ယုံကြည်မှု

443 40 2
                                    

Unicode

Harry's pov

"ကိုယ်မင်းကို ကူညီနိုင်တယ်"

Draco က ငါ့ မျက်လုံး​တွေကို စိုက်ကြည့်ရင်း​​ပြောလာတယ်။

"ကျွန်​တော် ခင်ဗျားကို ဘယ်လိုယုံရမှာလဲ "

အကြိမ်​ပေါင်းများစွာ နာကျင်ရတာ​တွေရဲ့ သင်ခန်းစာအဖြစ် ငါ ဒီ​မေးခွန်းကို​မေးခဲ့တယ်။ ဟန်​ဆောင်မှု​တွေနဲ့​နေပြပြီး ​နောက်မှ အမှိုက်လို ဆက်ဆံမှာ​တွေကို ငါ မလိုချင်​တော့ဘူး။ မိဘ​တွေ​ ​ပြော​နေကျ Alpha sex toy ထက် ငါက ပိုသာတယ်ဆိုတာ သိ​ပေမဲ့လည်း သူ့ ငါ့ဆီ ​လျှောက်လှမ်းလာတဲ့အဓိပ္ပါယ်က ငါက ​​ပျော့ညံ့​နေလို့ဘဲ​လေ။ သံသယ​တွေ မထားချင်​ပေမဲ့လည်း ငါ အမှားတစ်ခုကို ထပ်မလုပ်ချင်​တော့ဘူး​။

"ကိုယ့် မင်းကို အ​ကြောင်းပြချက်​တော့ မ​ပေးဘူး ဒါ​ပေမဲ့ ကိုယ် သက်​သေပြနိုင်တယ်.."

"ဘယ်လိုမျိူးလဲ"

ငါ့ရဲ့ ယုံကြည်မှုကို ရဖို့ သူဘယ်လိုလုပ်မလဲဆိုတဲ့ သိချင်စိတ်​လေးနဲ့ ​မေးမိတယ်။

"မင်းရဲ့ ယုံကြည်မှုကိုရဖို့ ကိုယ့်ကို အချိန် တစ်လ​လောက်​ပေးပါ.. အဲ့အချိန်အတွင်းမှာ မင်းကို ကာကွယ်​ပေးရင်း မင်းအ​ကြောင်း ပိုသိလာ​အောင် ကိုယ်လုပ်မယ်..​နောက်ဆုံး မင်း ကိုယ့်ကို ယုံကြည်လာခဲ့ရင် မင်း မိဘ​တွေဆီက​နေ ရုန်းထွက်ပြီး မင်း ကိုယ်နဲ့ အတူ လာ​နေနိုင်တယ်"

"အင်း.. အဆင်​ပြေ​လောက်မယ် ထင်တာဘဲ"
ငါ မဝံ့မရဲပြန်​ဖြေလိုက်မိတယ်။

ငါ သူ့အ​ကြောင်း ပိုသိချင်​ပေမဲ့ နာကျင်ရမှာကိုလည်း ​ကြောက်​နေမိတယ်။ ငါက ပြီးပြည့်စုံတဲ့ Omega တစ်​ယောက်ဖြစ်ဖို့ဆိုတာ ​ဝေးလွန်းမှန်း သိပါတယ်။ ငါ့အ​ကြောင်း သူပိုသိ​လေ ငါ့ကို မကြိုက်​တော့တာလည်း ဖြစ်သွားနိုင်တာဘဲ​လေ။ တကယ်တမ်း​ပြောရရင် ငါက ပညာ​ရေး နိမ့်ကျပြီး ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ အရှုံးသမားတစ်​ယောက် သာသာဘဲမလား။

"​နောက်ကျ​နေပြီဘဲ.. ကိုယ် မင်းအခန်းကို လိုက်ပို့​ပေးလို့ရမလား?"

little omega (myanmar translation)Where stories live. Discover now