Hogswarts

939 59 1
                                    

Unicode

ယခုနှစ်ရဲ့ ဒီအချိန်ဟာ Harry အတွက် အထီးကျန်ဆုံး အချိန်ပါဘဲ။ သူ့ရဲ့ အစ်ကိုအကြီးဆုံး Jamie နဲ့ Derek တို့က ကျောင်းပြီးသွားလို့ တခြားမြို့ကို ပြောင်းသွားကြပြီး အမြွှာနှစ်ယောက်ဖြစ်တဲ့ Kaden နဲ့ Jaden တို့က Hogwarts မှာ သူတို့ရဲ့ သတ္တမနှစ်ကို တက်ရောက်နေကြတယ်။ Harry က​တော့ Hogwarts ကို သွားဖို့ မိဘတွေရဲ့ ခွင့်ပြုချက်ကို မရခဲ့ပါဘူး၊ ဘာလို့ဆို သူဟာ Omega ဖြစ်နေလို့ပါတဲ့။ ဒါက တကယ်မမျှတပါဘူး။ တခြား Omega တွေလည်း သွားနေချိန်မှာ ဘာလို့ သူကသွားလို့မရနိုင်ရတာလဲ။

Harry ဟာ အချိန် တော်တော်များများကို တစ်ယောက်တည်းသာ ကုန်ဆုံးရတာများပါတယ်။ အဖေက အလုပ်လုပ်နေတတ်ပြီး၊ အမေကတော့ အမြဲသူ့ကို Alpha တစ်ယောက်ရဲ့ လိင်အရုပ်အဖြစ်နေတတ်အောင် သင်ပေးပြီး ချမ်းသာတဲ့ Alpha တစ်ယောက်ရဲ့ အမွေဆက်ခံသူကို မွေးဖွားပေးရမယ်လို့ အမြဲပြောနေတတ်သူပေါ့။

"Harry..ညနေစာစားချိန်ရောက်ပြီ"

အမေက သူ့ကိုအော်ပြောနေတာ သူကြားရတယ်။ ညည်းတွားသံနဲ့အတူ အောက်ထပ်ကိုဆင်းပြီး ထမင်းစားခန်းထဲကိုသွားခဲ့တယ်။ မိဘတွေကြားမှာဖြစ်တဲ့ သူရဲ့ထိုင်​နေကျ ခုံ​ပေါ်မှာထိုင်ပြီး သူတို့ထိုင်ဖို့ကို စောင့်နေလိုက်တယ်။ "ထိုင်ပါ" အမေက အဖေ့ကို ပြောရင်း သူမထိုင်ချလိုက်သည်။

Harry က အမေလုပ်ထားတဲ့ အကင်တချို့ကို လိုချင်လို့ လက်လှမ်းလိုက်ပေမယ့် အမေက သူ့လက်ကိုရိုက်ချလိုက်တယ်။ အားပါတာကြောင့် သူ့လက်တောင် နီသွားခဲ့ရတယ်။ သူ့ဘေးက အာလူးထောင်းတချို့ကို ​နောက်တစ်ကြိမ် လက်လှမ်းလိုက်ပေမယ့် အမေက သူ့လက်ကို ရိုက်ပစ်လိုက်ပြန်တယ်။ နောက်ဆုံးစားပွဲပေါ်ရှိတဲ့ စားစရာတချို့ထဲက အလိပ်ပုံစံလေးနဲ့ စားစရာကို လှမ်းလိုက်​တော့ ဒီတစ်ခါ အဖေဟာ သူ့လက်ကို ရိုက်ချလိုက်ပြန်တယ်။

"ကျွန်တော်ဘာလို့ ဘာမှစားလို့မရတာလဲ..."

သူ အနည်းငယ် စိတ်ပျက်လက်ပျက် မေးလိုက်တယ်။

"မင်းစားလို့ရပါတယ်.."

သူမက လေသံပြင်းပြင်းနဲ့ ပြန်ပြောတယ်။

little omega (myanmar translation)Where stories live. Discover now