်ကျုံ့၍ သွာလေပြီး…။
အဲ့ မျိုးမစစ်က မနေ့ကတည်းကနေ အခုထိ အခန်းထဲက ထွက်ကိုမလာသေးတာ မဟုတ်လား.."
ဟုတ်တယ်…သူဋ္ဌေးလေး..လုံးဝကို ထွက်မလာသေးတာပါ.."
တောက်…ဒေါ်တင်တင် ကျုပ်ခင်ဗျားကို ဘာပြောထားခဲ့သလဲ…အဲ့ မျိုးမစစ်လေးကို အနားမရအောင်ကို ခင်ဗျားခိုင်းစေပြီး ဒီနေရာကို သူ့အတွက် ငရဲဖြစ်နေအောင်ဖန်တီးထားရမယ်လို့ မပြောခဲ့ဘူးလား ဟမ်…"
ပြောခဲ့ပါတယ် သူဋ္ဌေးလေး ဒါပေမယ့် ဒီဟာမလေးကိုယ်တိုင်ကကို သူုံးစားမရအောင် ရေသာခို…"
တော်စမ်း…တိတ်..ဘာ ဆင်ခြေမှမပေးနဲ့ ဒေါ်တင်တင် ညစ်ပတ်တဲ့ သွေးတွေ စုဝေးနေတဲ့ အဲ့မျိုးမစစ်ကို ခင်ဗျားတို့ဘာအတွက်မှ ကြင်နာနေစရာ မလ်ိုဘူး ကြားလား.."