Unicode
"ကဲ အသစ်လေးရေ အဲ့ဒီတံခါးကြီးကိုပဲကြည့်မနေဘဲ ဒါတွေလာသယ်ပါတော့"
အနောက်ကနေလှမ်းအော်ပြောလိုက်တဲ့ အီကိုစံ၏အပြောကြောင့် ဘတ်ဟျွန်းတွေးတောနေရာကနေရပ်ကာ ပြုံးရင်းလက်ထဲရောက်လာတဲ့ ခန်းစီးလိုက်ကာတထပ်လိုက်ကြီးကိုမနိုင်မနင်းပွေ့ယူလိုက်သည်။ယနေ့နံနက်က ခါတိုင်းနှင့်မတူဘဲ သခင်ကြီးမရှိတာကြောင့် ဘတ်ဟျွန်းအချိန်တိုင်းဝင်ထွက်နေရသည့် ကျွန်းတံခါးကြီးက ဖွင့်မရအောင်သော့ခတ်ထားသည်။နံနက်အစောကြီးလာပြီးသန့်ရှင်းရေးလုပ်ပေးရသည့်အချိန်ကတည်းကမရှိတော့ဘယ်အချိန်က သခင်ကြီးထွက်သွားမှန်းပင်မသိရပါ။
ဘယ်ကိုသွားသည်။ဘာလုပ်သည်ဆိုတာကိုတော့ သူတို့လိုသူငယ်နှပ်စားအလုပ်သမားတွေကသိခွင့်မရှိတာမို့ ပိတ်ထားတဲ့တံခါးကြီးကိုမျှော်ကြည့်ရင်းဘတ်ဟျွန်းစိတ်တွေက အလိုမကျဖြစ်နေသည်။ရင်ထဲဟာတာတာနှင့်တစ်ခုခုလိုနေတဲ့ခံစားချက်က သခင်ကြီးရဲ့ဒေါသထွက်နေတဲ့မျက်နှာကြီးဆိုတာသိတော့ ဘတ်ဟျွန်းကိုယ်ခေါင်းကိုယ်လည်းထုရိုက်ချင်မိသည်။ကြောက်စရာကောင်းပါတယ်ဆိုမှ ဒါကြီးကိုပဲခဏခဏတွေးနေမိတော့တာပဲ။
"အသစ်ကလေးလာလေ အဲ့မှာတင်ငုတ်တုတ်မေ့တော့မလို့လား"
"အဲ ဟိုက်"
အတွေးလွန်နေတာက အလုပ်ချိန်မှာတော့အဆင်အပြေ။ဒါကြောင့်ကြောက်စရာကောင်းတဲ့သခင်ကြီးကို အာရုံထဲကထုတ်ပြီး လိုက်ကာတွေသယ်ကာရေတွင်းဘက်ကိုယူလာခဲ့လိုက်သည်။ဒီနေ့အဝတ်လျှော်ရမှာက တခြားတစ်ယောက်အလှည့်မို့ ဘတ်ဟျွန်းသက်သာသေးသည်။ဟိုတနေ့ကဆို လက်တွေဆိုအရေတွန့်ပြီး ရေစွဲနေလိုက်တာဆိုတာများ။
အရာရှိကြီးတွေမရှိတဲ့အချိန်မှာ အလုပ်သမားခေါင်းဆောင်ပေးလာတဲ့တာဝန်က တအိမ်လုံးကိုသန့်ရှင်းရေးလုပ်ရန်မို့ ဘတ်ဟျွန်းတာဝန်က ဧကပေါင်းများစွာရှိတဲ့ကျယ်ဝန်းတဲ့ခြံဝန်းကြီးထဲကရွက်ခြောက်တွေကိုလှည်းထုတ်ဖို့ပင်။
သာမန်လူမနေနိုင်တဲ့အကျယ်အဝန်းနဲ့ သခင်ကြီးရဲ့ပိုင်နက်က၂ပိုင်းခွဲထားသည်။တဖက်က သူတို့ပုံမှန်သွားလာနေကြတဲ့အလုပ်သမားတွေနဲ့စံအိမ်ရှိပြီး ဘတ်ဟျွန်းမရောက်ဖူးတဲ့တဖက်မှာတော့ ဂျပန်တပ်သားတွေရဲ့တပ်စခန်းက ရှိသည်။အရေးမစိုက်မိလည်းရံဖန်ရံခါကြားရတတ်တဲ့ လေ့ကျင့်သံတွေနှင့် သေနတ်သံတွေက ကျင့်သားရဖို့ကြိုးစားနေသည့်တိုင် ကြောက်လန့်နေရစမြဲပင်။
YOU ARE READING
BULLET BLADE