P-5 တောင်ခါးပန်း စစ်စခန်း

13 0 0
                                    

“မှန်လှပါ ဘုရား။ အယ်ဝိန်းကိုယ်တော်ကြီးနှင့် အရှင့် ယဉ်မောင်းမာတလိတို့ အခစားဝင်ရောက်လာကြောင်းပါ ဘုရား”
ဤအသံကား ဝရာစစ္စနာတောင်ခါးပန်းရှိ မင်းကွန်း အတွင်းမှ စိနဲရုတောင်ပြည့်ရှင် သမ္မတမင်းကြီး သိကရားဆီသို့ မင်းချင်းတစ်ယောက်မှ ခွင့်တော်ပန်သံ ဖြစ်ပေသည်။ မင်းကြီးကား ထိုမင်းချင်းအား မကြည့်။ မင်းကွန်းကြီး၏ မှန်မျက်နှာပြင် ဘက်သို့သာ မျက်နှာမူ၍ ပြန်ဖြေသည်။
“ဝင်စေ”
“မှန်လှပါ ဘုရား”
မင်းကွန်းအတွင်းသို့ သားတော် အယ်ဝိန်းနှင့် မာတလိတို့က ထိုင်ခုံအသီးသီးတွင် နေရာယူကြလေသည်။ သို့သော် စားပွဲ ခုံတန်းရှည်ကြီး၏ အခြားတစ်ဖက်ရှိ မင်းကြီး၏ ဆိုဖာကုလားထိုင်ကြီးကား မိမိတို့ ရှိရာသို့ လှည့်မလာ။
“သားတော်”
“ဘုရား”
“ပြည်ကြီး အခြေအနေအား တင်ပြစေ”
“မှန်လှပါ ဘုရား။ ပြည်တော်အတွင်း၌ အေးချမ်းသာယာလျက်ရှိကြောင်းပါ ဘုရား။ စစ်သည်၊ လက်နက်၊ ရိက္ခာအပြည့်ဖြင့်လည်း ပြည်စောင့်တပ်တော်ကို ဖြည့်တင်းထားကြောင်းပါ ဘုရား။ ဖခမည်းတော် အလိုရှိတော်မူရင်  စစ်သည်၊ လက်နက်၊ ရိက္ခာများကိုလွယ်လင့်တကူ အရှင့်စိတ်တိုင်းကျ ထောက်ပံ့ရန် အသင့်ရှိကြောင်းပါ ဘုရား။ ယခုလက်ရှိ စစ်အခြေအနေများကြောင့် နေ‌ဗိမာန်နှင့် လဗိမာန်တို့ဟာ ဝတိနာပြည်နှင့်တကွ စိနဲရုတောင်တော်ကိုတော့ ဖြတ်သန်းသွားခြင်း မပြုတော့ပါဘူး ဘုရား။ ဝတိနာပြည်ကြီးရဲ့ cyberလုံခြုံရေးကိုလည်း အထူးတင်းကြပ် ဆောင်ရွက်ထားကြောင်းပါ ဘုရား။ နောက်ပြီး အာသာဝတီအသီး သီးချိန်ကိုလည်း ရောက်ရှိလာပါတော့မယ် ဘုရား”
“အင်း AIစနစ်ကိုတော့ အထူးဂရုပြုပါ သားတော်”
“မှန်လှပါ ဘုရား”
“မကြာမီ ဒီအသုရာတွေနဲ့ Ragnarokဖြစ်လာနိုင်တယ်။ သားတော် အနေနဲ့ ဒေဝါစစ်သည်တွေ စူးစမ်း စုဆောင်းဖို့ အသင့် ရှိနေစေချင်ပါတယ်။”
“မှန်လှပါ ဘုရား။ သားတော် ဆောင်ရွက်လိုက်ပါ့မယ် ဘုရား”
“စိတ္တလတာ ဥ‌ယျာဉ်ကိုလည်း အထူးစီမံ အစောင့်ချ ကြပ်မက်စေလိုတယ်။ အာသာဝတီအသီးနဲ့ ပတ်သက်ပြီး သတင်းမပေါက်ကြားစေလိုဘူး သားတော်”
“မှန်ပါ့ ဘုရား”
“ဒေဝမိတ်နဲ့ ပတ်သက်ပြီး သားတော် ဘာတွေမြန်း သတင်းထူးသေးလဲ”
“အင်း...အဲ...အဲ့ဒါက”
ဝတိနာပြည်၏ ဒေဝဝင်မှုကြီးကြပ်ရေးဌာနမှ ‌ရဲသွင်၏ သတင်းအချက်အလက်အပြည့်အစုံကို အကြောင်းကြားထားသော်လည်း ဝတိနာပြည်ရှိ အသုရာ informer(spy)တို့က ကြားဖြတ် ယူထားသောကြောင့် အယ်ဝိန်း ဘာသတင်းမျှ မသိခဲ့ရပေ။
“သားတော်”
“အခုထက်ထိ ဘာသတင်း အစအနကိုမှ မရရှိသေးကြောင်းပါ ဘုရား”
“ဟမ်! မဖြစ်နိုင်တာ။ ဒီအချိန်လောက်ဆို သတင်းကြားဖို့ သင့်နေပြီလေ သားတော်ရယ့်.....မဟုတ်သေးပါဘူး.....တစ်ခုခုတော့ လွဲနေပါပြီ”
သိကရားမင်းကြီးလည်း တစ်ခုခုတော့ လွဲနေပြီဟု ရိပ်စားမိလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် မကြာမီကမှ ရဲသွင်၏ နတ်ရွားလားသတင်းကို ‌သေဆုံးမှု အချင်းအရာကို ဆောင်ရွက်ရသော ယမ္မာနတ်ဆီကနေ ကြားခဲ့ရပြီးလေပြီ။ ယခုချိန်လောက်ဆိုရင်တော့ ဒေဝမိတ်သည် ယနာမိတပြည်၌ ဖြစ်တည်ဖို့ ကောင်းလောက်လေပြီ။
“မာတလိ”
“ဘုရား”
“မင်းကော ဘာမှ မကြားဘူလား”
“မကြားသိမိကြောင်းပါ ဘုရား”
သိကရားမင်းလည်း သူ၏ ထိုင်ခုံအား အရှေ့သို့ လှည့်လိုက်လေသည်။ ငွေ‌အိုရောင် အသားရေဖြင့် ဝင်းဝင်းတောက်နေသည်။ စိမ်းဖန့်ဖန့် မျက်ဝန်းတို့ကလည်း မြသွေးရောင် အမေဇုံတောအုပ်ကြီးကဲ့သို့ ဖြာလဲ ကြည်သွေးနေသည်။ အလွန်နက်နဲလှသည့် စိတ်၏ ပြတင်းပေါက်များပေတည်း။ ကိုယ်တွင်လည်း ရွှေ‌အိုရောင် cyberpunk ချပ်ဝတ်တို့က လွင့်မြောနေသည်။ သူ၏ ကျောအနောက်တွင်လည်း မိုးကြိုးသွားတို့သည် အဝန်းအဝိုင်းပြုနေသည်။ မြင့်မြတ်လှသော ထီးဆောင်းမင်းတို့၏ သရဖူတော်သည် သူ၏ ငွေမှင်ရောင် ဆံကေသာအရှည်တို့ပေါ်တွင် လွင့်မျောနေသည်။ ဤကဲ့သို့ အသရေတော်နှင့် ပြည့်စုံ၍ ကြံ့ခိုင်သန်မာသော ၁၈နှစ်အရွယ် လူရွယ်သည် ဒေဝါသမ္မတမင်းကြီး သိကရားပင်။
“မင်းတို့ ဒေဝမိတ်နဲ့ ပတ်သက်ပြီး အသေအချာ အလေးအနက် ရှာဖွေစုံစမ်း ဆောင်ရွက်ကြလော့”
“မှန်ပါ ဘုရား”

You've reached the end of published parts.

⏰ Last updated: Apr 23, 2023 ⏰

Add this story to your Library to get notified about new parts!

နတ်ဘုံသာလောWhere stories live. Discover now