လေနုအေးများက ရဲသွင်၏ ပါးပြင်ဝယ် ခပ်သုန်သုန်လွင့်နေသည်။ ကြာတော့ ရဲသွင်၏ ပါးဝန်းများကား ခပ်ရဲရဲပင်ဖြစ်လာသည်။ ထိုအချိန်ဖြင့် ရဲသွင်တစ်ယောက် သတိတစ်ချက်ရလာမိသည်။ ရဲသွင်သည် မိမိ၏ မျက်ဝန်းအစုံအား ခပ်ဖွဖွဖွင့်မိတော့ မီးအလင်းရောင်ခပ်စူးစူးကို ခံစားမိသည်။ မျက်ဝန်းတို့က မခံနိုင်သဖြင့် အလိုအလျာက်ပိတ်သွားရသည်။ ရဲသွင်၏ နားအစုံ၌လည်း တဝီဝီ တဝဲဝဲ အသံများကိုကြားရသည်။ သတိပေး ဥဩသံကြီးပါးတကား။
"ဧကန်တော့ ငါဆေးရုံရောက်နေတာ ဒါမှမဟုတ် အခင်းဖြစ်ပွားတဲ့ နေရာမှာပဲ ရှိနေသေးတာနေမယ်"
ရဲသွင် စိတ်တွင်းက ပြောနေမိသည်။
"ဒါနဲ့ ငါ နာလည်း မနာ၊ ဘယ်လိုမှလည်း မနေ၊ ပေါ့ပါးနေပါလား။ အင်း ငါတော့ စေတနာကောင်းလို့ ကံကောင်းခဲ့ပြီ ထင်ပါ့"
ဒီတစ်ခါေတာ့ ပထမအကြောင်းကို စိတ်တွင်းက ပြောမိပေမဲ့ ရဲသွင် ပါးစပ်က ဒုတိယအကြောင်းကိုတော့ လွှတ်ခနဲ ထွက်သွားမိသည်။ ရဲသွင်းတစ်ယာက် အားများတက်သွားပြီး
"ဆရာမ ကျွန်တော် မစိုးရိမ်ရဘူးမလားဟင်"
မျက်စိအစုံဖွင့်ကာ ထိုင်လျက်ဖြင့် မိမိ၏ ယာဉ်နံဘေး၌ ဒေဝတာဝင်မှူကြီးကြပ်ရေးဌာနမှ ဒေဝတာဦးရေ စာရင်းစစ်နေသော နတ်မိမယ်လေးအား လွှတ်ခနဲ မေးလိုက်မိသည်။ ရဲသွင် ကြောင်အမ်းသွားရသည် သူ့ရှေ့တွင် ရှိနေသည်က ကိုရီးယားမလေးလို ထိုင်းမလေးလို ချောမောလှသည့် ခေတ်ဆန်ဆန်ကောင်မလေး တစ်ယောက်ပင်။ ဝတ်ဆင်ထားသည်က သိပ္ပံကားများထဲက ကဲ့သို့ စက်ယန္တရားများနဲ့ ခေတ်ဆန်ဆန်ဝတ်စုံေလး။ ရွှေအိုတလက်လက်နဲ့ ဆံကေသာတို့က လေထု၌ ဝဲဖြာနေသည်။ ခေတ်ဆန်သူကလေး၏ ဘယ်လက်တွင်လည်း ကျောက်သင်ပုန်းနှင့် တူသည့် ဖန်ပြားလေးတစ်ပြား။ အနားသက်များတွင်ကား ရွှေပြားလေးတွေနဲ့ ဘောင်ခပ်ထားသည်။ ညာလက်ချောင်းလေးကြား၌မူ ခရမ်းရောင် ဖန်ချောင်းလေး တစ်ချောင်းကို ညှပ်ထားသည်။ "ဘုရား ဘုရား ဒီလောက်လှတဲ့ မိန်းမ ရှိတယ်တဲ့လား"ဟုပင် စိတ်တွင်းက ရေရွတ်မိသည်။ ရဲသွင်လို ပုံမှန်မဟုတ်သူတောင် ဤလောက် သည်အလှမှာ အံ့လောက်လေလျှင် သာမန် straightများသာဆိုလျှင် ရူးမလားတောင်မသိ။ ထိုနတ်မိမယ်လေးက သူပြောစကားကို ကြားကြားချင်း အထိတ်တလန့် ဖြစ်သွားမိသော်လည်း တစ်ခဏချင်းတွင်ပင် သူမ၏ လက်ကလေးနဲ့ ပတ္တမြားရောင် နှင်းဆီဖူးနှုတ်ခမ်းတစ်စုံကို ကာကာ တခိခိ ရယ်နေလေသည်။
"အဲ ဗျာ ဟီးဟီး"
ရဲသွင် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရကာ ခေါင်းကုတ်၍ အရှက်ပြေ သွားဖြီးနေမိသည်။
YOU ARE READING
နတ်ဘုံသာလော
Adventureဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးကွန့်မြူးခြင်း သက်သက်သာဖြစ်၍ မည်သည့် လူ့အဖွဲ့အစည်း၊ နိုင်ငံရေး၊ ဘာသာရေးနှင့်မျှ ပတ်သက်မှု လုံးဝ(လုံးဝ)ကင်းရှင်းပါသည်။ တိုက်ဆိုင်မှုများ ရှိခဲ့ပါလျှင်လည်း တိုက်ဆိုင်မှုသက်သက်ဖြစ်ပါသည်။ "ဟမ် ဒါ ဒါက ဘယ်နေရာလဲ။ ငါ ဆုံးသွားတာ...