P-4 ဖော်ရက္ကဆာ

12 0 0
                                    

“အဟွတ် အဟွတ် အဟွတ်”
ရဲသွင် တဖြေးဖြေး သတိလည်လာမိသည်။ စက္ခုနှစ်လုံးကို ဖြေးဖြေးချင်း ဖွင့်ကြည့်မိတော့ သူစက်လုံးကြီး အတွင်းမှာပင်။ AIကလည်း ရဲသွင်နိုးလာသည်ကို သတိထားမိသွား ဟန်တူသည်။
“မင်္ဂလာပါ ရဲသွင်”ဟူသော အသံနှင့် တပြိုင်နက်တည်း စက်လုံးကြီးရဲ့ တံခါးပွင့်သွားလေသည်။ စက်လုံးဖြူဖြူကြီးမှ လေပေါ်မှ တည်နေသည့် အပြာကလေးများကပင် လှေကားကလေးများအဖြစ် ပေါ်ထွက်လာလေသည်။ ရဲသွင်ကိုယ်၌ ပတ်ထားသော အန္တရာယ်ကင်းခါးပတ်များမှာလည်း autoဖြုတ်ပြီးသား ဖြစ်သွားလေပြီ။ အပြင်ဘက်ကို ထွက်ကြည့်မိတော့ ရဲသွင်ရောက်နေသည်ကား တောကြီးတစ်တောပေ။

“ဘယ်ရောက်နေမှန်းလည်း မသိဘူး။ ကြောင်ပျောက်ပြန်ပြီဟ...ကျစ်”
ရဲသွင် ဘာလုပ်ရမှန်း မသိဖြစ်နေရင်း အကြံထုတ်မိတော့ AIရတုကို သွားသတိရမိသည်။
“ရတုရေ”
“ဟုတ်ကဲ့ ကိုရဲသွင်”
“ငါရောက်နေတဲ့ တည်နေရာနဲ့ ပတ်သက်ပြီး informationတစ်ချက် ပြောပြပေး”
“ဟုတ်ကဲ့ အခု ကိုရဲသွင်ရောက်နေတဲ့ နေရာကတော့ ဒီပါလောက၊ ဝိဒေဟဒိပ်ဒီပါ၊ နဂိုရာကျွန်းစု၊ ဂရော်ဇီယာကျွန်းရဲ့ တောင်ဘက်  လမုတောကြီးမှာပါ ခင်ဗျ။ ဒီကျွန်းစုဒေသတစ်ဝိုက်ဟာ Alchemistဇော်ဂျီများပျော်ပါးရာ နေရာဖြစ်ပါတယ်။ စတုလောကပါလဒေဝမင်းကြီး ရဋ္ဌါရဲ့ အပိုင်နယ်ပါ ကိုရဲသွင်။ ကိုရဲသွင် ယခု မျက်နှာမူရာ တောင်ဘက် ယွန်းယွန်းကို ဆက်သွားမယ်ဆိုရင် လမုတောရဲ့ တောင်ဘက်အစွန်းမှာ ဂန္ဓဗ္ဘနွယ်ဝင် ဇော်ဂျီဒေဝါတွေနေတဲ့ ဖော်ရက္ကဆာရွာကို ရောက်ပါလိမ့်မယ်။ ကိုရဲသွင် ယခု မျက်နှာမူရာ တောင်ဘက် ယွန်းယွန်းကို ဆက်သွားမယ်ဆိုရင် လမုတောရဲ့ တောင်ဘက်အစွန်းမှာ ဂန္ဓဗ္ဘနွယ်ဝင် ဇော်ဂျီဒေဝါတွေနေတဲ့ ဖော်ရက္ကဆာရွာကို ရောက်ပါလိမ့်မယ်။
“ကောင်းပြီ ငါအဲ့ဒီကို အကူအညီ တစ်ချက် သွားတောင်းကြည့်ရမယ်။ လမ်းညွှန်မြေပုံ ပြပေး”
“ကောင်းပြီ ရဲသွင်”
ရဲသွင်၏ ညာဘက် နားကင်းတစ်ဖက်မှ အပြာ‌ေရာင်ဖန်ပြားလေး တစ်ခု ထိုးထွက်လာပြီး မိမိ၏ တည်နေရာနှင့် ဂရော်ဇီယာကျွန်း၏ မြေပုံ ထွက်ပေါ်လာသည်။ ထိုနည်းလည်းကောင်းပင် ရဲသွင်၏ လက်ကြပ်ရှိ ဖန်သားပြင်မှလည်း မြေပုံထွက်ပေါ်လာလေသည်။

နတ်ဘုံသာလောWhere stories live. Discover now