0

1.1K 98 8
                                    

Unicode

"မင်းလုပ်နိုင်ပါ့မလား"

အစိမ်းညို့ရောင်၀တ်စုံပြည့်ကို၀တ်ဆင်ထားတဲ့ထောင်ထောင်မောင်းမောင်းနဲ့အမျိုးသားက ဘတ်ဟျွန်းကိုယ်ကိုအထက်အောက်စုန်ဆန်ကြည့်ရင်းသံသယရှိစွာဆိုလာခဲ့သည်။

"ဟုတ်ကဲ့ ကျွန်တော်လုပ်နိုင်ပါတယ်"

သူ့အပေါ်ကိုကြည့်နေတဲ့အထင်သေးမှုတွေပါတဲ့အကြည့်တွေကိုရှောင်ဖယ်ဖို့ ရိုးရိုးကျိုးကျိုးဖြင့် ခါးကျိုးမတတ် 90° ကိုင်းကာဆိုလိုက်သည်။

"ဒီအိမ်မှာမင်းလုပ်ရမယ့်အလုပ်တွေကိုပဲလုပ်ပါ မဆိုင်တဲ့ကိစ္စတွေ မင်းစိတ်ထဲထည့်တောင်မထည့်နဲ့! သခင်ကြီးမှာက အက်ဆီးဒန့်ကြောင့် ခြေထောက်ကိုပြင်းပြင်းထန်ထန်ထိခိုက်ထားတယ် သားဖြစ်တဲ့သူနဲ့လည်းကတောက်ကဆတွေရှိနေတာမို့ အတတ်နိုင်ဆုံး မင်းသခင်ကြီးစိတ်ကွက်အောင်မလုပ်နဲ့!!"

ဂျပန်စစ်ရေးကတာ၀န်ရှိလူတစ်ယောက်၏အသံဟာ ကျောချမ်းစရာကောင်းလောက်အောင် မာန်အပြည့်နဲ့ ခက်ထန်နေသည်။နဂိုမှ သိမ်ငယ်စိတ်၀င်နေရသည့် ဘတ်ဟျွန်းအဖို့ ထိုလူ၏အသံကြောင့်ပါ ခန္ဓာကိုယ်ကိုမသိမသာကျုံ့လိုက်မိသည်။

"ဒါဆို မင်းသူနဲ့လိုက်သွားလိုက်
မင်းအတွက်လိုအပ်တာတွေရော
ဒီအိမ်ရဲ့စည်းကမ်းတွေကိုပါပြောပြလိမ့်မယ်"

"ဟုတ်ကဲ့"

နောက်ဆုံးတကြိမ် ခါးကိုထပ်မံကိုင်းလိုက်ကာ အရိုသေပြုလိုက်သည်။ဘတ်ဟျွန်းသူ့ကိုလာခေါ်တဲ့အလုပ်သမားခေါင်းဆောင်နောက်ကိုလိုက်လာရင်း သွားလမ်းတစ်လျှောက်မှာလည်း သိမ်ငယ်စိတ်အပြည့်၀င်မိပြန်သည်။

မီးဆိုင်းတွေအောက်ရောက်နေသည့်တိုင်
ဘတ်ဟျွန်းစိတ်ကတော့အမှောင်လမ်းဘက်ပကတိရောက်နေဆဲပင်ဖြစ်သည်။
ဂျပန်ကိုလိုနီအရာရှိချုပ်တစ်ယောက်၏အိမ်ကထင်ထားတာထက်တော့စိတ်ကျဥ်းကျပ်မှုအလွန်ပေးစွမ်းသည်။နံရံတိုင်းမှာချိတ်ဆွဲထားတဲ့ဂျပန်ဆေးပန်းချီကားချပ်တွေက ဘတ်ဟျွန်းရဲ့ကြောက်စိတ်ကိုပိန်းမောင်းထိုးနေသယောင်။

လက်ထဲမှာရှိတဲ့အ၀တ်အိပ်ခပ်ပေါ့ပေါ့ရဲ့ကြိုးလေးကိုသာ အားဖြင့် စိတ်ဖြေရာအဖြစ်ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လိုက်မိသည်။

BULLET BLADEWhere stories live. Discover now