အိုမီဂါ

677 46 1
                                    

Unicode

Draco's pov

အမွှာ Potter ​တွေရဲ့ မိဘ​တွေ ဝင်လာချိန်မှာ သူတို့ ​နောက်ကွယ်က​နေ လှပတဲ့ Omega တစ်​ယောက် ပါလာမယ်လို့ မ​မျှော်မှန်းထားခဲ့ဘူး။ သူ့ရဲ့ ခန္ဓာကိုယ် ​ကောက်ကြောင်းနဲ့ ​အချိုးကျတဲ့ ခါးတစ်စုံက Omega အများစုလှတယ်ဆိုတာထက် ပိုလှတယ်။ သူရဲ့ နက်​မှောင်တဲ့ ဆံနွယ်​​တွေကို တင်းကျပ်စွာစည်းပုံအရ သူ့မှာ သန်မာတဲ့ ဆံနွယ်ရှည်​တွေရှိပုံရတယ်။ အရာအားလုံးထဲမှာမှ သူ့ရဲ့ စိမ်းလဲ့​တောက်ပ​နေတဲ့ မြစိမ်း​ရောင် မျက်လုံးကြီး​တွေက​ ခံစားချက်များနဲ့ ​တောက်ပ​နေတယ်။ သူက အရမ်းပြီးပြည့်စုံလွန်းပြီး ငါ့အပိုင်ဘဲ ဖြစ်ရမယ်။

" Lucius, Narcissa နဲ့ Draco Malfoy တို့ ဒါက Lily နဲ့ James Potter တို့ပါ "

Dunbeldore က နတ်ဆိုးမိဘ​တွေရဲ့ ​နောက်မှာ ပုန်းကွယ်​နေတဲ့ Omega ​လေးကို လုံးဝ လျစ်လျူရူကာ မိတ်ဆတ်​ပေးလာ​တော့တယ်။

" ဟို ပုန်း​နေတဲ့ Omega ​လေးက​ရော ဘယ်သူလဲ" လို့ အ​မေက ဦး​ဆောင်​​မေးလိုက်​တော့ ​ကျေးဇူးကြီးစွာဘဲ ငါ ​မေးစရာမလို​တော့ဘူး​ပေါ့။ ​တကယ်တမ်း​ပြောရရင် ​သူ​ရောက်ရှိ​နေမှန်းတောင် မသိရတဲ့ မိတ်ဖက်မရှိ Omega တစ်​ယောက်အ​ကြောင်းကို တခြားမိတ်ဖက်မရှိ Alpha က အရင်စ​​မေးလိုက်ရင် မ​လေးစားရာ​ရောက်သွားနိုင်တယ်​လေ။

"အို.. စလာထဲက Hadrian အရှက်ကွဲတော့တာပါဘဲ"
(Hadrian - Latin စကားအရ ငရဲလို မ​ကောင်းတဲ့ အ​ခေါ်​ဝေါ်တစ်ခု)

Lily က တိုးတိတ်စွာ တစ်ကိုယ်တည်းပြောလိုက်တယ်။

"သူက သူ့ရဲ့ မှန်ကန်တဲ့ Alpha ကို ရှာမ​တွေ့ခင်အထိ ဝိတ်ချဖို့လို​နေတာ​လေ" Lily က ​စကားမဟုတ်သလိုနဲ့ လှောင်​ပြောင်​ပြောဆိုလိုက်တယ်။ သူတို့က ​ကောင်​လေးကို လှပခြင်းလို့ သ​ဘောမထားဘဲ အရာဝတ္ထုတစ်ခုလိုသာ ဆက်ဆံ​နေပုံက​တော့ ရင်နာစရာပါဘဲ။

Harry ကို ကြည့်​လိုက်​တော့ သူ့မျက်လုံး​တွေက ​တောက်ပ​နေတုန်းပါဘဲ။ သူက စကားတစ်ခွန်းမှာမ​ပြောဘဲ ​ခေါင်းကိုငုံ့ထားတယ်။ ဒါက သူ့ရဲ့ weight နဲ့ ပက်သက်ပြီး ပထမဆုံးအကြိမ် ​လူအများအ​ရှေ့မှာ လှောင်​ပြောင်ခံခဲ့ရခြင်းမဟုတ်မှန်း သူရဲ့ တုံ့ပြန်မှူကို ကြည့်ရုံနဲ့ သိနိုင်တယ်။ ကျွန်​တော့်အမြင်မှာ​တော့ သူက ဝလည်း မ​နေသလို တုတ်​ချောင်းလိုမျိုးလည်းဖြစ်​နေဘူး။ သူ့ရဲ့ ခန္ဓါကိုယ် ​ကောက်​ကြောင်း​လေးနဲ့ အရိုး​ပေါ်က အသား​တစ်​လေးတွေက သူ့ကို ပိုလှ​အောင်​တောင် ဖန်တီး​ပေး​နေ​သေးတယ်။

little omega (myanmar translation)Where stories live. Discover now