U
"ဒီနေ့သခင်ကြီးအခန်းရှင်းပေးရမယ့်လူက ခြေထောက်ထိခိုက်ထားလို့ သူ့အစားမင်းသွားလိုက်"
နေ့လည်စာစားကာနီး အနားကိုလာပြီးပြောသွားတဲ့စကားကြောင့် ဘတ်ဟျွန်းမျက်နှာက ဟန်ဆောင်မရအောင်ရှံ့မဲ့သွားရသည်။
ယခုအချိန်ကဘတ်ဟျွန်းရဲ့ နေ့လည်စာစားချိန်ဖြစ်တာမို့ ဗိုက်ဆာနေတဲ့အချိန် အလုပ်ထပ်လုပ်ရအုန်းမှာကိုတော့ အမှန်တကယ်မလိုလားပါ။ဒီနေ့မနက်ကတည်းက သူတို့ခိုင်းသမျှအလုပ်တွေ အကုန်လုပ်ပေးနေရတာမို့ နေ့လည်ရောက်တော့ ဗိုက်ကဟန်ဆောင်လို့မရအောင် ဆာလောင်နေပြီ။သို့ပေမယ့်ဘတ်ဟျွန်းငြင်းဆန်ခွင့်လည်းမရှိတာမို့ ကိုင်ထားတဲ့တူကိုပြန်ချရင်း သက်ပြင်းလေးကိုသာချလိုက်မိသည်။
သန့်ရှင်းရေးလုပ်ဖို့ အ၀တ်စတွေရယ် ရေပုံးရယ်တွေကိုယူပြီး သခင်ကြီးဆိုသူရှီရာအခန်းဆီကိုလေးလေးပင်ပင်ဖြင့်တက်သွားလိုက်သည်။
*ဒေါက် ဒေါက်*
"၀င်ခဲ့"
အထဲကခွင့်ပေးသံသဲ့သဲ့ကြားမှဘတ်ဟျွန်းတံခါးကိုဖြည်းဖြည်းချင်းတွန်းဖွင့်၀င်လာလိုက်သည်။မနက်ပိုင်းေ၀ယာ၀စ္စအတွက်သာ သခင်ကြီးအိပ်နေတဲ့အချိန်မို့ တံခါးခေါက်စရာမလိုပေမယ့် ပုံမှန်အချိန်ဆို တံခါးအရင်ခေါက်ကာ ခွင့်တောင်းမှရသည်။မဟုတ်ရင် ဘတ်ဟျွန်းခေါင်းတခြားကိုယ်တခြားဖြစ်သွားနိုင်သည်လေ။
"သန့်ရှင်းရေးလာလုပ်တာပါ"
အဖက်မလုပ်မှန်းသိသိရဲ့နဲ့ ဘတ်ဟျွန်းပါးစပ်က သတော်ဦးတင်စကားကလှစ်ကနဲထွက်မိသွားသည်။ရေပုံးကိုင်ဆွဲပြီးရောက်လာကတည်းက သိနေတာကို ဘတ်ဟျွန်းကိုယ်တိုင်ကိုက လျှာလျှာရှည်ရှည်လုပ်မိတာ။
အို့တို့အန်းတန်းဖြစ်သွားတဲ့မျက်နှာကို ခေါင်းငုံ့ချလိုက်ပြီးသန့်ရှင်းရေးစလုပ်ဖို့သာပြင်ရသည်။ရေပုံးထဲကရေတွေထဲ အ၀တ်စတွေကိုနှစ်ကာ ရေစိမ့်၀င်စေလိုက်ပြီး တဖန် ကြမ်းပြင်ပေါ်သို့ ချကာ ပွတ်တိုက်လိုက်သည်။
ခါတိုင်းလို လာဗင်ဒါပန်းနံ့တွေသင်းပျံ့နေတဲ့အခန်းထဲ သခင်ကြီးဆိုသူရဲ့ထုံးစံအတိုင်းစာရွက်တဖျတ်ဖျတ်လှန်သံနဲ့တူ ဘတ်ဟျွန်းရဲ့လှုပ်ရှားမှုတွေကပဲ့တင်သံထပ်နေသည်။
YOU ARE READING
BULLET BLADE