U
နောက်တနေ့နံနက်နိုးထလာတော့ဘတ်ဟျွန်းတကိုယ်လုံးကမကျိုးရုံတမယ်သာသာကိုက်ခဲနေခဲ့သည်။မနေ့က မနက်ကတည်းကနေ ညနေထိ အနောက်ဘက်ခြံထဲကခြုံတွေတစ်ယောက်တည်းရှင်းခဲ့ရတာမို့ ယနေ့ ဘတ်ဟျွန်းမှာ လှုပ်နိုင်သေးတာကိုက ကံကောင်းတာပင်။
ခြုံတွေညှိရင်းရခဲ့တဲ့ရှရာခြစ်ရာတွေကလည်း ဆေးမထည့်ရသေးတာမို့ စပ်ဖြင်းဖြင်းဖြစ်နေကာဘတ်ဟျွန်းစိတ်ထဲ အော်သာငိုလိုက်မိတော့သည်။
ဒါတွေက သူခံခဲ့ရတဲ့ဒဏ်တွေနဲ့ယှဥ်ရင်မဆိုသာပေမယ့် ကြောက်စိတ်ကြောင့်လားမသိ ဘတ်ဟျွန်းစိတ်ထဲအရာရာကိုအရှုံးပေးချင်လာသလို။သို့ပေမယ့်...ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေအများကြီးက စောင့်ကြိုနေအုန်းမှာပင်။အလုပ်ခန့်အပ်စာမှာ ရေးထိုးခဲ့တဲ့လက်မှတ်အောက်မှာ ၃နှစ်တိတိအလုပ်ကျွေးပြုရမှာဖြစ်တာမို့ ဘတ်ဟျွန်းဘယ်လိုမှ ဆန္ဒမထုတ်ဖော်ရဲ။
ခန္ဓာကိုယ်ပေါ်ကကိုက်ခဲေ၀ဒနာကြောင့်စောစောနိုးလာတဲ့ဘတ်ဟျွန်းကအေးစက်နေတဲ့ရာသီဥတုမှာတောင် မနေ့ကလိုအဆူမခံရစေဖို့ စောစောထကာ ပြင်ဆင်နေလိုက်သည်။
မှောင်ရိပ်ပြိုးနေတဲ့ ပတ်၀န်းကျင်မှာ ရေတွင်းနား ဘတ်ဟျွန်းအပြင် ၁ယောက်စ ၂ယောက်စသာရှိသည်။ပတ်၀န်းကျင်မရှင်းလင်းသေးတဲ့အချိန်မှာတချက်တချက် ခိုညီးသံတွေကကြက်သီးထဖွယ်ကြားနေရသည်။နဂိုကတည်းက ကြောက်စိတ်ဓာတ်ခံရှိနေတာမို့ မျက်နှာသစ်ရင်း ဘတ်ဟျွန်းကိုယ်ကတုန်လှုပ်သွားရသည်။
"ဟေ့ အသစ်လေး မနေ့ကဘယ်လိုလဲ"
ရယ်နှောနှောနဲ့မေးလာတဲ့အမေးက တမင်လှောင်ပြောင်နေမှန်းသိသာပါသည်။အလုပ်စ၀င်ရက် နေမွန်းမတည့်ခင်မှာတင် အပြစ်ပေးခံရပြီးခြုံရှင်းခဲ့ရတာမို့ဘတ်ဟျွန်းရဲ့ အကြောင်းကသူတို့အတွက်ရယ်စရာဖြစ်နေမှာပင်။
မအီမသာနဲ့သာ ပြန်ပြုံးပြလိုက်ပြီးထိုနေရာကနေသာ ခပ်သွက်သွက်ထွက်လာခဲ့လိုက်သည်။နောက်ကနေ ခပ်ဟဟရယ်မောလိုက်တဲ့အသံကြားပေမယ့် ဘတ်ဟျွန်း ပြန်လှည့်ကြည့်ဖို့အစီအစဥ်မရှိ။
YOU ARE READING
BULLET BLADE