ညင်သာ​သော အနမ်း

427 33 3
                                    

Unicode

Harry's pov

ကျွန်​တော် ဖြစ်ပျက်ခဲ့တာ​တွေ အကုန်လုံးကို ဝမ်းနည်းစွာ မျက်ရည်ကျရင်း​ပြောပြမိ​တော့ Draco က ​ပွေ့ဖက်ကာ နှစ်သိမ့်​ပေးခဲ့တယ်။ အခုဆို တစ်ပတ်​လောက်​​တောင်ကြာခဲ့ပါပြီ။ Draco က ကျွန်​တော့်ကို ​အရင်ကထက် ​ပျော်ရွှင်အောင် မျက်ရည်​တွေထပ်မကျရ​တော့​​အောင် ချစ်​ပေးတယ်။ ပြီး​တော့ ကျွန်​တော်ကိုယ်တိုင်လည်း ခိုးထွက်ရင် ပိုသတိထားတတ်လာသလို အမိလည်းမခံရ​တော့ဘူး။ Draco က​လေ ကျွန်​တော် သူ့အ​ပေါ် ကျရှုံးလာ​အောင် နည်းမျိုးစုံနဲ့ကို ကြိုးစားခဲ့တာပါ။ သူက ကျွန်​တော့်အ​ပေါ် ​လေးစားသလို၊ လူတစ်​ယောက်... အချစ်ခံရတဲ့ လူတစ်​ယောက်ဆိုတာ ဘယ်လို ခံစားချက်မျိုးများလဲ ဆိုတာ သိအောင်အထိ ချစ်​ပေးတယ်။ အဲ့ဒီ့ လူရူပ်ကြီးက ကျွန်​တော် အစာ​​​​ သေချာစားသလားဆိုတာကိုပါ အမြဲစစ်​နေ​တော့တာ၊ ပြီး​တော့.. ကျွန်​တော့် အပြုံး​တွေ ပိုပီပြင်လာ​အောင်လည်း သူက လုပ်​ပေးခဲ့တယ်။ ကျွန်​တော့် ဘဝမှာ အခု​​လောက်ထိ အရင်ကတစ်ခါမှ မ​ပျော်ရွှင်ခဲ့ရဖူးဘူး။

အခု ကျွန်​တော် ကုတင်​ပေါ်က ခြေသံဖွဖွဆင်းရင်း Draco နဲ့​တွေ့ဖို့ ချိန်းထားတဲ့ ​အခန်းနေရာကို သွား​နေတယ်။ ​​နေရာကို​ရောက်​တော့ တံခါးက ဖွင့်လျက်သားဆို​တော့ Draco ​ရောက်​နေ​​လောက်ပြီ။ အခန်းထဲဝင်သွား​တော့ မီးဖို​ရှေ့ဆိုဖာမှာ စာအုပ်ထိုင်ဖတ်​နေတဲ့ Draco ကို ​တွေ့​တော့ ကျွန်​တော် ပြုံးလိုက်မိတယ်။ အခန်းကကြီးသလို သက်​တောင့်သက်သာလည်းဖြစ်တယ်။ ဧည့်ခန်းကြီးလို ပုံစံ​နဲ့တူတယ်။

"Draco...."

ကျွန်​တော် သူ့ကို နူးညံ့စွာ​ခေါ်မိရင်း တံခါးကို ​ဖြေး​ဖြေးချင်းပိတ်ကာ သူ့ဆီ လျှောက်လာခဲ့တယ်။

"ကိုယ့် အလှ​လေး..."

​တွေ့​တွေ့ချင်းကိုဘဲ သူက ကျွန်​တော့်ကို ရှက်​အောင်လုပ်​နေ​တော့တာ။ ကျွန်​တော် သူ့​ဘေးမှာ ဝင်ထိုင်လိုက်​​တော့သူက ဖတ်လက်စ စာအုပ်ကို bookmark ​လေး ညှပ်ကာပိတ်ပြီး ကျွန်​တော့်ကို အာရုံစူးစိုက်မှု အပြည့်​ပေးကာ ခန္ဓာကိုယ်တစ်ခုလုံးကို သူ့လက်​မောင်းကြီးနဲ့ ​ပွေ့ဖက်လာ​တော့တယ်။

little omega (myanmar translation)Where stories live. Discover now