P-2 ကားနီနီ

22 1 0
                                    

ခန့်သွင်လည်း မိမိ အချိန်ပြီးခဲ့ပြီမို့ နားနေခန်းသို့ ဝင်လိုက်လေသည်။ နားနေခန်းအဝင်တွင်ပင် ဒေါ်မို့မို့သက်နှင့် ဒေါ်မြတ်စပါယ်တို့ ရယ်ရယ် မောမော စကားပြောနေကြသည်ကို မြင်လိုက်ရတော့သည်။
"အုံးမလေး ညီမမို့မို့ရယ်၊ သူသူမိုးက ကျောင်းဆင်း‌‌ေတာ့ 'ဆရာမတဲ့ သမီးကို ရှင်းသန့်မှူးက စာပေးလို့'ဆိုပြီး ကျွန်မ လက်ထဲ ထည့်သွားကော"
"အင်း"
"အဲ့‌ေကာင် ရှင်းသန့်က ဘာရေးထားတယ်ထင်လဲ?"
"ဘာတဲ့လဲ မမ မြတ်ရယ့်"
"အင်း၊ ဘာတဲ့? $ကောင် က 'ကိုက လူဝလို့ အချစ်ကြီးတာပါ'ဆိုပဲရှင့်၊ ဟားဟားဟား"
"အုံးမလေးတော် ဟားဟား"
"ဟားဟားဟား"
ဘေးနားမှ သူ့အလုပ်နှင့် သူရှိနေကြသော ရဲသွင်အပါအဝင် ဆရာ/မတစ်သိုက်လည်း အူနှိပ်ကာ ရယ်ပွဲဆင်ရတော့သည်။

အချိန်ကား ၂:၄၅ရှိလေပြီ ရဲသွင်လည်း ကျောင်းဆင်းချိန်နီးပြီမို့ ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်နေရ‌ေလသည်။ ဆရာမကြီးစိုးက ယနေ့ အစည်းအဝေး ခေါ်ထားပြန်လေသည်။။ ထို့‌ေကြာင့် ၃နာရီကျော်ကျော်တွင် ကျောင်းခပ်စောစောဆင်းပေးမည်မှာ ဧကန်ဓမ္မတာပင်ယနေ့ မိမိ tuitionတာဝန်ကျရောက်သည်ကတော့ G-11ဝိုင်းဖြစ်တော့သည်င။ ထို့ကြောင့် G-11(A)ဘက်သို့ သွားပြီး tuitionသမားများအား ခေါ်ကား သူ tuitionချိန် အနည်းငယ်နောက်ကျမည် ဖြစ်ကြောင်း ပြောပြထားရလေသည်။ tuition သမားများ စုံညီသလို တွေ့ရသော်လည်း တစ်ယောက်ပျောက်နေသည်။ သွန်းဆက်အောင် တစ်ယောက်တော့ ‌မတွေ့။ ဒီကောင် ဘယ်ရောက်သွားသည်လည်း မသိ။
"သမီး၊ သွန်းဆက်ကော"
tuitionအိမ်ရှင် ဆုရတနာကိုမေးလိုက်မိသည်။
"သမီးလည်း မသိဘူးဆရာ။ သူ toiletဝင်‌ေနတာ ဖြစ်မယ် ဆရာ"
"အေးအေး သမီး၊ သူ့ကိုလည်း သေချာပြောလိုက်အုံးနော်"
"ဟုတ် ဆရာ"
"အေးအေး"
ရဲသွင်တစ်ယောက်လည်း G-11မှ အထွက် မကြီးစိုး၏ ရုံးခန်းတွင်းသို့ အဝင်တွင် ကျောင်းဆင်း electric bellက မြည်လေပြီ
ကလင် ကလင် ကလင်...

အချိန်ကား ၄နာရီတိုင် ထိုးခဲ့ပြီ။ ရဲသွင်၏ ကားကလေးကား ဆုရတနာတို့ ခြံဝန်းထဲ ဝင်လာခဲ့သည်။ ခြံစည်းရိုး တစ်ဝန်းလုံတွင် အောင်မဲညို၊ အောင်မဲဖြူ နွယ်ပင်တို့က ယှက်နွယ်ရစ်ခွေကာ အုတ်တိုင် တံတိုင်းတစ်လျှောက်တွင် ထူထဲစွာ ပေါက်ရောက်နေကြလေသည်။ အောင်မဲညိုနှင် အောင်မဲဖြူပွင့် ဖြူဖြူ၊ ပြာပြာတို့ကလည်း လေနှင်ရာယိမ်း ယီးလေးခိုနေကြသည်။ ကား parkingထိုး၍ အိမ်တံခါးရှေ့တွင် ရပ်လိုက်ပြီး လူခေါ် bellလုတ်ကို တစ်ချက်နှိပ်လိုက်သည်ာ အတွင်းမှ စကားပြောသံများ ငြိမ်ကျသွားပြီး ဆုရတနာမှ တံခါးလာဖွင့်တော့သည်။
"မင်္ဂလာပါ ဆရာ"
ကျောင်းသား/သူများ အားလုံးက တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြသည်။
"အေးကွ"
ရဲသွင်လည်း အိမ်ဦးခန်းတွင် မိမိအတ‌ွက် စီမံပေးထားသော နေရာထိုင်ခင်းတွင် နေရာယူလိုက်တော့သည်။
"ဘယ်သူ ကျန်သေးလဲ"
"သွန်းဆက်အောင် ကျန်သေးပါတယ် ဆရာ"
အားလုံးက တစ်ပြိုင်နက်တည်း။
"အယ် ဒီကောင်လေး ထူးထူးခြားခြား နောက်ကျနေပါလားဟ"
"ဟုတ်တယ် ဆရာ၊ ဒီနေ့ သူ သိပ် နေမကောင်းဘူး ထင်တယ်"
မျိုးနောင်သက်က ပြောသည်။
"ဒါပေမဲ့ သူလာလောက်တယ်မလား"
"ဟုတ်၊ သမီးကိုတော့ သူ သေချာပေါက် လာခဲ့မယ်လို့ ပြောပါတယ် ဆရာ"
ဆုရတနာမှ အကြောင်းပြန်သည်။
"အင်းအင်း"
ဤသို့ဖြင့် စာကိစ္စများ ဟူသည် လူမစုံဘဲ သင်လျှင်လည်း နောက်ကျသည့် ကျောင်းသားအတွက် နစ်နာနိုင်သည်ကြောင့် ရဲသွင်လည်း သွန်းဆက်ကိုစောင့်ရင်းဖြင့် ထွေရာလေးပါး လေကစ်ခန်းဝင်ရပြန်သည်။

နတ်ဘုံသာလောWhere stories live. Discover now