မိဘများ

393 39 3
                                    

Unicode

Draco's pov

​နောက်​နေ့ မနက်မှာ Draco က ​Harry ရဲ့ အခွင့်အ​ရေး​ပေးမယ်ဆိုတဲ့ စကားတစ်ခွန်း​ကြောင့် ရွှင်လန်းစွာနဲ့ နိုးထလာ​ခဲ့တယ်။ သူ့ မိဘ​တွေရဲ့ အကူအညီနဲ့သာဆိုရင် ​နောက်လဆို ဒီ​ကောင်​လေး သူ့အ​ပေါ် ​ကြွေကျလာမှာ ​သေချာတယ်။ သူ့ မိဘ​တွေက​တော့ ကူညီမယ်ဆိုတာ ​သေချာသ​လောက်ဘဲရှိတယ်။ သူတို့က အမြဲတမ်း သူ Omega တစ်​ယောက်ဆီမှာ ​ခြေ​ချော်ကျသွားတာကိုဘဲ လိုချင်​နေကြတာ​လေ။

Alpha အများစုလိုမျိုး သူ့ရဲ့ အိမ်​ထောင်​ရေးက လိင်ကိစ္စအတွက် မဖြစ်​စေချင်ဘူး။ ကိုယ်နဲ့​တွေ့တဲ့အချိန် သူက လုံးဝ အဖြူထည် သန့်ရှင်း​နေစရာလည်း မလိုဘူး။ Alpha နဲ့ Omega ကြားက အိမ်​​ထောင်​ရေး ​တော်​တော်များများက ဒီလို​တွေဘဲ​လေ။ ကံ​ကောင်းတာက သူ့မိဘ​တွေက အချစ်​ကြောင့် လက်ထပ်ထားတာဖြစ်ပြီး သူကလည်း အဆိပ်အ​တောက်ဖြစ်တဲ့ အိမ်မှာ ကြီးပြင်းလာတာ မဟုတ်ဘူး။ သူငယ်ချင်းဖြစ်တဲ့ Pansy တို့ မိသားစုကလည်း Beta မိဘ ၂​ယောက်ဖြစ်တာမလို့ ကိစ္စသိပ်မရှိဘူး။ Blaise မှာ​တော့ ပ​ထွေး​တွေများ​ပေမဲ့ Draco မိဘ​တွေ​နဲ့ သူငယ်ချင်းဆို​တော့ အိမ်​ထောင်​ရေးမှာ အမြင်တူကြ​တော့ အဆင်​ပြေပါတယ်။

​နောက်ဆုံး သူ အိပ်ရာ​ပေါ်က ထလိုက်ပြီး အနက်​ရောင် suit ကို ​ဝတ်လိုက်တယ်။ အခန်းထဲက မထွက်ခင် ဆံပင်ကိုလည်း သလိုက်​သေးတယ်။ ​ဒီ​နေ့က hogsmeade ရဲ့ ပိတ်ရက်ဖြစ်လို့ မြို့ထဲမှာ မိဘ​တွေနဲ့ သွား​တွေ့လို့ရတယ်​လေ။ ရဲတိုက်ထဲကို ဝင်လာပြီး ခန်းမထဲ ​ရောက်တဲ့အထိ သူ ဘယ်သူ့ကိုမှ အာရုံမ​ရောက်မိပါ။ ​နောက် Harry သူ့ မိဘ​တွေနဲ့ ​လှေကား​ပေါ်က ဆင်းလာတာမြင်​တော့ Draco ရပ်သွားမိတယ်။ Harry က ​ခေါင်းငုံ့ထားပြီး အရင်​နေ့ကနဲ့ ဆင်တူ တောက်​​ပြောင်တဲ့ ဝတ်စုံကို ဝတ်ထားပြန်တယ်။ Harry ​ခေါင်း​မော့လာတဲ့အချိန်မှာ Draco သူ့ကို ပြုံးပြလိုက်တယ်။

Draco မြို့ထဲကို ​ရောက်​တော့ တံမြတ်စည်းပျံ​တွေ ​ရောင်းတဲ့ ​နေရာကို အရင်သွားတယ်။ ပြီး​​​​နောက် Draco မိသားစုရဲ့ သီးသန့်အခန်းကို သွားတယ်။
အခန်းထဲ​ရောက်တာနဲ့ ချိတ်ဆက်လို့ရတဲ့ မှန်ကို ထုတ်လိုက်ပြီး သူ့ မိဘ​တွေနဲ့ ချိတ်ဆက်ကာ သူ့ကို လာ​တွေ့ဖို့ ​ပြောလိုက်တယ်။ ​နောက်​တော့ သူ မှန်ကို တစ်ချက်ပြန်ထိလိုက်တဲ့အချိန် အ​မေ့ရဲ့ မျက်နှာက ​ပေါ်လာတယ်။

little omega (myanmar translation)Where stories live. Discover now