နူးညံ့​သော ပန်း

459 35 1
                                    

Unicode

Draco's pov

Draco ဘူး​လေးတစ်ခုကို ကိုင်ပြီး ရဲတိုက်ထဲက သူ့အခန်းဆီ ​လျှောက်လာခဲ့တယ်။ တကယ်​တော့ ဘူး​လေးဟာ လက်​ဆောင်ဘူးဖြစ်သလို သူ ကိုယ်တိုင် ကတိပြုထားတဲ့ Harry ရဲ့ ယုံကြည်မှုကို ရ​အောင်ယူမယ်ဆိုတဲ့ သ​ဘောသက်​ရောက်တဲ့အ​နေနဲ့ လက်​ဆောင်​လေး​ပေါ့။
ဒီ လက်​ဆောင်​လေး​ပေးရုံနဲ့ သူ့သ​ဘောကျမှုကို ​မျှော်လင့်လို့ မရနိုင်ဘူးဆိုတာ သိပါတယ်။ ဒါ​လေးက Draco အ​နေနဲ့ Harry အတွက် ရိုးရှင်းပြီး လှပတဲ့ အရာတစ်ခုကို ​ပေးချင်ရုံပါ။

သူ စာရွက်အတို​တစ်ရွက်ကို ​ကောက်ယူလိုက်ပြီး မြန်မြန်ဆန်ဆန်ဘဲ စာတို​လေး​ရေးလိုက်တယ်။ ပြီးတာနဲ့ ညစာအတွက် ​ဟောခန်းမထဲကို ထွက်သွားလိုက်တယ်။
စားပွဲခုံမှာ ​မျက်လုံးဝိုင်း​လေး​တွေနဲ့ ​ခေါင်ငိုက်စိုက်ထိုင်​နေတဲ့ Harry ကို ​တွေ့လိုက်ရတယ်။ Draco သူ့နားကို ​လျှောက်သွားရင်း သူ့လက်ထဲကို စာတို​လေးထည့်​ပေးပြီး ဒီည လသာ​ဆောင်ရဲ့ အဝင်ဝ​လေးမှာ ​တွေ့ဖို့ ​ပြောခဲ့လိုက်တယ်။ Harry က ​ခေါင်း​လေး မငြိမ့်တငြိမ့်​လေးနဲ့ လက်ခံတာက သူ့ကို ပြုံးသွား​စေမိတယ်။ ဒီည Harry နဲ့ ​တွေ့ရမယ်ဆိုတာ အတည်ပြုပြီးတာနဲ့ သူ့သူငယ်ချင်း​တွေနဲ့ ထိုင်ပြီး ညစာစားလိုက်​တော့တယ်။

.....

Harry's pov

Harry သူ့ မိဘ​တွေ အိပ်ရာဝင်ပြီဆိုတာ ​သေချာတာနဲ့ သူ့ရဲ့ အ​မွှေးပွအင်္ကျီ​လေးကိုလဲပြီး ခိုးထွက်လာခဲ့တယ်။
Draco ​ပြောထားတဲ့အတိုင်း လသာ​ဆောင်ဘက်ကိုထွက်လာ​တော့ သူက အဲ့မှာ ​ရောက်​နေနှင့်ပြီ။ သူက ညစာစားချိန်တုန်းက ဝတ်စုံနဲ့ဖြစ်ပြီး သူ့လက်ထဲမှာလည်း ဘူး​လေးတစ်ခုကိုင်ထား​သေးတယ်။

"မင်း အရမ်းချစ်ဖို့​ကောင်း​နေတယ်"

Draco က သ​ဘောတကျပြုံးပြီး​ပြောလာတယ်။ Harry သူ့အနားကို ​ရောက်သွား​တော့ သူက ​ခေါင်းကို ငုံ့ပြီး Harry ပါး​လေးကို နမ်းလိုက်တယ်။ ရှက်လိုက်တာ။

" ခင်ဗျားလည်း ဒီ​နေ့ .. အရမ်း ​ကြည့်​ကောင်းနေတယ်"

သူ ပြုံးစိစိ​လေးနဲ့ ပြန်​ပြောမိတယ်။

little omega (myanmar translation)Where stories live. Discover now