P-1ကျောင်းတက်လေပြီ

38 3 0
                                    

Day to night to morning, keep with me in the moment
I'd let you had I known it, why don't you say so?
Didn't even notice, no punches left to roll with
You got to keep me focused, you want it, say so...
မနက်ခင်းဝယ် နေရောင်ကသွေးလေပြီ။ ဆောင်းနံ့လေအေးတို့က တသုန်သုန် မှန်ပြတင်းပေါက်ငယ်သို့ တိုးလေပြီ။ မနက်၇:၀၀ ဖုန်း alarmပေးထားသည်မို့ Dojaက တေးသီလေပြီ။

"ဟာ မ,ထချင်သေးဘူးကွာ"
ကျောင်းဆရာ‌လေး ကိုသျှင်ရဲသွင်တစ်ယောက် ညည်းပြန်လေပြီ။ ခေါင်းရင်းမှ ဖုန်းအား ဆွဲယူ။ ဖုန်းalarmကိုထ ထိုင်ကာ ပိတ်ရင်း ၈:၀၀ Alarmပြန် ပေးကာ ဆက်မှောက်ပြန်သည်။
ဒုန်း...
"အားးး"
ရဲသွင်တစ်ယောက် ခေါင်းပြန်အချ သူ၏ ဦးခေါင်းနှင့် ကုတင် ခေါင်းရင်းနဲ့ နှစ်ပါးသွားကာ အီစလံဝေရပြန်လေပြီ။
"×ီးပဲကွာ၊ အဟင့်...×ျီး"
သူ့ ခမျာ ဒေါပွပွဖြင့် စက်တော်ခေါ်ရပြန်တော့သည်။

"မသွားလို့ကလည်း မဖြစ်သေးပါဘူးကွာ၊ မြန်မြန် လုပ်အုံးမှ"
ရဲသွင်တစ်ယောက် အထ၊ ဖုန်းကိုလည်း ကောက်အကိုင် ၈:၃၀ကျောင်းအတက်ဖြစ်နေလေပြီ။
"ရားးး ၈:၃၀နေပြီဟ မြန်မြန်"
ဒီလိုနဲ့ ရဲသွင် တစ်ယောက် သွားတိုက်၊ မျက်နှာသစ်၊ ထမင်ချိုင်းထည့်ဖြင့် ကမန်းကတန်းပြင်ဆင် အလုပ်ရှုပ်ရပြန်သည်။ မိမိ သုံးနေကြ Toner, serumများလည်း မသုံးဖြစ်တော့ Moisturizerတစ်ဘူးနှင့် sunscreenတစ်ဘူး ကောက်သယ်ကာ မိမိ၏ ကားလေးဆီသို့ ပြေးရပေတော့သည်။

ယနေ့ တနင်္လာနေ့ပင် အထက်တန်းကျောင်းသားများ တန်းစီကြရပေမည်။ ရဲသွင်ကား အထက်တန်း ဇီဝဗေဒ ဘာသာပြ ဆရာတစ်ဦးဖြစ်ပြီး ၁၀တန်း(A) ဇီဝခန်း၏ အတန်းပိုင်ဆရာ တစ်ဦးပင်ဖြစ်သည်။ ရဲသွင်ကား အသားဝါဝါ ရှမ်း-ဗမာစပ်ဖြစ်သည်။ ကိုယ်နေဟန် ပေါ့ပါးကာ နွဲ့သယောင်ပင်။ အဝေးမှုန်သမားပင်မဲ့ မျက်မှန် အထူကြီးလည်း တပ်ထားရသေးသည်။ သို့သော် မျက်မှန်ကိုင်းကာ ခေတ်ဆန်ဆန်ပါပေ။ တစ်ခါတစ်ရံ စိတ်မထင်ရင် မထင်သလို မျက်ကပ်မှန် အပြာရောင် big eyesတစ်စုံလည်း တပ်ထားတက်ပေသည်။ ဆံပင်ကိုလည်း အပေါ်လှန်ကာ ဖြီးသင်ထားတက်လေသည်။ တစ်ခါတစ်ရံတော့လည်း အလယ်ခွဲကာ ခေတ်ဆန်ဆန်နေတက်ပြန်သူ။ လူကြီးလိုလို ကလေးလိုလို လူပက်တကား။

ကျောင်းသို့ ကားဝင်လျှင်ပင် ကျောင်းassemblyကွင်းတွင် အထက်တန်းကျောင်းသားများ တန်းစီနေကြသည်ကို မြင်ရလေသည်။ လူစု၏ အရှေ့စူးစူး ဩဝါဒစင်မြင့်တွင်မူ ကျောင်းအုပ်ဆရာမကြီးဆိုးဟု ဆလိမ်ဖြင့်ဆိုး‌ေနသည့် ဒေါ်ခင်မစိုးကို လှမ်းမြင်ရလေသည်။ မိမိရှိရာ ‌ကျောင်းဂိတ်ဝ ဘက်ကို မျက်ထောင့်ကပ်ကာ လှမ်းကြည့်နေမည်ဟုလည်း ထင်မိသည်။
ရဲသွင်လည်း မိမိ၏ Honda fitကား အပြာရောင်လေးအား ၇တန်းဆောင်များနံဘေး ‌ပိတောက်ပင်ရိပ်တွင် parkingထိုးကာ အထက်တန်းဆောင် အပေါ်ထက်သို့ သုတ်ခြေတင်လေသည်။ ကံကောင်းချင်တော့ သူကျောင်းနောက်ကျသည်ဟု မဆိုသာတော့ပေ။ Assemblyနေ့ဖြစ်သည်က တစ်ကြောင်း မကြီးဆိုး တစ်ယောက်ကလည်း မိမိ၏ အကျင့်အတိုင်း လေပေါကောင်းနေသောကြောင့်ပင်။ ရောက်ရှိကြောင်း လက်မှတ်ထိုးကာ ဆရာ/မများ နားနေခန်းတွင် တစ်ယောက်တည်း အေးဆေးဝင်ထိုင်နေလိုက်သည်။ မနက်စာ မစားခင် အရင်ဦးဆုံး လက်ဆေးကာ moisturizerနဲ့ sunscreenလိမ်းလိုက်လေသည်။ ပြီးမှ မနက်စာစားတော့သည်။ ကျောင်းကို မိမိရောက်ချိန်မှာ ၈:၄၅ဖြစ်သည်။ ၁၀မိနစ်အကြာ တွင်တော့ မိမိလည်း မနက်စာစားအပြီး နားနေခန်းသို့ မိမိနှင့် လုပ်ဖော်ကိုင်ဖက် ဆရာမများ တစ်စုက ဝင်လာကြလေပြီ။
"ဟာ ဆရာ၊ စားလှချည်းလား။ ကျုပ်ကိုလည်း ကျွေးအုံးတော့်"
မြန်မာစာဆရာမ ဒေါ်မိမ်ကြီး၏ အသံကျယ်ကျယ်ပင်။ ဤသို့ဖြင့် ရဲသွင်လည်း ခေတ္တမျှ စကားကိစ္စလေဖောင်ဖွဲ့ကာ မိမိ၏ အတန်းသို့ ဝင်လေသည်။ ကျောင်းသားများကား ယခုမှ ဘုရားရှိခိုးနေပြီး အမျှဝေလင်္ကာဆိုနေကြချိန်ပင်။ ရဲသွင်လည်း အခန်းထဲဝင်ကာ မိမိ၏ နေရာတွင် နေရာယူလိုက်သည်နှင့် တစ်ပြိုင်နက် သော်ငြိမ်းဆက်နဲ့ စိုးရတီထွန်းတို့နှစ်ယောက်က ပျက်ကွက်စာရင်း၊ လူဦးရေစာရင်းစသည့် "က"စာရင်းလုပ်ခြင်း၊ မင်ထည့်ခြင်း၊ White boardဖျက်ခြင်းတို့အား စီမံလေသည်။

နတ်ဘုံသာလောWhere stories live. Discover now